Chapter 214

1.6K 184 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၈ )

Chapter-214

လူတိုင်းက မှင်တက်အံ့ဩသွားခဲ့ကြသည်။

အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်နှင့် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်၏ တိုက်ပွဲက အမှန်တကယ်ပင် နှစ်ဦးနှစ်ဖက်စလုံး ဒဏ်ရာရရှုံးနိမ့်သွားခဲ့ကြပေ၏။

“ဘယ်လိုတောင်ဖြစ်သွားတာလဲ… ယီယွမ်က ဘယ်လိုလုပ်ပြီး အဲဒီလောက် သန်မာနေရတာလဲ… စူးယူဘိုင်က စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်ရောက်နေတာ တော်တော်ကြာပြီ… သူကတကယ်ပဲ လက်မောင်းတစ်ဖက် ပြတ်သွားခဲ့တာလား…..”

“ဟုတ်တယ်… အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ဂျူနီယာလေးတစ်ယောက်က စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် တစ်ပိုင်းအဆင့်ကို သိုင်းကွက်အနည်းငယ်အတွင်း အမှန်တကယ် အသာစီးရယူသွားခဲ့တာလား… ဟာသတစ်ခုများ ဖြစ်နေတာလားဟ…..”

“ဒီတစ်ယောက်က တကယ်ပဲ အမှိုက်ကောင်ယီယွမ်လား… မကြာသေးခင်အချိန်ကတောင် သူက နာမည်ကြီးတာ ရွေးစိတစ်စိလောက်တောင် မရှိသေးဘဲနဲ့(ရေသည်ပြဇာတ်ထဲကလို ငွေကြေးတစ်မျိုးပေါ့) အခု ငါတို့လို ပိုပြီးအသက်ကြီးတဲ့  မျိုးဆက်တစ်ခုနဲ့ တစ်တန်းတည်း ရပ်တည်နေနိုင်ခဲ့ပြီလား…..”

လူတိုင်းက ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြောစရာစကားမရှိတော့သလို ဖြစ်သွားခဲ့သည်။ ယီယွမ်၏အသက်အရွယ်ဖြင့် ဆိုပါက သူတို့၏ သားများ၊ တူများနှင့် မျိုးဆက်တစ်ခုတည်း ဖြစ်ပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် ယီယွမ်က သူတို့၏သားများ၊တူများနှင့် လုံးဝခြားနားသော အဆင့်တစ်ခုတွင် ရှိနေပြီဖြစ်ကြောင်း သူတို့လက်ခံရပေလိမ့်မည်။ ယီယွမ်က သူတို့ကို ခြိမ်းခြောက်နိုင်သော ခွန်အားရှိနေပြီဖြစ်ပြီး စီနီယာမျိုးဆက်မှထူးချွန်သူများဖြစ်ကြသော သူတို့ထဲမှ အချို့ကိုပင် သတ်ဖြတ်နိုင်ကြပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now