Chapter 209

1.5K 186 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(18)

Chapter-209

“ရှင်တို့အားလုံး… ရှင်တို့အားလုံးပဲ… အင်ပါရီယာမိသားစုက ရှင်တို့အားလုံးအပေါ် အမြဲတမ်းကောင်းမွန်ပေးခဲ့တယ်လေ… အခုရှင်တို့က ကျွန်မတို့ကို ဒီလိုပြန်ပေးလိုက်တာလား…..”

နန်ဖိန်လျှိုချင်က ထိုကျေးဇူးမသိတတ်သောဝံပုလွေအိုကြီးများကြောင့် သူမခန္ဓာကိုယ် တဆတ်ဆတ်တုန်ခါနေခဲ့သည်။ အင်ပါရီယာမိသားစု၏ ငြိမ်းချမ်းစဉ်ကာလတွင် အပင်ပန်းခံကြိုးစားအားထုတ်ခဲ့ရမှုများမှာ ဤကဲ့သို့အကျိုးအမြတ်များ၏ ဆွဲဆောင်မှုအောက်တွင် အမှန်တကယ်ပင် တားဆီးခုခံနိုင်ခြင်းမရှိခဲ့ပေ။

“ဒေဝီထိပ်ထားမင်းသမီး… သူတို့က မဟာမိတ်အဖွဲ့ကို အတူပူးပေါင်းဝင်ရောက်လာတာကလည်း ချင်နိုင်ငံရဲ့အင်အားကို တိုးတက်စေလာမှာပဲမဟုတ်လား… မင်းသမီးက ဘာလို့ဒီလိုပုံစံဖြစ်နေရတာလဲ…..” ဝမ်ဒွန်ဟိုင်က သူတော်ကောင်းယောင်ဟန်ဆောင်၍ ပြောဆိုလိုက်၏။

“ဟမ့်… ဟန်ဆောင်မနေစမ်းပါနဲ့ ဝမ်ဒွန်ဟိုင်… အင်ပါရီယာအစ်ကိုတော်က ပြင်ဆင်မှုတွေကို အစောကြီးကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီးပြီဖြစ်လို့ ရှင့်ရဲ့ကောက်ကျစ်တဲ့ အကြံအစည်ကို အောင်မြင်အောင်ခွင့်ပြုမှာမဟုတ်ဘူး… စူးယူလင်… ဒီအချိန်ထိရှင်က နောက်ကွယ်ကနေပုန်းအောင်းပြီး ပွဲကြည့်ပရိသတ်လုပ်နေသေးတယ်ပေါ့… အခုရှင်ကအရှေ့ကိုထွက်လာသင့်ပြီလို့ မထင်ဘူးလား…..” နန်ဖိန်လျှိုချင်က စူးယူလင်ကို အေးစက်စွာ ကြည့်လိုက်သည်။

သို့သော် စူးယူလင်က ယခုအချိန်တွင် စိတ်မပါသောအမူအရာဖြင့် သူ၏မျက်လုံးများကို မှိတ်၍အနားယူနေခဲ့ကာ နန်ဖိန်လျှိုချင်၏စကားကိုစိတ်ဝင်စားဟန် မပြခဲ့ပေ။

ဝမ်ဒွန်ဟိုင်က ဧည့်သည်တော်များဘက်သို့ မျက်နှာမူ၍ ပြောဆိုခဲ့၏။ “လူတိုင်းက မဟာမိတ်အဖွဲ့ကို ဝင်ရောက်ကြဖို့ သဘောတူတယ်ဆိုရင် အခုအချိန်ကစပြီး ကျွန်တော်တို့ မဟာမိတ်အဖွဲ့က ကြီးမြတ်သောချင်နိုင်ငံတော်ကြီးရဲ့ လက်ရုံးတစ်ဖက်ဖြစ်စေရမဲ့ အချိန်ကျရောက်လာပါပြီ…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now