Chapter 233

1.5K 190 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၉ )

Chapter-11

ယီယွမ်က ကျင့်ကြံခြင်းအခန်းတွင် လေ့ကျင့်နေချိန်၌ နန်ဖိန်လျှိုချင်၊ နန်ဖိန်ဇီရိုနှင့် လောင်ထန်တို့က အတူတကွ အုပ်စုဖွဲ့၍ ရောက်ရှိလာခဲ့ကြသည်။

မူလက ယီယွမ်ကို ကြယ်တာရာထောက်ပံ့ရေးဂေဟာသို့ အတူသွားရောက်၍ အမှတ်များကို ရနိုင်သမျှ ရှာဖွေရန်မစ်ရှင်များထမ်းဆောင်မည်ဟု သူတို့ကစဉ်းစားထားခဲ့ကြ၏။ သို့သော် လျူအာဆီမှ ယီယွမ်က တံခါးပိတ်လေ့ကျင့်နေကြောင်း ကြားခဲ့ရပေသည်။ သူတို့သုံးဦးက ကူရာကယ်ရာကင်းမဲ့စွာဖြင့် စိတ်ဓာတ်ကျသွားခဲ့ကြ၏။

ယီယွမ်က အမှတ်များကို မည်သည့်နေရာမှ ရရှိလာခြင်းအကြောင်း အသေးစိတ်သိရှိသွားခဲ့ပြီးနောက် သူတို့သုံးဦးက အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။

“ဟီးဟီး… ဒီကောင့်ရဲ့ ကျင့်စဉ်အဆင့်က တော်တော်လေးကို မျက်စိလည်စရာပဲ… သူကကျားသားစာချင်လို့ ဝက်ယောင်ဆောင်တာကိုတောင် မလုပ်တော့ပါလား… ဒီနေရာမှာ မားမားမတ်မတ် ရပ်တည်ပြီး လူတွေဆီကနေ အမှတ်တွေယူနေတာပဲ…..” နန်ဖိန်ဇီရိုက ပထမဦးဆုံး သတိဝင်လာခဲ့ပြီး ရယ်မော၍ ပြောဆိုခဲ့၏။

နန်ဖိန်ဇီရို၏ စကားများကိုကြားချိန်တွင် အခြားသူနှစ်ယောက်ကလည်း ရယ်မောချင်စိတ်ကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်း မရှိပေ။

သူမပြောသည်မှာ မှန်ကန်ပေသည်။ ယီယွမ်၏ အဆင့်(2)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ခွန်အားက အလွန်အမင်း လှည့်စားထားခြင်းဖြစ်ပေ၏။ သူ၏အစစ်အမှန်ခွန်အားမှာ ထိုထက်အဆပေါင်းများစွာ ပိုမိုမြင့်မားပေသည်။

“ယီယွမ်က ဒီလောက်တောင် တံခါးပိတ်လေ့ကျင့်ဖို့ အလျင်လိုနေတာကို ကြည့်ရတာ သူ့ရဲ့ကျင့်စဉ်နယ်ပယ်က အဆင့်တက်မဲ့အခြေအနေကို ရောက်ရှိနေတာ
ကြာပြီနဲ့တူတယ်… သူကတံခါးပိတ်လေ့ကျင့်နေရာကနေ ထွက်လာတဲ့အချိန်မှာ အဆင့်(3)စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်ကို ချိုးဖျက်တက်ရောက်သွားနိုင်လိမ့်မယ်…..” လောင်ထန်က ပြောလိုက်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now