အခန်း ၄၉

6.3K 561 12
                                    

အခန်း ၄၉

ကျွန်မတို့စတွေ့ခဲ့စဉ်က အကြောင်းပြန်တွေးရင်း ...

ပင်ပန်းနုံးချိနေခဲ့သော ချောင် ခေါင်းခါရင်းပြောသည်။

" မေ့လိုက်ပါ၊ ငါက ဒုတိယဇာတ်လိုက်မင်းသမီးတစ်ယောက်မို့လို့ ဘယ်သူကမှမပျော်ကြဘူးလေ။

ညစာစားပွဲညတုန်းက ငါ့မှာကိုယ်ပိုင်အရည်အချင်းရှိခဲ့တယ်လို့ လုကျင်းညန်ကိုက ပြောခဲ့တော့ လူတွေက ငါ့ဆို စိတ်ဝင်စားနေကြပြီ...

ဒီနေ့ကငါ့ရဲ့ပထမဆုံးအခန်းရိုက်ရမယ့်နေ့...

လူအများကြီးသေချာပေါက်လာကြည့်ကြမှာ...

ငါ့အဖျားကြောင့် ရိုက်ကူးရေးကိုနောက်ဆံတ်ပေးဖို့ပြောလိုက်ရင်...လူတွေဘယ်လိုငါ့ကိုထင်ကြမလဲ...ဆိုတာမသိနိုင်ဘူးလေ...ငါက ဒီဗာလိုသရုပ်ဆောင်ဖို့သင့်တော်တဲ့လူမဟုတ်ဘူးလို့လည်း ထင်ကောင်းထင်မယ်..."

ရိုက်ကူးရေးအဖွဲ့နဲ့ မတွေ့ခင် ချောင် ရေနွေးပူပူကို သောက်ထားခဲ့သည်။

၎င်းက သူမကို နေသာထိုင်သာရှိစေသည်။

မိတ်ကပ်ပြင်ခန်းကို ရောက်တဲ့အခါ ထိုင်လိုက်ချင်းတင် ခေါင်းစကိုက်လာ၏။

မိတ်ကပ်အဆင်သင့်လိမ်းဖို့ သူမကိုသူမ အားယူကာ ထိုင်၏ ။

အစမှာတော့ သူမတောင့်ခံနိုင်ပေမယ့် နောက်ပိုင်းမှာ မူးဝေလာတော့သည်။

ချောင့် ဆံပင်ပြင်ပြီးသွားတဲ့အခါ လု မိတ်ကပ်အခန်းထဲကို ဝင်လာ၏ ။

ဒီနေ့ ရိုက်ကွင်း၌ လူအနည်းသာရှိသဖြင့် ထိုင်ခုံအားလုံးသည်လည်း အနည်းသာရှိရာ အခန်းပတ်လည်ကို တံမြက်စည်းလှဲကြပြီးနောက် လုက ချောင့်ခုံအနောက်မှာ ထိုင်လိုက်သည်။

အဖျားကြောင့် ချောင်ဟာ မိတ်ကပ်ဆရာ မှန်ကိုမပြမချင်း လု ရောက်နေမှန်းတောင်မသိ။

သူမ ခေါင်းကို မော့လိုက်ချိန်မှာ လု မျက်လုံးများလည်း အနည်းငယ်စွေစောင်းနေသည်။

ဖြစ်ချင်တော့ မှန်နှစ်ချပ်ရဲ့ အလင်းပြန်မှုများမှ ချောင့်ကို စိုက်ကြည့်နေသည်က လု။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now