Chapter 212

1.5K 173 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၈ )

Chapter-212

“မောက်မာလွန်းတာက တကယ်ကိုပဲ မကြောက်မရွံ့ ဖြစ်စေတာပဲကိုး… ငါကမှော်ဆေးပညာရှင်တစ်ယောက်ဖြစ်နေလို့ ငါ့ရဲ့တိုက်ခိုက်မှုစွမ်းရည်က နိမ့်ကျနေတယ်လို့ မင်းကထင်နေတာတော့ မဟုတ်ပါဘူးနော်…..” ယန်ဟွာက မျက်နှာကြောတင်းတင်းဖြင့် ပြောလိုက်သည်။

ယီယွမ်၏နှုတ်ခမ်းများတွန့်ကွေးသွားခဲ့ပြီး ပြောဆိုခဲ့၏။ “ငါပြောပြီးပြီလေ… မင်းကတကယ် စိတ်အနှောင့်အယှက်ပေးနေတာပဲလို့… အတွင်းစည်းတပည့်တစ်ယောက်ရဲ့ သိုင်းပညာတွေက နှုတ်ခမ်းတွေပေါ်မှာပဲ မူတည်နေတာလား…..”

“ယီယွမ်… မင်းကသေချင်နေတာပဲ…..”

ယန်ဟွာက ယီယွမ်၏ ရန်စမှုများကို သည်းခံနေရသည်မှာ အကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်ပြီး ဆက်လက်မျိုသိပ်ထားနိုင်စွမ်းမရှိကြတော့ပေ။ သူကစတင်တိုက်ခိုက်လိုက်ပေတော့သည်။

“ကြီးမြတ်သောအရွက်တစ်ထောင်လက်ဝါး…..” ယန်ဟွာက အသံတိုးတိုးလေးဖြင့် အော်ဟစ်လိုက်သည်။ လက်ဝါးရိပ်တစ်ခုက ပုံရိပ်ယောင်လက်ဝါးမရေမတွက်နိုင်အောင် ထုတ်ဖော်လိုက်ပြီး ယီယွမ်ဆီသို့ ချေမွပစ်ရန် ဝင်ရောက်လာခဲ့၏။

ယန်ဟွာက ပထမဆုံး တိုက်ခိုက်လိုက်ပေရာ လူတိုင်း၏ရင်ထဲ၌ တိတ်တဆိတ် တုန်လှုပ်နေခဲ့ကြသည်။

“ငြိမ်သက်တိမ်တိုက်အဖွဲ့က အတွင်းစည်းတပည့်ရဲ့ ခွန်အားက တကယ်ကို နားလည်သဘောပေါက်ဖို့ ခက်ခဲတာပဲ… ဒီကြီးမြတ်သော အရွက်တစ်ထောင်လက်ဝါးက အဆင့်(2)ပို၍အဆင့်မြင့်သောအဆင့် သိုင်းပညာရပ်တစ်ခုပဲ… အဲဒီပညာရပ်ကို ဒီလောက်အဆင့်အထိ သူကကျင့်ကြံနိုင်ခဲ့ပြီ…..”

“ဒီတိုက်ခိုက်မှုကို စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တွေဖြစ်တဲ့ ငါတို့ထဲက တစ်ယောက်မှ ခုခံနိုင်မှာမဟုတ်ဘူးဆိုတာကို ငါစိုးရိမ်မိတယ်… ဒီတိုက်ခိုက်မှုကို အသက်နှစ်ဆယ်တောင် မပြည့်သေးတဲ့ လူငယ်လေးတစ်ယောက်ဆီက ထွက်လာတာကို အခုထိ ငါမယုံကြည်နိုင်သေးဘူး…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now