Chapter 216

1.6K 171 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၈ )

Chapter-216

ဟုရန်ယွမ်က ကာကွယ်ပေးနေသည့်အတွက် ယီယွမ်က စိတ်အေးလက်အေးဖြင့် ဆေးစွမ်းအင်များကို သူ၏စွမ်းအားပြည့်ဖြိုးလာသည်အထိ လှည့်ပတ်နေခဲ့သည်။

စူးယူဘိုင်နှင့် ဟုရန်ယွမ်တို့က စကားစစ်ထိုးနေကြသည့်အပေါ်တွင် သူကစိတ်ဝင်စားခြင်းမရှိပေ။

သိုင်းပညာရှင်လောကတွင် စကားပြောဆိုခြင်းဖြင့် ကိစ္စများကို စီမံလေ့မရှိကြပေ။ ခွန်းအားအပေါ်တွင်သာ မူတည်လေ့ရှိကြ၏။

လက်ရှိအချိန်၌ ဟုရန်ယွမ်က စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်သို့ ချိုးဖျက်တက်ရောက်သွားခဲ့ပြီဖြစ်သည်။ စူးယူဘိုင်၏ ပါးစပ်ကမည်မျှပင် ပြောဆိုနေစေကာမူ ထိုအရာက အသုံးမဝင်ပေ။

အဆင့်မြင့်အဖွဲ့၌ပင် စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်များက ကြုံသလို ကြိုးဆွဲခြင်းခံရသော နယ်ရုပ်ကလေးများ မဟုတ်ကြပေ။ အကယ်၍ စူးမိသားစုက အဖွဲ့ကို တိုင်ကြားခဲ့လျှင်ပင် စူးမိသားစု၏ စကားတစ်ခွန်းကြောင့် အဖွဲ့က ဟုရန်ယွမ်ကို အပြစ်ပေးရန် လုံးဝမဖြစ်နိုင်ပေ။

ငြိမ်သက်တိမ်တိုက်အဖွဲ့၌ စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်များက အများအပြား ရှိနေသည်မဟုတ်ပေ။ သို့သော် ထိုသူတို့က အဖွဲ့၏ အမာခံအင်အားများ ဖြစ်ကြ၏။

စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်များကို သာမန်ကာလျှံကာ ဆက်ဆံလိုက်ခြင်းက အဖွဲ့နှင့်ထိုသူများအကြားတွင် မလိုလားအပ်သော အငြင်းပွားမှုများဖြစ်ပေါ်လာနိုင်ပေသည်။

အလွန့်အလွန် ကြမ်းတမ်းရက်စက်သော ပြစ်မှုကြီးများကို ပြုလုပ်ခဲ့ခြင်းမရှိပါက ငြိမ်သက်တိမ်တိုက်အဖွဲ့မှာ ထိုသို့သောအမှားမျိုးကို ပြုလုပ်ရန်မဖြစ်နိုင်ပေ။

ထို့ပြင် ဟုရန်ယွမ်၏အသက်အရွယ်က ဝမ်ဒွန်ဟိုင်နှင့် ယီဟန်တို့ထက် ပို၍ငယ်ရွယ်နေသေး၏။ ဤအသက်အရွယ်၌ စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ရာ သူ၏အနာဂတ်ကလည်း မှားယွင်းစရာမရှိ မြင့်မားနေပေလိမ့်မည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now