Chapter (13)

6.1K 821 142
                                    


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



Crush အလုပ်လုပ်တဲ့အအေးဆိုင်မှာ ကျွန်တော်ရယ် Niel ရယ် လစ်ဇာရယ် 'သူငယ်ချင်းများစွာ ဒီဘဝတစ်ခုမှာဆုံတွေ့ခဲ့တာ' ဆိုတဲ့တေးသရုပ်ဖော်ပြဇာတ်ကိုခင်းကောင်းနေတာ အချိန်ကနောက်ကျနေပြီ။ 9 နာရီမထိုးခင်အိမ်ပြန်လာခဲ့မယ်လို့ အမေ့ကိုပြောထားခဲ့ပေမဲ့ အခု 10 နာရီထိုးတော့မယ်။ မှတ်စုထုတ်တာတွေအကုန်ပြီးသွားပေမဲ့ စစ်တမ်းကောက်မေးခွန်းတွေတော့ ကျန်ရှိသေးသည်။

ကျွန်တော်တို့မှတ်စုကောင်းတွေထုတ်ဖို့ လေ့လာတဲ့နေရာဟာ အိန္ဒိယကျောင်းသားတွေရဲ့ blog တွေ website တွေဖြစ်သည်။ အိန္ဒိယလူမျိုးတွေဟာ မဟားတရားသဘောကောင်း မနောကောင်းတဲ့ ပင်ကိုယ်ဗီဇရှိကြသည်။ ဒါကြောင့်ပဲ ကျွန်တော်တို့လိုချင်တဲ့အကြောင်းအရာကို ရှာဖွေတဲ့အခါ သူတို့ရှင်းပြပြီဆို လိုရင်းကိုမရောက်နိုင်။ သဘောကောင်းကောင်းနဲ့ သူတို့တွေ အခေါက်ခေါက်အခါခါရှာဖွေလေ့လာရေးဆင်းထားသည့် လက်တွေ့မျိုးစုံကိုရှင်းပြသည်။ ဆင်ခြေမျိုးစုံတက်ပြသည်။ မြောက်များစွာသော ဥပမာတွေ၊ သာဓကတွေပေးပြီးတော့မှ ကျွန်တော်တို့သိချင်တဲ့ အကြောင်းအရာလေးဆီကိုဆိုက်ရောက်သည်။ ပညာတော့တအားရပေမဲ့ စာမေးပွဲနီးကာမှ သူတို့လက်ချာတွေကိုနားထောင်ပြီဆိုရင်တော့ ဒစ်လည်ပြီပဲ။

Dear, RelationshipWhere stories live. Discover now