Chapter (11)

6.1K 910 193
                                    

Note! I really enjoy your comments about this fiction and don't forget votes and comments of your guys are the reason to be continued my story

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Note! I really enjoy your comments about this fiction and don't forget votes and comments of your guys are the reason to be continued my story.

Thanks for every amazing moment on wattpad

..............................................


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



အရာအားလုံးဟာ ရှုပ်ထွေးပွေလီတဲ့သဘောသဘာဝရှိတယ်။ ခေါင်းပေါ်ကဆံပင်တွေလည်း ပင်လယ်ထဲက ရေမှော်ဖက်တွေလို စုတ်ဖွားရှုပ်ပွတတ်တယ်။ အိပ်ယာနိုးတာနဲ့ ဦးဆုံးမြင်ရတဲ့ အိပ်ယာလည်း ရှုပ်ပွတွန့်ကြေလေ့ရှိတယ်။ စကားလုံးတွေဆိုလည်း ဆိုလိုချင်တာကတခြား၊ သဘောပေါက်နားလည်သွားတာကတခြားနဲ့ ပတ်ရှုပ်နေတတ်တယ်။ စိတ်ခံစားချက်တွေကိုတော့ 'ရှုပ်ထွေးပွေလီတယ်' ဆိုတဲ့ဝေါဟာရက အဖေပြန်ခေါ်ရလိမ့်မယ်။

ကားရုပ်ရှင်ရုံရဲ့ ကားပတ်လမ်းခြံဝန်းတစ်ခုလုံးဟာ သဲခင်းလမ်းဖြစ်ပြီး ကားဘီးတစ်ချက်လှိမ့်သွားတိုင်း သဲတွေဖွာခနဲထလာသည်။ ကျွန်တော်တို့ရောက်သွားတော့ ကားတွေမှမဟုတ်ဘဲ ဘီးကြီးနှစ်လုံးကြားလူတွေမြုပ်နေသည့် ဆိုင်ကယ်တွေပါ နေရာယူထားကြသည်။ ထိုဆိုင်ကယ်အုပ်စုထဲကမိန်းကလေးတစ်ယောက်က ဆိုင်ကယ်ဦးထုပ်ကိုရုပ်ရှင်ထဲကမင်းသမီးတွေလို အမိုက်စားချွတ်လိုက်ပြီး ဆံပင်တွေခါလိုက်သည်။ အနားတစ်ဝိုက်ကားတွေဆီက လေချွန်သံတွေနဲ့ဆူညံသွားသည်။ ပတ်ဝန်းကျင်မှာလည်းသူ့ဘာသူ ရှုပ်ထွေးဆူညံနေပြီး ကျွန်တော်နဲ့ Merv လည်း ဘာကစပြောရမယ်မှန်းမသိဖြစ်ကာ အတွင်းမှာရှုပ်ယှက်ခတ်နေပြီး အပြင်မှာငြိမ်သက်နေကြသည်။ ရုပ်ရှင်ကတော့မစသေးပါ။

Dear, RelationshipWhere stories live. Discover now