Chapter 229

1.5K 192 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(19)

Chapter-7

“ဟားဟားဟား… ကြည့်ရတာ မြေကမ္ဘာအုပ်စုတန်းလျားကို ဝင်ရောက်တာနဲ့ ငါတို့ရဲ့စီနီယာအစ်ကိုစင်းကို အရိုအသေပေးရတယ်ဆိုတာ ဘယ်သူမှပြောမပြလိုက်ဘူးထင်တယ်… အထဲကိုဝင်ချင်တာလား… အထဲကိုဆက်မသွားခင် စီနီယာအစ်ကိုစင်းကို ပထမဆုံး အရိုအသေပေးလိုက်စမ်း…..” တစ်စုံတစ်ယောက်က ဘေးမှနေ၍ ပြောဆိုလိုက်သည်။

ဤစီနီယာအစ်ကိုစင်းဆိုသူမှာ
စင်းယုဟုခေါ်ပြီး မြေကမ္ဘာအုပ်စုတန်းလျား၌ ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး နိုင်ထက်စီးနင်းပြုမူတတ်သောသူတစ်ယောက်ဖြစ်၏။

အမှန်တကယ်တွင် သူ၏နိုင်ထက်စီးနင်းပြုကျင့်မှုများက သူ့ထက်ခွန်အားနိမ့်ကျသော တပည့်များ သို့မဟုတ် မြေကမ္ဘာအုပ်စုတန်းလျားသို့ ပထမဆုံး ဝင်ရောက်လာသော တပည့်များကို ပစ်မှတ်ထားခြင်းဖြစ်သည်။

ကျန်းကျင့်ကဲ့သို့သော တပည့်များကိုမူ ကြောက်ရွံ့ ပြီး ဝေးဝေးနေလေ့ရှိပေ၏။

စင်းယုက ယီယွမ်ကို အေးအေးဆေးဆေး ကြည့်လိုက်ပြီး ရယ်သွမ်းသွေး၍ ပြောဆိုခဲ့သည်။ “ငါ့ကိုဘေးဖယ်စမ်းလို့ ပြောချင်တယ်ပေါ့… သေချာလား… အဲဒါဆိုရင် ငါ့ကိုဘေးဖယ်ခိုင်းဖို့က မင်းရဲ့စွမ်းရည် လုံလောက်မှုရှိလား မရှိဘူးလားဆိုတာအပေါ် မူတည်နေတယ်… တကယ်လို့ မင်းမှာအစွမ်းမရှိဘူးဆိုရင် မင်းက ဟိုနေရာမှာ နေထိုင်ရလိမ့်မယ်… အဲဒီနေရာက မင်းအမြဲတမ်းနေရမဲ့နေရာပဲ…..”

စင်းယုညွှန်ပြလိုက်သောနေရာကို ယီယွမ်က လှမ်းကြည့်လိုက်သောအခါ ထိုနေရာက တဲတစ်လုံးဖြစ်၏။ အံ့အားသင့်စရာမရှိဘဲ ထိုနေရာက ထင်းများသိမ်းဆည်းရာနေရာတစ်ခု ဖြစ်ပေလိမ့်မည်။

ကျန်းကျင့်ကလည်း အဝေးသို့ထွက်ခွာသွားခြင်းမရှိသေး၍ ထိုမြင်ကွင်းကို မြင်နေရပေသည်။ သို့သော် သူကယီယွမ်အား သွားရောက်ကူညီရန် အစီအစဉ်မရှိပေ။ စီနီယာအစ်ကိုကြီးမိုက သူ့အား မြေကမ္ဘာအုပ်စုတန်းလျားသို့ ချက်ချင်းပို့ဆောင်ခဲ့သည်မှာ မည်သည့်နေရာများတွင် ထူးချွန်နေ၍ဆိုသည်ကို ကျန်းကျင့်ကလည်း အမှန်တကယ် သိရှိလိုခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now