အခန်း(၁၅)

27.1K 1.3K 22
                                    

[[U]]

"သခင်လုကလွဲပြီးကျန်တဲ့သူတွေကိုရုံးတော်မှာစစ်မေးဖို့ခေါ်သွား"

လုချန်နဲ့သူ့အကြားခလောက်ဆန်အောင်မွှေခဲ့သောလုချန်ညီအစ်ကိုတွေကိုအလွန်တရာဒေါသထွက်မိပေမဲ့လည်းကိုယ့်ကိုယ်ကိုထိန်းချုပ်ပြီးအမိန့်ပေးလိုက်သည်။

ချောင်ရှင်နှင့်အခြားသူများကိုကျန်းဇီတုန်လက်ထဲထည့်ပေးလိုက်ခြင်းသည်ကျားလက်ထဲသိုးအပ်လိုက်သလိုပင်
အန္တရာယ်များကိုယ်ကျိုးနည်းလှတာကြောင့်လုချန်လက်မခံနိုင်ပေ။

"အဲ့ခွေးကောင်ကျန်းကိုနှိပ်စက်ဖို့ကငါ့အကြံဥာဏ်ပဲ..ချောင်ရှင်နဲ့ညီအစ်ကိုတွေကဘယ်လိုလုပ်ဆိုင်မှာလဲ?အပြစ်ပေးမယ်ဆိုရင်အပြစ်ဒဏ်ခံရမယ့်သူကငါပဲဖြစ်သင့်တယ်!သူတို့ကိုလွှတ်ပေးလိုက်!မဟုတ်ရင်ငါမင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး"

လုချန်ကိုခပ်တင်းတင်းမကိုင်တွယ်ရဲသောနန်းစောင့်တပ်များကြောင့်သူ့ကိုချည်ထားသောကြိုးမှာလည်းခပ်ပြေပြေသာရှိသည်။

အော်ဟစ်ရုန်းကန်ရင်းပြေလျော့နေသောကြိုးမှလုချန်လွတ်ထွက်သွားကာကျင်းဆီသို့တရှိန်ထိုးပြေးဝင်သွားသည်။

"တော်တော်မိုက်ရူးရဲဆန်တာပဲ"

ကျင်းသည်လုချန်ကိုဖမ်းချုပ်ရပ်တန့်စေကာလက်နှစ်ဖက်ဖြင့်မြဲမြံစွာလုချန်ကိုဖက်တွယ်လိုက်၏။

"ကြည့်ရတာငါမင်းကိုသေချာမကြပ်မတ်မိဘူးထင်တယ်..ဓားမြအမူအကျင့်တွေကျန်ရှိနေသေးတာပဲ..ပြောစမ်းပါဦး..မင်းစိတ်ကျေနပ်အောင်ငါဘယ်လိုသင်ကြားပြသပေးရမလဲဆိုတာကို"

ရင်ခွင်ထဲတွင်အပြင်းအထန်ရုန်းကန်နေသောလုချန်ကိုလှစ်လျူရှုလျက်ပိုမိုပင်တင်းကျပ်အောင်ပင်ဖက်ထားကာ

"တင်းဖန်..ချောင်ရှင်နဲ့ကျန်တဲ့သူတွေကိုဟန်ကျိုးစီရင်စုကိုပြန်ပို့လိုက်"

"အရှင်မင်းကြီး..ဟန်ကျိုးကိုပို့လိုက်တယ်ဆိုတာအပြစ်မမည်ပါဘူး"

ဘေးတွင်ကိုယ့်ကိုယ်ကိုအလွန်ကျေနပ်နေသောကျန်းဇီတုန်သည်ဖြစ်နိုင်ချေမရှိသောအပြစ်ဒဏ်ကြောင့်
အသိတရားမရှိကျယ်လောင်စွာပင်လျှောက်တင်တော့၏။

ယခင်တုန်းကဤကဲ့သို့သောပြစ်မှုများအတွက်နယ်စပ်ဒေသ၌အလုပ်ကြမ်းလုပ်ရန်အပြစ်ပေးခြင်းကိုခံရပေမယ့်ထောင်သားများအားဟန်ကျိုးကိုပို့တယ်ဆိုတာမျိုးတစ်ခါမျှပင်မရှိခဲ့။

ကျန်း၏ဖခင်သည်သားဖြစ်သူကိုကူညီဖေးမထောက်ပေးရန်ပါးစပ်ဟလိုက်ပေမဲ့ကျင်းဆီမှအကြည့်ကြောင့်ကြောက်လန့်တကြားတိတ်ဆိတ်သွား၏။ကျင်း၏အကြည့်များမှာပြင်းထန်စွာအေးစက်တင်းမာနေသည်။ကျင်းသည်သူနှင့်လုချန်ကြားမွှေနှောက်ခဲ့သည့်ထိုသားအဖအားလည်းအလွန်ပင်စိတ်သဘောမကျဖြစ်နေ၏။သည်းခံကျိုးနွံခြင်းမရှိသေးပဲထပ်ပြီးအနှောင့်အယှက်ပေးနေမည်ဆိုလျင်နောက်တစ်ကြိမ်တွင်ကံဆိုးဖို့အလှည့်ကျရောက်လာလိမ့်မည်မလွဲပေ။

"ကောင်းပြီ!အကုန်လုံးကျေနပ်သွားကြပြီမလား!"

လုချန်ကိုရင်ခွင်ထဲထည့်ထားရင်းနှင့်ကျင်းတံခါးအပြင်သို့ထွက်လိုက်သည်။တင်းဖန်သည်အတော်ကြာကြက်သေသေနေ၏။ငိုရမလိုရယ်ရမလိုမသိသောမျက်နှာထားနှင့်လက်အောက်ငယ်သားအချို့ကိုချောင်ရှင်နှင့်အခြားသူများအားခေါ်ထုတ်သွားရန်အမိန့်ပေးလိုက်သည်။မျက်နှာထားကိုနဂိုအတိုင်းဖြစ်အောင်ပြန်ပြင်ကာကျင်းနောက်လိုက်သွားလိုက်သည်။

"လူယုတ်မာ!သွားသေပါလား!မင်းငါ့ကိုနည်းနည်းလေးမှတောင်မနှစ်သက်ဘူး..ငါ့ညီအစ်ကိုတွေကိုခွေးကောင်ကျန်းဇီတုန်ကိုအုပ်ချုပ်ခိုင်းတယ်...ငါမင်းကိုဘယ်တော့မှစကားမပြော....."

အဆုတ်မှသံကုန်ဟစ်ကာထွက်လျှံလာသောအပြစ်ဖို့စကားကြမ်းများသည်ကျင်းလက်ဖဝါးထက်ပလုံးပထွေးအသံများအဖြစ်အရည်ပျော်ကုန်တော့၏။ကျင်းသည်ပါးစပ်ကိုတင်းကျပ်စွာပိတ်ကာထား၏။ဒေါသများမှဝါးမြိုခြင်းခံနေရသောလုချန်သည်လက်ကိုကိုက်ချလိုက်၏။

"မင်းမရပ်နိုင်သေးဘူးလား!"

အောက်တက်လာသောနာကျင်မှုကြောင့်လုချန်ကိုမြေကြီးပေါ်သို့ပစ်ချလိုက်သည်။

ရုတ်တရက်ဖြစ်တာကြောင့်လုချန်ပက်လက်လန်ကျသွားသည်။

ဒေါသတကြီးငေါက်ငမ်းလာသောကျင်းကြောင့်ထိတ်ပြာသွားသောလုချန်သည်ရုတ်ချင်းပြန်လည်မတ်တပ်မရပ်နိုင်ဖြစ်နေ၏။ကိုယ်ပိုင်ဒေါသများကိုခင်းကျင်းလျက်ကျင်းကိုဆက်လက်စိုက်ကြည့်နေရုံသာ။

"ငါဒီလောက်ကာကွယ်ပေးနေတာတောင်မလုံလောက်သေးဘူးလား?"

ကျင်းမျက်နှာထားကအလွန်အမင်းစိတ်မချမ်းမမြေ့ဖြစ်နေသောပုံ။

"အကြောင်းတရားမရှိပဲနဲ့ရုံးတော်ကိုတိုက်ခိုက်တယ်ဆိုတာလွှတ်ပေးလို့မရတဲ့ကြီးလေးတဲ့အပြစ်လေ..မင်းစိတ်ချမ်းသာစေဖို့ငါ့ကိုအားလုံးကိုဒီနေရာမှာပဲအရှင်းဖြတ်ဖို့အမိန့်ပေးစေချင်နေတာလား?

"သေတာကမှပိုမြတ်ဦးမယ်"

ကျင်းနှင့်စတွေ့ချိန်ကတည်းကခံစားခဲ့ရသောအရာများကလုချန်အတွေးထဲကိုပြန်ပေါ်လာသည်။ခါးသီးခြင်းများကတစ်ချိန်တည်းမှာသွန်းလောင်းလာတော့သည်။ဂဏာမငြိမ်တော့သောအမူအရာနှင့်အမျက်ဒေါသများကကျင်းထံသို့ပွင့်ထွက်လာတော့သည်။

"အစတည်းကမင်းနဲ့အတူနေလို့ကောင်းတာဘာမှမရှိခဲ့ဘူး..ငါကမင်းရဲ့ကိုယ်လုပ်တော်တွေလိုမဟုတ်ဘူး..အခန်းထဲမှာပဲနေပြီးမင်းကိုတနေ့လုံးစောင့်မနေနိုင်ဘူး..ပြီးတော့ရုံးတော်ဝန်မင်းတွေရဲ့ဆဲရေးစော်ကားတာကိုလည်းခံရသေးတယ်..ငါပျော်ပြီးနေနေတယ်များထင်နေလား?ထွက်သွားတာပဲကောင်းတယ်..အဝေးကြီးကိုထွက်သွားမယ်..မင်းကိုငါ့ဘဝတစ်သက်တာလုံးမှာဘယ်တော့မှမမြင်ချင်တော့ဘူး"

"ငါ့ကိုဘယ်တော့မှမမြင်ချင်ဘူး?"

ကျင်းမျက်မှောင်ကျုံ့လိုက်ပြီးအန္တရာယ်ရှိသောအရိပ်အယောင်များကလည်းထွက်ပေါ်လာသည်။မျက်ဝန်းများကထုတ်ချင်းပေါက်နိုင်သောရက်စက်တက်သည့်အလင်းတန်းများကိုလွှတ်ထုတ်လျက်။

ကျင်းသည်ထိုအမူအရာကိုခင်းကျင်းပြသလာချိန်တိုင်းလူအတော်များများကြောက်ရွံထိတ်လန့်တုန်လှုပ်ကြမည်ဖြစ်သည်။လုချန်ကိုယ်တိုင်လည်းခြွင်းချက်မရှိ။လုချန်လည်းမတတ်သာပဲစကားမပြောရဲတော့သည်အထိတောင်တုန်လှုပ်မိလာသည်။

ဘေးမှကျင်းတဖြည်းဖြည်းဆောင့်ကြောင့်ထိုင်ချလာသည်ကိုကြည့်နေရုံသာ။ကျင်းသည်မတူကွဲပြားမမှန်ကန်သောရည်ရွယ်ချက်ဖြင့်လက်တွေကလုချန်အောက်ပိုင်းသို့ရောက်ရှိလာ၏။လုချန်အော်ရန်ပင်အချိန်မရလိုက်ပဲနှုတ်ခမ်းတွေကသိမ်းပိုက်လာပြန်သည်။

"အွန်း.."

မည်မျှပင်အပြင်းအထန်ရုန်းကန်နေသော်ငြားလည်းကျင်းလက်တွင်းမှမလွတ်မြောက်နိုင်သေး။အပြစ်ပေးချင်သောရည်ရွယ်ချက်ကိုသယ်ဆောင်လာသောကျင်းနှုတ်ခမ်းသည်လုချန်ကိုအလျင်းတိုက်ခိုက်နေသည်။ရက်စက်စွာလျှာကိုကိုက်ချလိုက်သည့်အတွက်နာကျင်မှုကြောင့်အော်ဟစ်မိတော့သည်။

သိုဝှက်သောနေရာကလည်းကျင်း၏ခပ်တင်းတင်းဆုပ်ကိုင်ထားခြင်းခံနေရသည်။ပုံမှန်ဆက်ဆံရာ၌ညင်သာခြင်းမျိုးစိုးစဥ်မျှမရှိ။အတွင်းအားတွေပါထုတ်သုံးနေသည့်အတွက်ကျင်းထိလိုက်သောနေရာတိုင်းဟာဓားနဲ့လှီးဖြတ်သလိုပင်နာကျင်လှသည်။

"ဝူး..."

ကြာမြင့်သောအခါကျင်းနှုတ်ခမ်းတွေကိုလွှတ်လိုက်ချိန်တွင်ပါးစပ်တစ်ခုလုံးသည်လည်းသွေးများနှင့်ပြည့်နေပြီဖြစ်သည်။လျှာ၌ဒဏ်ရာရသွားလောက်ပြီ။ဒဏ်ရာမှာလည်းပေါ့သေးသေးတော့ဟုတ်မည်မထင်။ကျင်းနှုတ်ခမ်းထောင့်မှာစီးကျနေသောသွေးပမာဏကိုကြည့်ရင်းဖြင့်လုချန်ပြောနိုင်သည်။

ခံတွင်းမှာနာလွန်း၍သေသွားတော့မလိုပင်။ထိုပုဂ္ဂိုလ်အားကျိန်ဆဲရန်ပါးစပ်ဖွင့်ဖို့တောင်အားအင်မကျန်ရှိတော့။မရေမတွက်နိုင်သောမကျေနက်ချက်များသည်တစ်ချိန်တည်းမှာစုပြုံလာရန်မျက်ဝန်းများ၌စိုစွတ်လာတော့၏။

"မင်းမှားတယ်လို့လက်ခံမယ်ဆိုရင်ငါအလွှတ်ပေးမယ်"

ပါးစပ်ကိုအုပ်ကာထားသောမျက်ရည်တွေအပြည့်နှင့်လုချန်ကိုကြည့်ရင်းကျင်းနှလုံးသားထဲစူးကနဲအောင့်တတ်လာသည်။

သို့ပေမယ့်မည်သူကမှန်းဆမိမှာလဲ?လုချန်ကမြည်းထက်ပင်ပိုပြီးခေါင်းမာနေသည်။ခေါင်းမာနေဆဲလုချန်သည်ခေါင်းကိုတွင်တွင်ခါယမ်းရင်း

"ငါမမှားဘူး..သေမယ်ဆိုရင်တောင်လက်မခံဘူး"

လျှာထက်ပြင်းထန်သောဒဏ်ရာကြောင့်လျှာကိုသေချာမလှုပ်ရှားနိုင်၍စကားသံမှာမပီပြင်ပေမဲ့ကျင်းအပြည့်အဝနားလည်သည်။အကြည့်များသည်ပို၍ခက်ထန်လာကာ

"သတ္တိရှိကြောင်းထုတ်ကြွားနေတယ်ပေါ့!ကြည့်ရတာငါမင်းကိုသေချာမသင်ပြခဲ့ရဘူးထင်တယ်..ငါ့ခေါင်းကိုနင်းချင်နေတယ်ပေါ့!"

ကျင်းသည်လက်အောက်ငယ်သားစံအိမ်တော်၌ရှိနေဆဲဖြစ်သည်ကိုလည်းဂရုမစိုက်တော့။မျက်နှာများနီရဲတွတ်နေကြသောနန်းစောင့်တပ်များအားလည်းအာရုံပင်မထား။နှလုံးသားတစ်ခုလုံးတွင်လုချန်ကိုဘယ်လိုသင်ခန်းစာပေးရမလဲဆိုသောရည်ရွယ်ချက်သာပြည့်နေသည်။

နည်းလမ်းကတော့.........ထိုမှလွဲပြီး။

"တင်းဖန်..လူတွေအကုန်လုံးကိုခန်းမဆီပြန်ခေါ်သွား..ကျန်းမိသားစုကိုသေချာစောင့်ကြည့်ထား..တစ်ယောက်တစ်လေမှအပြင်မထွက်စေနဲ့"

ခါးပတ်ကိုချွတ်ကာကန်ကြောက်နေသောလုချန်လက်တွေကိုနောက်မှာပူးချည်လိုက်သည်။စင်္ကြန်၌ရှိသောကျောက်သားခုံရှည်ပေါ်တွင်တင်ကာဖိထားလိုက်သည်။

ကုန်လွန်ခဲ့သောနှစ်ဝက်တွင်ကျင်းသည်များစွာပြောင်းလဲသွားပြီဖြစ်ပြီးအိပ်ရာပေါ်တွင်ပိုပြီးနူးညံ့လာခဲ့၏။သို့ရာတွင်ကျင်းထံမှမရေမတွက်နိုင်သောခါးသီးခြင်းများကိုကိုယ်တွေ့ခါးစည်းခံထားရသောလုချန်ကတော့ညင်းပန်းနှိပ်စက်လိုသောသဘောဖြင့်ကျင်းအတင်းအဓမ္မလိင်ဆက်ဆံခဲ့ခြင်းများကိုမေ့ပျောက်နိုင်မှာတဲ့လား။

ပါးစပ်မှာသေလောက်အောင်နာကျင်နေပေမယ့်လည်းလုချန်သည်ကျင်းကိုကျိန်ဆဲနေသံများအားလက်မလျော့နိုင်သေး။ကြောက်ရွံ့မှုများကလည်းသတ္တိပေးနေသည်။သိက္ခာကျရတော့မည့်ဖြစ်ရပ်ကြောင့်သေဆုံးခြင်းကိုရောက်ရှိသွားတော့မည့်အထိတောင်ကြောက်လန့်လာခဲ့သည်။

မရပ်ဆဲနိုင်သောရုတ်ရင်းကြမ်းတမ်းသောစကားများကိုအာရုံမထားသောကျင်းကတော့ခုံရှည်ပေါ်ဖိချခြင်းနှင့်အတူတိုင်လုံးကိုကျောကပ်ထားလိုက်ရာမတ်မတ်ထိုင်နေသောအသွင်သို့လုချန်ရောက်ရှိသွားသည်။ဘောင်းဘီနှင့်အတူအတွင်းခံကိုပါဆွဲချွတ်သောလုပ်ရပ်ကြောင့်

"မင်း..မင်းတကယ်ပဲ..နေ့လည်ခင်းအချိန်ဒီလိုဟင်းလင်းပြင်ဖြစ်နေတဲ့နေရာမှာလုပ်မယ်ပေါ့..မင်းမှာသိက္ခာမရှိဘူးလား!"

အဝတ်မရှိတော့သောတင်ပါးသည်ရေခဲတမျှအေးစက်သောကျောက်သား၏အထိအတွေ့ကိုခံစားနေရ၏။အစွန်းစွန်ကိုရောက်ရှိနေပြီဖြစ်သောမသက်သာခြင်းများကြောင့်မည်သို့မည်ဖုံပြောမိမှန်းလည်းဂရုမစိုက်နိုင်တော့၊

"မင်းကငါ့ကိုသိက္ခာမရှိဘူးလို့ပြောနေတာလား?လာနောက်နေတာလား"

လုချန်ကိုရယ်ဖွယ်ရာပြုလိုသောအနေဖြင့်ကျင်းထေ့၍ပြုံးပြလာသည်။ဝတ်ရုံအရှေ့ပိုင်းကိုဆွဲဖြဲကာလုချန်ခန္ဓာကိုယ်အပေါ်ပိုင်းအားသွားနှင့်မတရားကိုက်လိုက်သည်။

ခန်းမအတွင်းရှိနေကြသောအကုန်လုံးသည်အော်သံနက်ကြီးကိုအတိုင်းသားကြားနေရသည်။ကျန်းမိသားစုမှာတော့ဧကရာဇ်၏ကြောက်မက်ဖွယ်ရာနည်းစဥ်ကိုအချို့မှာချွေးစီးများထွက်လျက်သေမတတ်ကြောက်ရွံနေကြပြီးအချို့ကတော့ဘာများလဲအားစူးစမ်းသိချင်နေကြတယ်။တဖက်မှာချောင်ရှင်နဲ့ညီအစ်ကိုတွေကတော့အလွန်ပင်စိုးရိမ်နေကြသည်။သူတို့မြင်ရသည်မှာနှစ်မျိုးသောအမူအရာများနှင့်နန်းစောင့်တပ်များကိုသာ။လက်ချင်းဆုပ်ကိုင်လျက်မျက်နှာရဲရဲနီနေသူများနှင့်ဘယ်ကိုကြည့်ရမလဲရှာမတွေ့ဖြစ်နေကြသောမျက်နှာထားနှင့်သူများသာ။

ခြံဝင်းထဲမှာရှိနေသောလူနှစ်ယောက်ကတော့ခန်းမအတွင်းမှာရှိသောလူများ၏ရှုပ်ထွေးနေသောခံစားချက်များကိုနားလည်သဘောပေါက်ခြင်းမရှိသေး။

•••••

အပြစ်ပေးခြင်းဖြစ်သည့်အတွက်နူးညံ့မှုဆိုသည်ကိုကျင်းမေ့ဖျောက်ထားသည်။ဆာလောင်မွတ်သိပ်နေသောတောရိုင်းကောင်တစ်ကောင်နှယ်။နေရာအနှံကိုဆုတ်ဖြဲကာကိုက်လျက်သွားရာများချန်ထားခဲ့သည်။ကိုက်ရာများမှာနက်လွန်း၍သွေးများပင်စီးကျလျက်ရှိသည်။

လုချန်၏အားနည်းချက်နေရာကတော့ဖျစ်ညစ်ဆုပ်ကိုင်ထားခြင်းခံနေရသည်။အံတင်းတင်းကျိတ်ထားရာမှမတတ်သာပဲနာကျင်မှုကြောင့်အော်ဟစ်မိသည်။

သံကုန်ဟစ်၍အော်မိသော်လည်းအနှီယောကျ်ားအပေါ်သက်ရောက်မှုမရှိတာကြောင့်ညှင်းပင်းနှိပ်စက်နေခြင်းဒဏ်ကိုကြံ့ကြံ့ခံရုံသာ။ခုခံခြင်းမစွမ်းရုံသာမကထိုယောကျ်ားသားဆုပ်ကိုင်ထားခြင်းမှလွတ်မြောက်ဖို့ရာကလည်းလမ်းမမြင်။ခန္ဓာကိုယ်ကိုတွန့်လိမ်နေမိခြင်းကသာကန့်ကွက်နေကြောင်းသိရှိစေသည့်တစ်ခုတည်းသောရွေးချယ်ရာ။

ကြမ်းတမ်းသောကျောက်သားခုံတန်းရှည်နှင့်နောက်ကျောကြိမ်ဖန်များစွာပွတ်တိုက်နေသည့်အတွက်အသားများစုတ်ပြဲလာသည်။အပေါ်မှာရှိနေသောလူ၏အလေးချိန်ကြောင့်ဒဏ်ရာများကပို၍ပင်ဆိုးရွားလာကာနာကျင်မှုကြောင့်တစ်ကိုယ်လုံးတုန်ယင်လာသည်။ကျင်းကတော့ကိုယ်ထိလက်ရောက်ညှင်းပန်းနေခြင်းကိုရပ်ဖို့ဆန္ဒလုံးလုံးလျားလျားရှိပုံမပေါ်။

"သေချာပျော်မွေ့နေလိုက်ဦး..အကောင်းဆုံးကအခုထိမလာသေးဘူး"

လက်လှုပ်ရှားမှုကိုရပ်တန့်ပြီးချွေးများနှင့်ရွှဲစိုနေသောလုချန်ဆံပင်ရှည်များကိုဆွဲကိုင်လာသည်။လုချန်၏မျက်ဝန်းရှေ့တွင်ဆိုးရွားသောအကြံများပြည့်နေသည့်ကျင်းမျက်ဝန်းများကနီးကပ်လျက်။အကြည့်ဆီမှတစ်ဆင့်ကိုယ်စိတ်နှလုံးကြီးစွာဆင်းရဲစေလိုခြင်းများကိုလုချန်နှလုံးသားကသိရှိခံစားနေသည်။

"မင်းပဲငရဲသွားလိုက်ပါလား!"

လုချန်သည်ပိုတိုး၍ပင်ခေါင်းမာနေဆဲ။အကြည့်ကိုရှောင်ရှားလိုက်သောအခါကျင်းသည်ခါးထက်လက်ကိုတင်းကျပ်စွာဆုပ်ကိုင်စေပြီးတမဟုတ်ချင်းထိုးသွင်းဝင်ရောက်လာ၏။

ခေါင်းမာနေဆဲဖြစ်ပေမဲ့လည်းအတွင်းသို့စောင့်ဝင်လာတိုင်းထွက်ပေါ်လာသည့်ညည်းငြူသံကိုမထိန်းချုပ်နိုင်သေး။

"ငါမင်းကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူး.."

ကြမ်းတမ်းသောကျောက်သားခုံတန်းရှည်ထက်လုချန်ကိုယ်လုံးသည်ကြီးစွာတုန်ယင်နေ၏။နောက်ကျောတစ်ပြင်လုံးသည်စုတ်ပြတ်ပေါက်ပြဲကုန်၏။မြင်ရတာပင်ကြောက်မက်ဖွယ်ကောင်းလှသည်။သတိရတစ်ချက်မရတစ်ချက်အခြေအနေဖြစ်နေပေမယ့်ဆဲဆိုဖို့ရန်ကိုလည်းမမေ့။

တစ်နာရီခန့်ကြာသည့်အခါ........

သတိလစ်နေသောလုချန်အားကျန်းဖခင်နှင့်သားရှေ့ပစ်ချရင်းကျင်းဘေးတိုက်အနေအထားနှင့်ကြည့်လိုက်သည်။ထိုးဖောက်ဝင်ရောက်တော့မည့်အလားအေးစက်တင်းမာနေသောမျက်ဝန်းများသည်ခံစားချက်တစ်စုံတစ်ရာမှမပြသ။မြဲတစေအေးခဲနေသောအသံကကြားရသူအပေါင်းအားသေမတတ်ထိတ်လန့်သွားစေသည်။

"သခင်လုကငါအပြစ်ပေးတာခံပြီးပြီ..ငါ့နည်းလမ်းကိုဝန်ကြီးများကျေနပ်တယ်မလား..ဟမ်?"

အဖေနှင့်သားသည်အဝတ်တစ်ခုလုံးသွေးတွေစွန်းထင်ပေကျံနေသောလုချန်အားကြည့်ရင်းခိုက်ခိုက်တုန်အောင်ပင်ကြောက်ရွံ့သွားကြသည်။လုချန်ပုံစံသည်ကျိုးပြတ်နေသောအရုပ်တစ်ရုပ်နှယ်။လူမဆန်သောကျင်းနည်းလမ်းကြောင့်ရင်တွင်းမှာထိတ်ပြာလာပြီးစကားပင်မဆိုနိုင်ရဲကြတော့။ကျေးဇူးကြီးမားလှကြောင်းကိုထုတ်ဖော်ပြသသည့်အနေနှင့်ခေါင်းတဆက်ဆက်ညှိတ်လျက်ဂါဝရပြုလာကြသည်။

"အစ်ကိုကြီး...အခုလိုထိခိုက်နာကျင်ရတာငါတို့အပြစ်ကြောင့်ပါ"

အားလုံးထဲမှာအငယ်ဆုံးဖြစ်သောကောချင်ကတော့စိတ်မထိန်းနိုင်ပဲငိုကြွေးလာသည်။လုချန်ဘေးနားအပြေးသွားပြီးဆိုးရွားစွာဒဏ်ရာရထားသောလုချန်ကိုမထိရဲဖြစ်နေသည်။ဘေးနားမှာပဲဒူးထောက်ထိုင်ကာခါးခါးသီးသီးငိုကြွေးနေတော့သည်။

ကောချင်မှတစ်ဆင့်ညီအစ်ကိုအပေါင်းမှမျက်ရည်လွယ်သူများကငိုကြီးချက်မနှင့်တစ်မျိုးဒေါသထွက်လွယ်သူများကတော့ကျင်းကိုရုတ်ရင်းကြမ်းတမ်းစွာဆဲဆိုခြင်းတဖုံ။အသက်ကိုပဓာနမထပဲကျင်းထံတစ်ရှိန်ထိုးပြေးဝင်ကြတော့သည်။နန်းစောင့်တပ်များကလည်းအခြေအနေကိုထိန်းသိမ်းနေရသည်။ခန်းမကြီးတစ်ခုလုံးသည်ဝရုန်းသုန်းကားနှင့်ဆူညံပွတ်လောရိုက်နေတော့၏။

ထိုမြင်ကွင်းကြောင့်ကျင်းမတတ်သာပဲမျက်မှောင်ကျုံ့မိသွားသည်။ဆိုးရွားသောဒဏ်ရာများနှင့်ပြည့်နေသောပုံပေါ်နေသော်လည်းတကယ်တမ်းမှာအညိုမည်းလောက်နှင့်ခပ်ပေါ့ပေါ့ဒဏ်ရာများလောက်သာ။သေစေနိုင်သောဒဏ်ရာလည်းမဟုတ်။သတိလစ်နေသည်ဖြစ်သော်လည်း
မခံမရပ်နိုင်အောင်နာကျဥ်နေသောဒဏ်ရာတွေမှာအကြောင်းအရင်း၏တစ်ဝက်ခန့်သာဖြစ်ပြီးကျန်တစ်ဝက်မှာသာယာသောအထိအထွေ့ကိုမခံနိုင်သောအားနည်းလှသည့်ခန္ဓာကိုယ်ကြောင့်သာဖြစ်သည်။အနှီလူတစ်စုကတော့လုချန်သေသွားသည့်အလားပင်။

"တပ်မှူးတင်း..ဒီကလူတွေကိုတော့မင်းဆီပဲလွှဲလိုက်ပြီ..သခင်လုပြဿနာတော့ငါပဲလုပ်လိုက်မယ်..ဝန်မင်းကျန်း..ဒီကနေ့အဖြစ်အပျက်တွေအပြင်ကိုမပေါက်ကြားစေဖို့မျှော်လင့်ပါတယ်"

အကြည့်များမှတစ်ဆင့်ကျင်းသတိပေးလိုက်သည်။ခေါင်းငြိမ့်ခြင်းနှင့်ဂါဝရပြုခြင်းသာလုပ်နိုင်တော့သောသားအဖနှစ်ဦးကိုကြည့်ကာကျင်းကျေနပ်အားရသွားသည်။

လုချန်ကိုရင်ခွင်အတွင်းပွေ့ချီကာဤအတိုင်းပဲအပြင်သို့ထွက်သွားတော့သည်။ချောင်ရှင်နှင့်ညီအစ်ကိုများသည်ကျယ်လောင်စွာငိုယိုကာအပြင်သို့ပြေးလိုက်ရန်ပြင်ပေမယ့်တင်းဖန်နှင့်နောက်လိုက်များမှတားဆီးခြင်းကိုခံလိုက်ရ၏။

"သခင်လုကအန္တရာယ်များတဲ့အခြေအနေမှာမဟုတ်ပါဘူး"

လုချန်ကိုနှစ်သက်ခြင်းများအပ်နှင်းနေသည်အားမျက်မြင်ကိုယ်တွေ့ဖြစ်ပေမယ့်ချစ်ရည်လူးရာမှလုချန်မေ့မျောသွားသည်အားတင်းဖန်နားမလည်နိုင်ဖြစ်နေသည်။သို့ပေမယ့်ထိုကဲ့သို့သောအပြစ်ဒဏ်သည်သေသွားလောက်နိုင်သည်အထိတော့မသွားကြောင်းကိုသိ၏။လုချန်၏ညီအစ်ကိုများကိုခပ်တိုးတိုးနှစ်သိမ့်ပေးရင်းဗျာများနေတော့သည်။

"မဖြစ်နိုင်တာ..အစ်ကိုကြီးကိုငါတွေ့လိုက်တယ်...သူ့အင်္ဂါမှာတောင်သွေးထွက်နေတယ်..ငါတို့အစ်ကိုကြီးတော့သေပြီထင်ပါတယ်.."

ကောချင်၏စကားကြောင့်လူအများအံ့သြသင့်ကုန်တော့သည်။ခန်းမဆောင်အတွင်းရှိနေသည်မှာယောကျ်ားသားများသာဖြစ်သော်လည်းကောချင်စကားကြားပြီးနောက်နားရွက်များနီရဲလာတော့သည်။ကျင်းနှင့်လုချန်အကြားဆက်ဆံရေးကိုနားလည်သောချောင်ရှင်၏မျက်ရည်များရပ်တန့်သွားကာကောချင်ဘက်လှည့်ပြီး

"ဘာ...ဘာပြောတယ်"

"အစ်ကိုကြီးရဲ့အဲ့ဒီနေရာတောင်မှကြီးစွာဒဏ်ရာရနေတယ်!!အစ်ကိုကြီးရဲ့ဝတ်ရုံရှည်အောက်မှာဘာမှ
မဝတ်ထားဘူး..ငါခိုးကြည့်လိုက်တော့အစ်ကိုကြီးရဲ့ပေါင်
တွင်းသား..ပြီးတော့အဲ့ဒီနေရာမှာ..သွေးထွက်နေတယ်!!ပြီးတော့သွေးနဲ့အတူဘာမှန်းမသိတဲ့အဖြူရောင်အရည်တွေကပေါင်တစ်လျှောက်စီးကျနေတယ်..ဒဏ်ရာကစိုးရိမ်ရလောက်တယ်!!"

ကောချင်တွေးလေလေပိုပြီးကြောက်စိတ်ဝင်လာလေလေပင်။ကျယ်လောင်စွာပင်ပြန်လည်ငိုကြွေးလာတော့သည်။

"ဟား..ဟား..ဟား"

ချောင်ရှင်သည်အရူးတစ်ယောက်လိုပင်အော်ဟစ်ရယ်မောကာ

"ညီအစ်ကိုတို့ငိုမနေကြနဲ့တော့!ငါတို့အစ်ကိုကြီးအဆင်ပြေတယ်!"

"ဘာပြောတယ်!?အကိုရှင်..နှစ်သိမ့်ဖို့မကြိုးစားပါနဲ့..
အစ်ကိုကြီးကသေပြီထင်ပါတယ်"

ကောချင်ကတော့မယုံကြည်သေး။

"ဟူး.."

တင်းဖန်သက်ပြင်းချမိသည်။ဘေးနားမှာကြားနေရသောတင်းဖန်ကတော့ဆက်နားထောင်လိုစိတ်မရှိတော့။နန်းတွင်းဆွေတော်မျိုးတော်နှင့်ပတ်သက်သောသူ၏ခန္ဓာကိုယ်အကြောင်းပြောနေသောစကားဝိုင်းမှာတော်သင့်လောက်ပြီ။

"သခင်လုအဆင်ပြေတယ်ဆိုတော့အကုန်လုံးဟန်ကျိုးရုံးတော်ကိုသွားမယ်"

ဘယ်လိုကိစ္စရပ်များပါလိမ့်!အရှင်မင်းကြီး၏ဘုရင်တစ်ပါး၏နည်းဝါဒများအတိုင်းစီရင်ဆုံးဖြတ်ခဲ့ခြင်းများ၏ပြန်ပြောင်းပြောဖြစ်ကြသောပုံပြင်များကိုပြန်တွေးမိတော့အနှီအရှုပ်ပုံကိုဖြေရှင်းရမည့်ကိုယ့်အဖြစ်အားတိုးတိတ်စွာပဲညည်းညူမိသည်။

လက်အောက်ငယ်အားအချို့အားရွေးထုတ်ကာအမိန့်အတိုင်းဆောင်ရွက်စေသည်။'ဘယ်လိုမျက်နှာထားထားသင့်လည်းမသိတော့ဘူး'ဆိုသောမျက်နှာထားကိုတင်လျက်နန်းတွင်းသို့တင်းဖန်ပြန်သွားပြီဖြစ်သည်။ကြက်သေသေလျက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသောကျန်းသားအဖေကိုထားခဲ့လျက်။

"အဲ့ဒီနေရာကဘာလို့သွေးထွက်နေ...."

ပညာရှိတစ်ဦးဖြစ်သောကျန်းဇီတုန်သည်လိင်အင်္ဂါအားနှုတ်ဖြင့်ထုတ်မပြောနိုင်။

"ပေါင်တစ်လျှောက်စီးကျနေတဲ့အဖြူရောင်အရည်တွေ...?"

ကျန်းဖခင်သည်ထိုစကားကိုထပ်ခါထပ်ခါရေရွတ်ရင်းနှင့်မူးလဲတော့မလိုပင်ဖြစ်သွားသည်။

"ငါ့သား..မင်းကောင်းဖို့အတွက်ပြောတာ..နောက်တစ်ခါသခင်လုကိုစိတ်အနှောင့်အယှက်မပေးမိစေနဲ့"

တခဏတာချင့်ချိန်စဥ်းစားပြီးနောက်ကျန်းဖခင်သည်သားဖြစ်သူအားအကြံဥာဏ်ပေးလာတော့၏။
•••••

"အား..မလိုချင်ဘူး..မလိုချင်ဘူး"

ချွေးစီးများသည်မနည်းမနောနဖူးမှစီးကျရင်းလုချန်အိမ်မက်ဆိုးမက်နေသည်။အိပ်ရာပေါ်မှာလူးလိမ့်ရင်းနှုတ်မှကယောင်ကတမ်းအော်ဟစ်နေသည်။

ချွေးတွေကိုကျင်းပိုးလက်ကိုင်ပဝါနှင့်အကူအညီမဲ့လျက်ဆက်တိုက်သုတ်ပေးနေမိသည်။ကျင်းမျက်လုံးထောင့်မှလည်းရေများစီးကျလျက်ရှိသည်။လုချန်ကိုစောင့်ကြည့်ပြုစုပေးနေသည်မှာခြောက်နာရီခန့်ပင်ရှိပြီ။

အစတုန်းကတော့လုချန်၏ခံနိုင်ရည်အားနှင့်ပြန်လည်သက်သာရန်လွယ်ကူသောစွမ်းရည်ကြောင့်အလွယ်တကူနိုးထလာမည်ဟုထင်ခဲ့သည်။နန်းတွင်းအိပ်ဆောင်ကိုခေါ်လာချန်ကစပြီးယခုအချိန်အထိအချိန်များလည်းကြာမြင့်လာသည်။သတိမေ့နေဆဲလုချန်သည်ပြန်လည်သတိဝင်လာမည့်လက္ခဏာမျိုးမပြသလာသေး။

နန်းတွင်းသမားတော်များမှလည်းစစ်ဆေးကြည့်ရှုပြီးသွားခဲ့ပြီ။လုချန်ဒဏ်ရာတွေသည်အသက်ကိုအန္တရာယ်မပြုပေမဲ့လည်းလုချန်စိတ်အခြေအနေကြောင့်သာသတိပြန်မရသေးတာဖြစ်ကြောင်းစိတ်ပိုင်းဆိုင်ရာအမြင်အရဆိုလာသည်။ဤကဲ့သို့သောအကြောင်းအရာသည်ကျင်းကိုစိတ်အညစ်ညူးစေဆုံးသာဖြစ်စေ၏။

သူ့အတွက်ဘာမှမထူးခြားသောဓားမြလေးအပေါ်ချစ်ခင်တွယ်တာမိသည်ဟုဝန်ခံခဲ့သည်မှာမှန်ပေမဲ့လည်းကိုယ့်ကိုယ်ကိုကန့်သက်ထိန်းချုပ်ထားနိုင်မည်ဟုကျင်းယုံကြည်ချက်ရှိသည်။လုချန်ထံတွင်နက်ရှိုင်းစွာရစ်တွယ်မိသွားကာအချစ်နောက်ကိုမျောပါသွားတာမျိုးကိုယ့်ကိုယ်ကိုခွင့်ပြုလိုက်၍မဖြစ်။ငယ်စဥ်အခါတစ်ပါးကလေးသူငယ်များမြက်ခင်းပြင်၌ပြေးလွှားဆော့ကစားနေခိုက်ကိုယ်ပိုင်ခံစားချက်များကိုထိန်းချုပ်ရန်သင်ကြားခဲ့ရသဘ်မဟုတ်ပါလော။

သမိုင်းတွင်အလားတူအဖြစ်အပျက်မျိုးကိုမရေမတွက်နိုင်စွာသက်ဦးဆံပိုင်ဘုရင်များထံတွင်ရှိခဲ့စမြဲ။ကိုယ်၌ကမွေ့လျှော်ပျော်ပါးမိသွားပြီးနောက်ကျရှုံးပျက်ဆီးသွားကြသူများသာ။ထို့ကြောင့်ပဲတူညီသောအမှားမျိုးကိုထပ်တလဲလဲအဖြစ်မခံနိုင်။သမိုင်းတွင်ခဲ့သည့်သာယာခြင်းတွင်မွေ့လျှော်သောအုပ်ချုပ်သူများကဲ့သို့လိင်စိတ်တဏှာများ၌သာလူးလှိမ့်ပျော်မြူးနေသောတူညီသည့်သူမျိုးဟုကိုယ့်ကိုယ်၌ကဖြစ်သွားမည်မျိုးကိုလက်သင့်မခံနိုင်။

ထိုကဲ့သို့သောနိယာမများကိုလက်ကိုင်ဆွဲကာလုချန်ကိုဘယ်သောအခါမှသြဇာအာဏာများမအပ်နှင်းခဲ့သလိုကိုယ်တိုင်ကိုယ်ကျနန်းတွင်းရေးရာများ၌ဝင်ပါခွင့်မပြုခဲ့။ထိုအချိန်တုန်းကတော့လုချန်ပြစ်မှုတစ်စုံတစ်ရာသာကျူးလွန်ခဲ့လျှင်ကိုယ်တိုင်ကိုယ်ကျသီးသန့်အပြစ်ပေးမည်ဟုတွေးတောထားခဲ့သည်။ဤတစ်ကြိမ်မှာတော့ပြစ်ဒဏ်နောက်ကွယ်တွင်ခိုင်မာသောအကြောင်းပြချက်လည်းရှိသည်။နောက်ပါများရှေ့တွင်လုချန်သည်သူ့အားရိုင်းစိုင်းစွာဆက်ဆံလာခဲ့၏။ဧကရာဇ်တစ်ပါးဖြစ်သောကျင်းအားကိုးယိုးကားယားနိုင်လှသောအခြေအနေကိုရှင်းလင်းခွင့်မပေးခဲ့။လုချန်၏စော်ကားမောက်မာခြင်းများသည်ကျင်း၏ဘုရင်တစ်ပါးဆိုသောဂုဏ်ပုဒ်အားသာမန်ထက်လွန်ကဲကာထိပါးလာခဲ့သည်။

ပြစ်ဒဏ်ပြီးသည့်နောက်လုချန်စိတ်ကိုပြန်လည်ရရှိမည့်ဗျူဟာများကိုကြိုတင်တွေးတောထားခဲ့သည်။လုချန်သည်စိတ်တိုလွယ်သော်လည်းတကယ်တမ်းမှာအာဃာတထားတတ်သောသူမဟုတ်။

သေချာစွာသိထားသောထိုအခြင်းအရာကြောင့်သာလုချန်အပေါ်ကျင်းအနိုင်ယူခဲ့ခြင်း။ပြစ်ဒဏ်နှင့်ဆုလာဒ်တန်းတူညီမျှမှုရှိအရေးကိုမှီခိုလျက်အုပ်ချုပ်သူမင်းတစ်ပါး၏ဂုဏ်သိက္ခာတရားနှင့်ချစ်သူအကြားဆက်ဆံရေးကိုထိန်းသိမ်းရန်မျှခြေညီစေသည်။

သို့ပေမယ့်လည်းဤတစ်ကြိမ်မှာတော့အတန်ငယ်ပြဿနာရှိလာပုံပေါ်သည်။

လုချန်အားအကြမ်းကိုင်ဆက်ဆံသည်မှာပထမဆုံးအကြိမ်မဟုတ်ပေမဲ့လည်း'ဘယ်တော့မှခွင့်မလွှတ်ဘူး'ဆိုသောစကားကိုတစ်ခါမှနှုတ်ထွက်မပြောခဲ့။

ထို့အတူယခုအချိန်ထိလည်းသတိရရန်ငြင်းဆန်နေသေးသည်။လုချန်နှလုံးသားကိုလွှမ်းမိုးနိုင်သည်ဟုယုံကြည်ချက်လွန်ကဲစွာရှိနေသောကျင်းထံ၌စိုးရိမ်ကြောင့်ကြမှုအတန်ငယ်ကစတင်ဝင်ရောက်လာသည်။

ခံစားချက်တွေကိုတွေးဆနေရင်းမျက်လုံးထောင့်၌လုချန်မျက်ခွံအနည်းငယ်လှုပ်လာသည်ကိုတွေ့လိုက်ရသည်။နောက်တခဏတွင်ကြီးမာလုံးဝန်းသောမျက်ဝန်းများသည်ဆက်ကနဲပွင့်လာ၏။ကျင်းသည်အနားသို့အမြန်တိုးသွားကာ

"မင်းနိုးလာပြီ"

သတိမထားမိလိုက်ပဲနွေးထွေးမှုများကိုခင်းကျင်းပြသလာခဲ့သည်။

•••••

Hua Hua You Long[花花遊龍]Where stories live. Discover now