Chapter 218

1.5K 194 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၈ )

Chapter-218

“မှားများနေတာလားဟ… အရှင်မင်းကြီးက ယီယွမ်ကို တကယ်ပဲ ဒီလောက်အထိကြီးမားလှတဲ့ အရိုအသေပေးခဲ့တာပဲ… ယီယွမ်က မွန်းစတားဆန်တဲ့ အဆင့်အတန်း ရှိနေတယ်ဆိုပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူကအဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်သာရှိသေးတာလေ… သူကဘယ်လိုများ လုပ်ပေးနိုင်မှာလဲ…..”

“ငါတို့ရဲ့ ချင်နိူင်ငံမှာ အဆင့်(3)စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်က အခြားသူတွေအနိူင်မယူနိုင်တဲ့ အဆင့်အတန်းတစ်ခုပဲလေ… အရှင်မင်းကြီးကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ခေါ်လာနိုင်အောင် ယီယွမ့်ဆီမှာ ဘယ်လိုဝှက်ဖဲမျိုး ရှိနေမှာလဲ… ပိုပြီး အရေးကြီးတာက အရှင်မင်းကြီး ပြန်ရောက်လာခဲ့ပေမဲ့ စူးယူစင်းကရော ဘယ်ရောက်သွားတာလဲ… သူကအဆင့်(3)စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်လေ… သူကသေဆုံးသွားဖို့ဆိုတာ…..”

“အဆင့်(3)စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်ကို သတ်နိုင်တဲ့သူက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ငါတကယ်မခန့်မှန်းရဲဘူး… တကယ်လို့ ယီယွမ်ရဲ့ဘေးမှာ အဆင့်(4)စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက် ရှိနေတယ်ဆိုရင်တောင် စူးယူစင်းက သူ့ကိုမနိုင်နိုင်မှန်းသိရင် အနည်းဆုံးတော့ ထွက်ပြေးနိုင်မယ် မဟုတ်ဘူးလား… ဒီလိုမှမဟုတ်ဘူးဆိုရင်…..”

ဒီလိုမှမဟုတ်ဘူးဆိုရင်…..

ထိုပုဂ္ဂိုလ်များမှာ ဤအကြောင်းကို ဆက်၍တွေးတောရဲခြင်းမရှိခဲ့ပေ။

အဆင့်(3)စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ပင် ထွက်ပြေးရန်အခွင့်အရေး လုံးဝမရှိခဲ့ပေရာ ထိုသို့သော ပုဂ္ဂိုလ်မျိုးက မည်သည့်အဆင့်အတန်းဖြစ်နေမည်နည်း။

သို့သော် ယီယွမ်၏ဘေး၌ ထိုသို့သော အဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်တစ်ဦးရှိနေသည်ဆိုပါက ယီယွမ်က ဤမျှအထိ ပင်ပင်ပန်းပန်း တိုက်ခိုက်နေစရာပင် မလိုအပ်တော့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now