Chapter 230

1.6K 186 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(19)

Chapter-8

စင်းယုက မြေပြင်ပေါ်မှ ကြိုးကြိုးစားစား ထလာခဲ့ရ၏။ သူ၏နာကျင်ကိုက်ခဲနေသော ရင်ဘတ်ကို အသာအယာပွတ်သပ်လိုက်ပြီး စင်းယုက ယီယွမ်ဆီသို့ မုန်းတီးပြီး ဒေါသထွက်နေသည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။

မူလက အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ငချွတ်ကလေးကို အနိုင်ကျင့်ရသည်မှာ လွယ်ကူသည်ဟုသာ ထင်မြင်နေခဲ့ပြီး လာရောက်အနိုင်ကျင့်ချိန်တွင် သူကချက်ချင်းရှုံးနိမ့်သွားမည်ဟု သူလုံးဝထင်မထားခဲ့ပေ။

ဤတစ်ကြိမ်တွင် သူကမျက်နှာအကြီးအကျယ်ပျက်ယွင်းခဲ့ရပြီဖြစ်သည်။ သတိလစ်ဟင်းခဲ့မှုကြောင့် အကြီးအကျယ် ရှုံးနိမ့်ခဲ့ရပေ၏။ ဤကလေကချေကောင်လေး၏ မြန်နှုန်းက ထိုမျှအထိ မြန်ဆန်နေလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် ယီယွမ်က အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၌သာရှိနေခဲ့၍သာ သက်သာသွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက စောစောကတိုက်ကွက်ကြောင့် စင်းယုက အိပ်ရာပေါ်တွင် လဝက်ခန့်လဲလျောင်းနေရပေလိမ့်မည်။

သူ၏အမြင်တွင် စောစောကဖြစ်ရပ်မှာ ခဏတာ သတိလစ်ဟင်းသွားခဲ့၍သာ ဖြစ်လာခဲ့သည်ဟု ယူဆပေ၏။ ယီယွမ်၏မြန်နှုန်းက မြန်ဆန်ကြောင်း သိသွားပြီးချိန်တွင် သူကထပ်မံရှုံးနိမ့်သွားရမည်ဟု လုံးဝမထင်ခဲ့ပေ။

“မောက်မာလိုက်တဲ့ ငချွတ်ကလေး… မင်းကအဲဒီစကားကို ပြောလိုက်တာနော်… ညီအစ်ကိုတို့… တွေဝေနေစရာ မလိုတော့ပါဘူး… သူ့ကိုသင့်တော်တဲ့ သင်ခန်းစာပေးလိုက်ကြရအောင်…..”

စောစောက သူ၏နမော်နမဲ့နိုင်မှုကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု စင်းယုက ထင်မြင်ခဲ့သော်လည်း သူကပေါ့ပေါ့ဆဆပြုလုပ်ရဲခြင်းမရှိပေ။ ထို့ကြောင့် သူကအခြားသူများကို အတူတကွတိုက်ခိုက်ရန် ချက်ချင်းခေါ်လိုက်ခြင်းဖြစ်သည်။

စင်းယုနှင့် သူ၏အပေါင်းအပါများ အားလုံးပေါင်း လူငါးဦးသာရှိပေ၏။ ယီယွမ်အတွက်မူ ထိုအရာက လူတစ်ဦးတစ်ယောက်တည်းနှင့် ကွာခြားခြင်းမရှိပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now