Part 3 (NeZha မျက်ဝန်းထဲက အလှဆုံးမြင်ကွင်း) Unicode

31.7K 1.5K 105
                                    

(Unicode)
.
.
NeZha ဘာရှင်းပြချက်မှမ​ပေးဘဲ..Ao Bing ကိုလက်ဆွဲ​ခေါ်​ပီး တူတူ​ပြေးသွားသည်...

Ao Bing လည်း ဘာမှမ​ပြောနိုင်...ဘာလို့လည်း ဆို​တော့...NeZha သူ့ကို လက်ကိုင်ထားတာ...Ao Bing ရင်​တွေအရမ်းခုန်​နေပီ​လေ...ရှက်​သွေးဖြာပီး ပါး​တွေနီရဲ​နေတာ​ကြောင့်...NeZha မြင်သွားမှာစိုးလို့..​ခေါင်းကို ငုံ့ထားသည်...

တကယ်​တော့..နှလုံးသား မီး​​တောက်​နေတာ..Ao Bing တစ်​ယောက်တည်း မဟုတ်ပါဘူး..

NeZha တစ်​ယောက်လည်း ရင်​တွေ ခုန်​နေတာ ​​ပေါက်ကွဲမတက်...စိတ်​တွေလည်း လှုပ်ရှား​နေတာ...
ရင်ခုန်နှုန်း​တွေ မြန်လာတိုင်း...Ao Bing လက်ကို
တင်းတင်း ကျပ်ကျပ် ပိုပို စုပ်ကိုင်ထားမိ​နေ​​​တော့..
Ao Bing တစ်​ယောက်..မျက်နှာကြီး ​ပေါ်ထွက်မတက်
နီရဲ​နေ​လေပီ...

NeZha ရုတ်တရက်..Ao Bing ကိုလှည့်ကြည့်လိုက်
​တော့..​ခေါင်း​လေးငုံ့ပီး ဘာမှမ​​ပြောနိုင်..သူ့​နောက်ပါလာတဲ့ ပုံ​လေးကို ချစ်လို့...တိတ်တခိုး​လေး ပြုံးလိုက်
ပီး...ဆက်​ပြေးသွားကြ​တော့သည်..

​.
.
.
ခနကြာ​တော့...တဖြည်းဖြည်း လူ​တွေရဲ့ ဆူညံသံ​တွေ..
တီးဝိုင်းသံ​တွေ ဗုံသံ​တွေ ကိုကြားလာရကာ..ပိုပို နီးလာပီး...အသံ​တွေပိုကျယ်လာသည်...

ဘယ်​ကို​ခေါ်လာတာလဲ အရမ်းသိချင်​နေလို့..Ao Bing
​ခေါင်းငုံ့​နေရာက ပတ်ဝန်းကျင်ကို တချက်အကဲခတ် လိုက်​တော့..​နှစ်သစ်ကူးခါနီးမို့ ​ပျော်ပွဲရွှင်ပွဲ ကျင်းပ​​နေ
တဲ့ ခမ်းနားလှတဲ့ ပွဲ​စျေးတန်းကြီးဖြစ်​နေ​တော့သည်...

Ao Bing: "Ne..Nezha..ဒါ...!!"

NeZha နဲ့ Ao Bing ​ပြေးလာရာက​​နေ..ပွဲ​စျေးရဲ့ လမ်းစ​ရောက်​တော့ ရပ်လိုက်ကြသည်..သို့​သော်..
Ao Bingရဲ့ လက်ကို NeZha စုပ်ကိုင်ထားစဲ...

NeZha:" အင်း..ဟုတ်တယ်..နှစ်သစ်ကူးပွဲ​တော်!"

Ao Bing:" ဒါနဲ့..ဘာလို့??"

Ao Bing နားမလည်နိုင်တဲ့ မျက်ဝန်း​တွေနဲ့ NeZha ကို ​မော့ကြည့်​လိုက်သည်...

NeZha:"အ..အာ..တကယ်​တော့...ငါ ..နှစ်သစ်ကူးပွဲမှာ ဒီလိုတခါမှ ​လျှောက်မလည်ဖူးဘူး...
အဲ့​တော့...Imm....!!"

Lover Beads (NeZha & AoBing) 🔞🔞🔞Where stories live. Discover now