အခန်း ၅၁

5.7K 526 4
                                    

အခန်း ၅၁

ကျွန်မတို့စတွေ့ခဲ့တုန်းက အကြောင်းပြန်တွေးရင်း...

လွန်ခဲ့သော ၁၀နှစ်က ချောင်ဟာ ကမ္ဘာ့အဖြူစင်ဆုံး ပျော်ရွှင်မှုကို ခံစားပိုင်ဆိုင်ခဲ့ရသူ...

သူမမှာ အောင်မြင်သော ဖခင်တစ်ယောက်နှင့် ချစ်စရာကောင်းသော မိခင်တစ်ဦးတို့ရှိခဲ့၏ ။

သူမ ပြန်လာခဲ့သည့် တစ်ညမှာတော့ ထိုပျော်ရွှင်မှုမှာ တစ်ညထဲနှင့် ပျောက်ဆုံးသွားခဲ့သည်။

ကြာသပတေးနေ့ဖြစ်သည်။

သူမမိဘများမှာ အလှူအတမ်းညစာစားပွဲတစ်ခု သွားစရာရှိသည်။

မသွားခင် သူမအဖေမှာ သူမကျောင်းအိမ်စာများကို စိတ်ရှည်ရှည်ကူလုပ်ပေး၏ ။

သူမ အတွက် အခက်ခဲဆုံး ပုစ္ဆာများကို ဖြေရှင်းပေးခဲ့၏ ။

သူမအမေမှာ ရေမြန်မြန်ချိုးခဲ့ပြီး သူမအတွက် နောက်နေ့ ကျောင်းသွားဖို့ အဝတ်အစားလှလှပပတစ်စုံ ထုတ်ပေးထားသည်။

ထိုအချိန် ချောင်ဟာ လူကြီးတစ်ယောက်လို နေခဲ့သည်။

သူမ မိဘများကို တံခါးဝထိ လိုက်ပို့ခဲ့သည်။

သူမက ထိုအချိန်တုန်းက အလွန်တရာ ချစ်စဖွယ်ဟန်ရှိခဲ့၏ ။

မိဘများက သူမ နဖူးပေါ် နမ်းခဲ့ကြပြီးနောက် လက်ဝှေ့ရမ်းနူတ်ဆက်ခဲ့ကြရင်း ယာဉ်မောင်းနှင်ခဲ့ကြသည်။

ချောင့်အမေဟာ သူမကို လွတ်လပ်သော မိန်းကလေးတစ်ယောက်ဖြစ်ရန် လေ့ကျင့်ပေးခဲ့သည်။

နောက်တစ်နေ့မှာတော့ သူမမျက်လုံးများပွင့်လာပြီး​နောက် တွေ့လိုက်ရသည်က သူမအမမဟုတ်ခဲ့ပေ။

သူမ ဦးလေးသာဖြစ်၏ ။

သူ့အိမ်တွင် ခဏလောက် လာနေမလားဟု မေးခံခဲ့ရသည်။

၁၀နှစ်အရွယ် သူမအနေဖြင့် ကလေးတစ်ယောက်သာ..

သူမ ဦးလေးရဲ့မျက်လုံးများထဲက စကားများကို မသိခဲ့ပေ။

ခါတိုင်းကဲ့သို့ သူမမိဘများအလုပ်ရူပ်နေခဲ့သည့်အခါ သူမဦးလေးအိမ်သို့ ခဏပို့ထားခံရသောကြောင့် သူမ၏ ကိုယ်ပိုင်ခရီးဆောင်အိတ်ကို သယ်ရင်း သဘောတူညီမှုဖြင့် ခေါင်းညိတ်ခဲ့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now