Chapter 222

1.6K 187 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၈  )

Chapter-222

“ယီယွမ်…..”

“ယွမ်အာ…..”

ယီယွမ်က ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ထူးချွန်သူတစ်ယောက်ကို ရင်ဆိုင်နေခဲ့ချိန်တွင် ယီဟန်နှင့် ကျန်လူအားလုံးက စိတ်အေးလက်အေးနှင့် ထွက်မသွားနိုင်ခဲ့ပေ။

ယောင်ချမ်၏တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းနေခဲ့သည်ကို မြင်ခဲ့ချိန်တွင် လူတိုင်းက အလွန်အံ့ဩသွားခဲ့ကြသည်။

ဤအချိန်တွင် ယီယွမ်ကမြေပြင်ပေါ်၌ သတိလစ်လဲကျနေခဲ့ပြီဖြစ်သည်။ ယီဟန်နှင့်ဟုရန်ယွမ်က ထိုနေရာသို့သွား၍ ယီယွမ်အားကယ်ဆယ်လိုကြသော်လည်း အလွန်နောက်ကျသွားခဲ့ကြပေ၏။

မျက်စိတစ်မှိတ်အချိန်အတွင်း၌ သဘာဝစွမ်းအင်အလုံးက ယီယွမ်ဆီသို့ရောက်လာခဲ့ပြီး ထိုအခိုက်အတန့်၌ ယီယွမ်ကခုခံနိုင်ခြင်းမရှိတော့ပေ။

ယီဟန်က သူ၏သား အသတ်ခံရသည့်မြင်ကွင်းကို မျက်စိထဲ၌ မမြင်ချင်ခဲ့၍
သူ၏မျက်လုံးများကို နာကျင်စွာပိတ်ထားလိုက်သည်။

ထိုအချိန်တွင် ယီယွမ်၏ရှေ့၌ ပုံရိပ်တစ်ခုက တစ္ဆေသူရဲတစ်ကောင်ကဲ့သို့ ပေါ်ပေါက်လာခဲ့ပြီး ရောက်ရှိလာခဲ့ပြီဖြစ်သော သဘာဝစွမ်းအင်အားလုံးကို အသာအယာထိလိုက်ပေသည်။ ထိုသဘာဝစွမ်းအင်အလုံးက မည်သည့်အချိန်ကမှ မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့၏။

လူတိုင်းက မယုံကြည်နိုင်စရာကောင်းလောက်အောင် တုန်လှုပ်သွားခဲ့ကြ၏။ မိုးပြာရောင်ဝတ်စုံနှင့် အသက်နှစ်ဆယ့်ရှစ်နှစ် နှစ်ဆယ့်ကိုးနှစ်အရွယ် လူငယ်လေးတစ်ယောက်က ယောင်ချမ်ကို အေးအေးဆေးဆေး ရင်ဆိုင်ပြီး ယီယွမ်ကို ကယ်ဆယ်သွားခဲ့ပေသည်။

မျှော်လင့်မထားခဲ့သော ဤပြောင်းလဲမှုက လူအများ၏အာရုံစိုက်မှုကို ရရှိသွားခဲ့ကြ၏။

ဒီလူငယ်လေးက ဘယ်သူလဲ…..

ထိုလူငယ်ကို မြင်လိုက်ချိန်တွင် ဟုရန်ယွမ်၏မျက်လုံးများက အံ့အားသင့်သွားသည့်ဟန် ပေါ်ပေါက်လာသော်လည်း ချက်ချင်းပင် အလွန်အမင်းပျော်ရွှင်သွားခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now