Chapter 227

1.6K 192 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ -ဖြိုးသူဝင်း

စာစဉ် ( ၁၉ )

Chapter-5

“ဒီလူငယ်လေးက ဘယ်သူလဲ… အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်တစ်ယောက်က ဘယ်လိုလုပ်ပြီး စီနီယာအစ်ကိုကြီးမိုကို သာမန်ကမ္ဘာငယ်လေးထိ သွားရောက်ခေါ်ဆောင်လာစေနိုင်တာလဲ…..”

“ဟုတ်တယ်… အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်ဆိုတာ အပြင်စည်းတပည့်တစ်ယောက်ကတောင် အလွယ်တကူ အနိုင်ယူနိုင်တယ်… စီနီယာအစ်ကိုကြီးမိုကိုယ်တိုင် သူ့ကို ကမ္ဘာငယ်လေးအထိ သွားခေါ်လာရတယ်ဆိုတော့ မဟုတ်မှလွဲရော အဖွဲ့ရဲ့အကြီးအကဲတွေနဲ့ ဆွေးမျိုးနီးစပ်တော်နေလို့များလား…..”

“ဟီးဟီး… သေချာတာပေါ့… ဒါပေမဲ့ ဒီလိုခွန်အားမျိုးလောက်နဲ့ အဖွဲ့ကို ဝင်ရောက်လာတာက မကြာခင်အချိန်အတွင်းမှာပဲ ကျရှုံးသွားတော့မှာ မဟုတ်လား… သာမန်ကမ္ဘာငယ်လေးတွေက တော်ဝင်မိသားစု ကလေးငယ်တွေဟာ အဖွဲ့အတွင်းက ပြိုင်ဆိုင်မှုပြင်းထန်ပုံကို မသိကြဘဲ မကြာခင်အချိန်အတွင်းမှာ သာမန်ကမ္ဘာငယ်လေးတွေရဲ့ ဂျီးနီးယပ်တွေထက် ပိုပြီးထူးချွန်ကြတဲ့ သူတွေရှိတယ်ဆိုတာ သိသွားကြလိမ့်မယ်…..”

“ဒါပေမဲ့ အဲဒီအမျိုးသမီးနှစ်ယောက်က တကယ်ကို ကောင်းကင်ဘုံက နတ်သမီးလေးတွေအတိုင်းပဲ… တကယ်လို့ အဲဒီအမျိုးသမီးနှစ်ယောက်နဲ့ နီးစပ်ရမယ်ဆိုရင် ငါ့ကိုချက်ချင်းသေပေးရမယ်ဆိုရင်တောင် ငါနောက်မတွန့်ဘဲ သေပေးလိုက်မယ်… ဒါထက် သူတို့တွေက ဆေးလုံးခန်းမကို ဝင်မလား သိုင်းပညာခန်းမကို ဝင်မလားဆိုတာ သိချင်မိတယ်…..”

“ဟုတ်တယ်… တကယ်ကို လှပလွန်းတယ်… စောစောလေးက သူမတို့ကို မြင်တွေ့လိုက်ရချိန်မှာ ငါ့မျက်လုံးတွေကို လွှဲမရခဲ့ဘူး… ဒါပေမဲ့ ဒီလိုလှပလွန်းတဲ့ မိန်းမပျိုလေးတွေက ဘာကိစ္စပဲရှိနေရှိနေ ငါတို့အတွက်ဖြစ်လာမှာမဟုတ်ဘူး… မင်းစိတ်ထဲ တအားမျှော်လင့်မထားတာ ပိုကောင်းလိမ့်မယ်…..”

တာဝန်ကျနေသော တပည့်နှစ်ယောက်က ယီယွမ်၏ကျင့်စဉ်အဆင့်ကို မြင်လိုက်ရချိန်တွင် ပုံမှန်အတိုင်းဖြစ်နေသကဲ့သို့ ပြောဆိုနေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now