အခန်း ၅၀

5.9K 544 14
                                    

အခန်း ၅၀

ကျွန်မတို့စတွေ့ခဲ့တုန်းက အကြောင်းပြန်တွေးရင်း...

သူမရဲ့ သရုပ်ဆောင်စွမ်းရည်များကို ကြည့်ရူ့ဖို့ သူတို့လာခဲ့ကြသည်။

အရင်ရက် ညစားစားပွဲမှာ လုပြောခဲ့သလို သူမ တကယ်အရည်အချင်းရှိမရှိကိုပင်။

ချောင်က လင်ရှီးရီနီးပါးသရုပ်ဆောင်ကောင်းပြီး ဒုတိယဇာတ်ဆောင်မင်းသမီးနေရာနှင့် တကယ်ထိုက်တန်သည် မတန်သည်ကို သူတို့သိချင်ခဲ့၏ ။

လင်ရှီးရီတောင်မှ ဒီနေ့ရိုက်စရာ ဘာအခန်းမှမရှိသည့်အတွက် မင်းသားအချို့နှင့်အတူ သာမာန်အဝတ်အစားနှင့်သာ လာရောက်ခဲ့သည်။

ရိုက်ကူးရေးကို ​စောင့်ဆိုင်းရင်း ပုသိမ်ထီးတစ်လက်အောက်မှာ စကားစမြည်ပြောနေခဲ့ကြသည်။

ယနေ့ ချောင် ရိုက်ကူးရမည့်အခန်းများသည် လုနှင့်ဖြစ်၏ ။

သူ မိတ်ကပ်လိမ်း၍မပြီးသေးပေ။

ချောင်မှာ ရှောင်မန်းနှင့် ထိုင်ဖို့ နေရာတစ်နေရာရှာနေ၏ ။

လု မိတ်ကပ်လိမ်းပြီးသော် လူအုပ်ဆီ အကြည့်များဝှေ့ခနဲကြည့်ပြီးနောက် ချောင့်ဆီ အကြည့်များရပ်တန့်သည်။

ချောင်မှာ ဇာတ်ဝင်ခန်းဝတ်စုံပေါ်မှ ကုပ်အင်္ကျီတစ်ထပ်ဝတ်ထားသည်။

သူမခေါင်းလှည့်ခဲ့ပြီး ရှောင်မန်းကို စကားပြောနေခဲ့သည်။

ရှောင်မန်းဟာ လက်မြှောက်လိုက်ပြီး သူမခေါင်းကို ပုတ်နေခဲ့၏။

လုကျင်းညန် ချောင်နှင့် ရှောင်မန်းကို ကျော်သွားပြီး မိတ်ကပ်အခန်းထဲက ထွက်လာသည်။

ခန့်ညားသော သူ့မျက်ခုံးများကကြုတ်နေခဲ့ပြီး လုံခြုံရေး ကိရိယာများကို ကတုန်ကယင်ထိနေခဲ့သည့် ဒါရိုက်တာဆီသို့ တစ်ဟုန်ထိုးသွားသည်။

"ချောင် ချောင်... လုကျင်းညန် မိတ်ကပ်ပြီးပြီ"

ရှောင်မန်းပြောလိုက်၏ ။

ရှောင်မန်းစကားကို ချောင်ကြားပြီးနောက် မိတ်ကပ်အခန်းသို့ မသွားခင် ဒါရိုက်တာနှင့် ထုတ်လုပ်သူကို တစ်ခုခု ဆွေးနွေးတိုင်ပင်နေသည့် လုကို မြင်သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now