အခန်း ၄၇

6.2K 568 37
                                    

အခန်း ၄၇

ကျွန်မတို့စတွေ့ခဲ့စဉ်က အကြောင်းပြန်တွေးရင်း ...

တစ်ချို့ကပြောကြသည်။

မိန်းမတစ်ယောက်ရဲ့ ပထမအချစ်က အလွန်အနာကျင်ဆုံး ဖြစ်သည်ဆိုတာ ။

သို့သော် ဤအကြိမ်က သည်းမခံနိုင်လောက်အောင် ထိုနာကျင်မှုကို ချောင် ခံစားခဲ့ရသည်။

အရက်မူးခဲ့သည့်ညက လု သူမကို နာကျင်စေခဲ့တာတောင် ချိုမြသည့် နာကျင်မှုပင်။

ဒါပေမယ့် အခုတော့ အဲဒီလိုမဟုတ်။

ချောင် သေလုနီးပါး ခံစားခဲ့ရသည်။

ဘာပျော်ရွှင်စိတ်လူပ်ရှားမှုမှ မရှိခဲ့။

ညှည်းပန်းနှိပ်စက်မှုသက်သက်သာ။

ဟုတ်သည်။ ညှဉ်းပန်းနှိပ်စက်မှုသာ...

သူ သူမကို အပြစ်ပေးခဲ့သလို ခံစားခဲ့ရသည်။

သူ့လူပ်ရှားမှုတိုင်းမှာ ခံစားချက်မပါ။

သူဟာ သူမကို နာအောင်လုပ်ဖို့ ထိခိုက်အောင်လုပ်ဖို့ အားအပြည့်သုံးခဲ့သလို။

သူမအတွက်တော့ အသားနာရုံသာမက စိတ်နှလုံးသားပါ သေရာပါသည်ထိ နာကျင်နေခဲ့ရသည်။

ချောင် သူ့ဇာတ်ညွှန်းစာအုပ်ပေးရန် လာခဲ့သည့်အပေါ် နောင်တရမဆုံး။

သူမ ရှောင်မန်းကနေတစ်ဆင့် ပေးခိုင်းခဲ့သင့်သည်။

ဟို ဝန်ထမ်းကောင်မလေးများပြောခဲ့သည်ကို နားထောင်ပြီး သူစိတ်ရိုင်းဝင်နေတုန်း မလာခဲ့သင့်ပေ။

သေနတ်ရှေ့ကို လာပြီး မတ်တပ်ရပ်မနေခဲ့သင့်ပေ။

သူ သူမကို သဘောမကျခဲ့သည်ကို ကောင်းကြောင်းသိလျက်နှင့် သူ သူမကိုမုန်းသည်ကိုလည်း သိလျက်နှင့်။

သူမ သူ့တံခါးဆီ သွားခြေလှမ်းလှမ်းပြီး သူ့ဒေါသကို ဆွပေးခဲ့သည့်အလား။

သူဟာ စိတ်နှစ်ခွနှင့်လူ ဖြစ်ကောင်းဖြစ်မည်။

ကျော်ဇောမှုထဲမှာ စိတ်ရောက်နေချိန် လူတစ်မျိုး၊

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now