အခန်း(၁၆)

10K 628 5
                                    

[[Z]]

လုချန်သည်ခဏတာမူးဝေနေပြီးအခြေအနေကိုပြန်လည်မှတ်မိသွားတဲ့အခါချက်ချင်းပင်ထထိုင်လိုက်သည်။ကျင်းကိုတချက်လေးမှပင်မကြည့်ဘဲအိပ်ခန်းအတွင်းသို့မျက်လုံးဝှေ့ကြည့်ကာ

"ချောင်ရှင်နဲ့အခြားသူတွေဘယ်မှာလဲ"

"ဟန်ကျိုးကိုပို့လိုက်ပြီ"

လုချန်သည်အိပ်ရာဘေးမှာရှိသည့်အဝတ်တွေကိုကောက်ဝတ်ကာကျင်းကိုမကြည့်ပဲတံခါးဆီသို့ဦးတည်လိုက်သည်။

"မင်းဘယ်သွားမလို့လဲ"

စိတ်ရှည်မှုတွေလည်းကုန်ဆုံးသွားပြီးကျင်းတံခါးရှေ့သို့ပိတ်ရပ်လိုက်သည်။

"ငါဟန်ကျိုးကိုပြန်ချင်တယ်"

လက်နှစ်ဖက်လုံးနှင့်ဖမ်းချုပ်ကာလုချန်ကိုရင်ခွင်တွင်းသို့ဆွဲသွင်းလိုက်သည်။

"မင်းကိုဘယ်မှသွားခွင့်မပြုနိုင်ဘူး..လိမ်လိမ်မာမာဣန္ဒြရေရနဲ့ဒီမှာပဲနေ"

ကျင်းလက်တွေကလုချန်နောက်ကျောတွေကိုပွတ်သတ်ပေးနေသည်။ဤအရာဟာလုချန်အနှစ်သက်ဆုံးဖြစ်ပြီးကျင်းဖွဖွလေးပုတ်ပေးသည့်အချိန်တိုင်းပျော်ရွှင်စွာပင်ညည်းငြူလေ့ရှိသည်။သို့ပေမဲ့ဤအချိန်မှာတော့လုချန်ငြင်းပယ်ကာရင်ခွင်တွင်းမှရုန်းထွက်သွားသည်။အကြည့်ချင်းစုံနေရင်းမှပင်ကျင်းသက်ပြင်းချကာ

"ရှောင်ချန်..တော်ပါတော့ငါ့ရဲ့အပြစ်ဒဏ်ကအရမ်းများသွားတယ်ဆိုတာငါနားလည်ပါတယ်..မင်းဒေါသထွက်နေချိန်မှာငါအပြစ်မပြောချင်ဘူး..ဒါပေမဲ့လက်အောက်ငယ်သားတွေရှေ့မှာငါမျက်နှာပျက်အောင်မင်းလုပ်ခဲ့တယ်....ကျေးဇူးပြုပြီးဒီလိုမျိုးတော့မလုပ်ပါနဲ့..ဟုတ်ပြီလား"

ပြင်းထန်လှသောစကားလုံးများစွာနှင့်ကျိန်ဆဲချင်သော်လည်းလျှာ၌ရှိသောဒဏ်ရာကြောင့်

"သွားသေလိုက်"

လုချန်သည်ဘယ်လောက်ပင်ဒေါသထွက်နေပါစေမျက်လုံးအစုံ၌ကျင်းကိုချစ်ခင်သောအရိပ်အယောင်များသာအစဉ်မြင်ရလေ့ရှိသည်။ယခုအချိန်မှာတော့စိမ်းကားသောအကြည့်တစ်စုံကိုသာကျင်းရရှိလိုက်သည်။

"မဟုတ်ဘူး"

ကျင်းစတင်ပြီးထိတ်လန့်လာသလိုစိတ်တွေလည်းရှုပ်ထွေးလာသည်။လုချန်ကိုအိပ်ရာပေါ်မှာဖိထားကာအထိမခံနိုင်သည့်တင်ပါးတွေကိုဖျစ်ညစ်လိုက်သည်။

"မင်းလုပ်ချင်ရင်လုပ်လိုက်...ဒါပေမဲ့ငါမင်းကိုလုံးဝခွင့်လွှတ်မှာမဟုတ်ဘူး"

လုချန်သည်အောက်မှာလဲလျောင်းနေရင်းခန္ဓာကိုယ်တစ်ခုလုံးကတောင့်တင်းအေးစက်နေသည်။

"မင်းဘာကိုလိုချင်တာလဲ"

ကျင်းပေါက်ကွဲသွားပြီးကိုယ်ကိုဖိထားရာမှထလိုက်သည်။

"ဘာမှမလိုချင်ဘူး..ငါ့ကိုသွားခွင့်ပြုပါ"

ထိုစကားလုံးများသည်ဓားသွားကဲ့သို့စူးရှလှပြီးကျင်းတစ်ကိုယ်လုံးတုန်ယင်လာသည်။

"အဓိပ္ပါယ်မရှိလိုက်တာ..ဘယ်သူခွင့်ပြုလို့လဲ"

ဒေါသတွေလည်းမြင့်တတ်လာပြီးအသားကုန်အော်ဟစ်လိုက်သည်။

"အဲ့ဒါမင်းလုပ်ရပ်တွေကြောင့်လေ
ငါ့ကိုဘယ်လောက်နှိပ်စက်..ဂရုမစိုက်လည်း
ရတယ်..ဒါပေမဲ့ငါ့ညီအစ်ကိုတွေကိုဒီလို
ဆက်ဆံတာကိုခွင့်မလွှတ်နိုင်ဘူး...
အစတည်းကမင်းငါ့အပေါ်အရေးမထားခဲ့ဘူး
ဒါကလည်းမင်းရဲ့ဘုရင်ဆိုတဲ့အရာကြောင့်ပါဆို
ပြီးငါနားလည်ပေးခဲ့တယ်..ငါကိုကတုံးခဲ့တာပါ
မင်းလိုလူတစ်ယောက်ကချစ်တတ်တယ်ဆို
တာဖြစ်မှမဖြစ်နိုင်တာ..ငါ့ကိုချစ်ဖို့ဆိုတာကတော့
ဝေးသေး...မင်းမျက်လုံးထဲမှာတော့ငါက
ကစားစရာသာသာရှိမှာပဲ...နန်းတွင်းကိုယ်လုပ်
တော်တွေနဲ့ယှဉ်ရင်ငါကနည်းနည်းအသစ်ဖြစ်
နေလို့နေမှာပေါ့"

စကားများလွန်စွာပြောလွန်းနေတာကြောင့်
လျှာရှိဒဏ်ရာကပြန်ကွဲလာပြန်ပြီး
သွေးများသည်နှုတ်ခမ်းထောင့်မှ
စီးကျလာသည်

"အဲ့ဒါက...အဲ့ဒါ"

ကျင်းဘယ်လိုပြန်ပြောရမလဲဆိုတာ
မတွေးတတ်တော့
တသက်တာမှာတစ်ခါမှမဖြစ်ဘူးခဲ့သော
အခြေအနေ.......

"ဒီနယ်မှာခန့်ညားတဲ့အမျိုးအသားတွေ
အများကြီးရှိတာပဲ...
ပြောရရင်ကျန်းဆိုတဲ့လူကလည်းမဆိုးပါဘူး"

စကားမဆက်နိုင်တော့သောကျင်းကိုကြည့်ရင်း
ပိုမိုထိခိုက်စေမည့်စကားလုံးများကို
ရွေးချယ်ပြောလာတော့သည်

"ဒါမှမဟုတ်မင်းတို့နှစ်ယောက်အိပ်ပြီးသွားကြပြီ
လား..ဖြစ်နိုင်တာပဲကိုယ်လုပ်တော်ရဲ့အစ်ကို
မလား..သူတို့နှစ်ယောက်ကရုပ်ချင်းအရမ်း
ဆင်ကြတာပဲ..ငါ့ကိုမုန်းတာမဟုတ်ဘဲမနာလို
ဖြစ်နေတာပဲနေမယ်..ဟမ်..ဘာလို့မုန်းရ
တာလဲ..ငါကအိမ်မွေးတိရစ္ဆာန်သာသာပဲလေ
ကြာရင်မင်းငါ့ကိုငြီးငွေ့သွားမှာပဲ..
မင်းငါ့ကိုဘယ်လိုသဘောထားလဲ..
ဘုရင်ရဲ့အဆင်တန်ဆာတစ်ခုထက်ပိုမှာ.."

"တိတ်စမ်း"

လုချန်ဆီမြှပင်းထန်လှသောစကားတွေ
အောက်တွင်ကျင်းမျက်နှာသည်နီရဲတတ်လာ
လိုက်ဖြူဆုတ်သွားလိုက်တစ်လှည့်စီ
ဖြစ်နေသည်
အချစ်တွေကိုစော်ကားနေသောလုချန်
စကားတွေကိုနားထောင်နိုင်စွမ်းမရှိတော့..

တဖက်မှာတော့လုချန်ထင်မိတာက
မှန်ကန်လှသောစကားတွေကြောင့်
အရှက်ရပြီးဒေါသထွက်နေသည်ဟူ၍သာ..

ကျင်းအပြုအမူတွေအတွက်နောင်တရမိ
သော်လည်း'တောင်းပန်ပါတယ်'ဆိုသော
စကားကိုပြောဖို့ရာကမာနကအခွင့်မပေး..

လုချန်မျက်လုံးတွင်းမှာဒေါသအရိပ်အ
ယောင်တွေကမြင့်တတ်လာသည်
အိပ်ရာပေါ်မှရုတ်တရပ်ထကာကြွခွေက်ကို
ယူပြီးကျင်းရှိရာသို့ပစ်ပေါက်လိုက်သည်

"သေသင့်တဲ့ကောင်"

အလောင်းကောင်ကဲ့သို့အသက်မရှိတွေတွေကြီး
ရပ်နေသောကျင်းသည်ကျရောက်လာသော
အရာကိုရှောင်ရန်မစွမ်းသာလိုက်
နှင်းလိုဖြူဖွေးသည့်နဖူးပြင်ထက်
သွေးစိမ်းရှင်ရှင်စီးကျလာတော့သည်

မျက်နှာပြင်တစ်ခုလုံးသွေးတွေဖုံးလွမ်းနေသော
ကျင်းကိုကြည့်ရင်းလုချန်ထိတ်လန့်ကာ
ကုတင်အစွန်းသို့လဲကျသွားသည်

"အရှင်မင်းကြီး"

"အရှင်မင်းကြီး..အဆင်ပြေရဲ့လား"

အသံကြောင့်အပြင်မှရဲမက်တွေဝင်ရောက်လာ
ကြပြီးသွေးတစ်စက်စက်ကျနေသည့်
ကျင်းကိုကြည့်ရင်းမှင်သတ်သွားကြသည်

"လုချန်ကိုဖမ်းသွားကြ"

ရဲမက်တွေသည်ထိတ်လန့်မှုနှင့်အတူ
ကြက်သေသေနေသောလုချန်ကို
အမြန်ဖမ်းဆီးလိုက်ကြသည်

"အရှင်မင်းကြီး..သခင်လုကို
ဘယ်လိုလုပ်ရမလဲ"

ကျင်းကိုထိခိုက်အောင်လုပ်မိသောအပြစ်သည်
လုချန်အားဆယ်သက်သေစားသေစေ
ချမှတ်နိုင်ပြီးအပိုင်းအစတြွေဖစ်အောင်
ခုတ်ထစ်ပြီးသတ်ဖြတ်နိုင်သည်

"တာ့လီစီအချုပ်ခန်းကိုခေါ်သွားလိုက်
ကျန်တာပြီးမှဆက်စီစဉ်မယ်"

ရဲမက်တွေထွက်သွားသောအခါ
အိပ်ခန်းအတွင်းမှာနဖူးမှသွေးတွေစီးကျလျက်ပင်
ကျင်းယူကျုံးမရဖြစ်ကာထိုင်နေမိသည်

တာ့လီစီထောင်သည်ပြစ်ဒဏ်သင့်သော
မင်းမျိုးမင်းနွယ်များအားအကျဉ်းချသော
ထောင်အဖြစ်ဟိုးရှေးယခင်ကတည်းကအသုံးပြုခဲ့
ကြသည်

"သခင်လု"

နံရံကိုမှီလျက်တွေဝေနေရင်း
အခန်းအပြင်မှခေါ်သံကိုလုချန်ကြား
လိုက်ရသည်

"သခင်လု"

လျူကျုံးထန်....
တာ့လီစီတရားရုံးတော်၏ဝန်ကြီးဖြစ်သည်

"သခင်လု..နန်းတော်ကဧည့်သည်လာတယ်"

လျူကျုံးထန်နောက်တွင်
တစ်စုံတစ်ယောက်လိုက်ပါလာသည်
တင်းဖန်....။

"အာ...ဆရာတင်း"

တင်းဖန်မျက်နှာထားသည်တည်ငြိမ်နေကာ
လုချန်ဘေးရှိခုံပေါ်တွင်ထိုင်ရင်း

"ဆရာလျူ.."

"အရင်သွားပြီနော်"

လျူကျုံးထန်နားလည်လိုက်ကာ
အခန်းတွင်းမှထွက်သွားသည်

"အရှင်မင်းကြီး..လာကြည့်ခိုင်းတာပါ"

"သူ..သူဘယ်လိုနေသေးလဲ"

"အရှင်မင်းကြီးကအဆင်ပြေပါတယ်
နန်းတွင်းမောင်းမတော်ကျန်းကအရှင်မင်းကြီး
အတွက်မင်းသားလေးတစ်ပါးဖွားမြင်လိုက်ပါပြီ"

မောင်းမတော်ကျန်းကိုယ်ဝန်ဆောင်ရသော
ကိစ္စကလုချန်ထောင်ထဲမဝင်ခင်တည်းက
ဖြစ်ခဲ့ခြင်းပေ။
သို့သော်လည်းဖွားမြင်သည့်သတင်းကြားရသည့်
အခါလုချန်ပြုံးမိပြန်သည်

နန်းတွင်းကိုယ်လုပ်တော်တွေဆီ
အလည်အပတ်သွားနေပြန်ပြီထင်ပါတယ်..

"အရှင်မင်းကြီးကမေးခိုင်းလိုက်တာ
တစ်ခုရှိပါတယ်..ဟန်ကျိုးကိုပြန်ချင်
နေသေးလားတဲ့"

"ဘာ!!"

"အရှင်မင်းကြီးကသခင်လု ဟန်ကျိုးကို
ပြန်မယ်ဆိုရင်ညီအစ်ကိုတွေနဲ့တွေ့တဲ့အထိ
ကျွန်တော်မျိုးကိုလိုက်ပါစောင့်ရှောက်ခိုင်းပါ
တယ်"

ဤအရာဟာဟာလုချန်မျှော်လင့်ခဲ့သောအရာဖြစ်ပေ
မဲ့လည်းပျော်ရွှင်မှုဆိုသည့်အရာသည်
ရင်တွင်း၌မဖြစ်တည်လာခဲ့
သို့ပေမဲ့လည်းကျင်းနားပြန်မသွားနိုင်တော့
တစ်တိုင်းပြည်လုံးကပြောနေကြသောအကြောင်းအရာတစ်ခု
ဖြစ်လာပြီးအပြစ်ဒဏ်ကိုတစ်တိုင်းပြည်လုံးက
ဘယ်လိုချမှတ်မလဲသိချင်နေကြသောအခြေ
အနေတွင်ထိုပုဂ္ဂိုလ်ဆီသို့ပြန်သွားဖို့ရာ
ဘယ်လိုမှမဖြစ်နိုင်တော့

မွေးရပ်သို့ပြန်ခြင်းသည်သာအကောင်းဆုံး
ဆုံးဖြတ်ချက်.....

"ဒီမှာကောဘယ်လိုလုပ်..."

"သခင်လုစိတ်မပူပါနဲ့..အရှင်မင်းကြီးက
အစထိုးသေမည့်သူကိုစီစဉ်ထားပြီးပါပြီ"

ကျင်းကထိုကဲ့သို့သောလူစားမျိုး...
ဘုရင်တစ်ပါးတာဝန်အနေနှင့်တရားမျှတမှုကိုထမ်းရွက်ရပေမဲ့
လည်းခံစားချက်ကိုမပစ်ပယ်သွားဘူး
ထိုလိုလူကိုချစ်မိသည့်လုချန်က
ကံကောင်းတာလား..ကံဆိုးတာလား

ဆက်လက်တွေးနေရန်အချိန်မရှိတော့ပဲ
ဝတ်ရုံကိုသေချာစွာဝတ်ကာ
တစ်လခန့်အချုပ်ကျခံထားရသောထောင်
မှထွက်ခွာခဲ့သည်

တင်းဖန်ညွှန်ပြချက်အရ
ညီအစ်ကိုတွေနေထိုင်သောဟန်ကျိုး
မြို့ပြင်ရှိနေအိမ်သို့ထွက်လာခဲ့သည်
ကြီးမားလှသည့်အိမ်ဖြစ်ပုံအရကျင်းသည်
ညီအစ်ကိုတွေအပေါ်မစိမ်းကားခဲ့ဘူးထင်သည်

ရင်ထဲမှတတ်လာသောပျော်ရွှင်မှုနှင့်အတူ
ခြံတံခါးတွင်ထိုးထားသောအလံဖြူများကို
သတိမထားမိဘဲအိမ်တွင်းသို့
ပြေးဝင်လိုက်သည်

ဧည့်ခန်းမအလယ်တွင်ငိုကြွေးသံများနှင့်
ပြည့်လျံနေကြသည်
ချောင်ရှင်နှင့်ညီအစ်ကိုအားလုံးသည်
နံရံတွင်ချိတ်ဆွဲထားသည့်ပုံတူပန်းချီအား
ကြည့်ကာနှလုံးသားပွင့်ထွက်မတတ်
ငိုယိုနေကြသည်

ပုံတူပန်းချီထဲမှသူအားဘယ်သူမှန်းမသဲကွဲ
တဲ့အတွက်ချောင်ရှင်နားသွားကာ

"အစ်ကိုရှင်..ဘယ်သူ..ဘယ်သူသေတာလဲ"

မျက်ရည်များနှင့်တွေဝေကာကြည့်နေရင်း
သရဲတွေ့သလိုပင်မျက်လုံးများပြူးကျယ်လာကာ
အသည်းအသန်အော်ဟစ်တော့သည်

ကောချင်သည်အင်္ကျီတစ်လှည့်
နားရွက်တစ်လှည့်ဆွဲကိုင်ကာ

"ဘုရားသခင်..အစ်ကိုကြီးအသတ်ခံရပြီမ
ဟုတ်ဖူးလား..ကျွန်တော်တို့အားလုံးက
နန်းတော်သွားပြီးကလဲ့စားချေဖို့လုပ်နေကြတာ"

"ဘာ..ဘယ်သူကပြောတာလဲ
ငါသေပြီလို့"

ကောချင်သေဒဏ်ပေးခံရကြောင်းပါသည့်
အဝါရောင်စာရွက်ရှည်ကိုယူပြသည်

လုချန်သဘောပေါက်သွားကာ
ညီအစ်ကိုတွေအားအစားထိုးသည့်ကိစ္စနှင့်ပတ်
သတ်ပြီးရှင်းပြလိုက်သည်

"ဒါဆို..အစ်ကိုကြီး..နန်းတော်ကိုပြန်သွား
ဦးမှာလား"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လုချန်ခပ်ဟဟရယ်ကာ

"ငါကသေလူဖြစ်သွားပြီလေ
အားလုံးကလဲဒီလိုပဲထင်မှာပဲ
ပြန်သွားဖို့ကမဖြစ်နိုင်တော့ဘူး..
သူနဲ့အတူတူပြန်နေဖို့ရွေးချယ်တာက
တကယ်နုံအတဲ့လုပ်ရပ်ကို..
အခြားသူတွေကမိန်းမတွေယူပြီးကလေးတွေ
ရနေကြပြီ..ကိုယ်ချစ်တဲ့သူနဲ့သက်ဆုံးတိုင်
နေသွားကြပြီ..အဲ့ဒီအချိန်မှာငါကကော..
ငါတစ်ယောက်တည်းကျန်ခဲ့တယ်..
မိသားစုလဲမရှိ..ဘာမှမရှိဘူး..
ငါကိုယ်တိုင်ကောယောက်ျားတစ်ယောက်လို
နေထိုင်လို့မရဘူးလား"

"ငါအခုအပြည့်အဝနားလည်သွားပြီ
အခုအချိန်ကစပြီးဒီပတ်သတ်မှုကို
အပြီးတိုင်ဖြတ်လိုက်တော့မယ်.
ပျင်းစရာကောင်းတဲ့ဘဝမှာဆက်မနေနိုင်
တော့ဘူး..အရှင်မင်းကြီးနဲ့ပတ်သတ်ပြီး
ဘာမှမစိုးရိမ်ကြနဲ့တော့..ငါတို့အေးအေး
ဆေးဆေးနေနိုင်ပြီ"

"ဟုတ်တယ်..ဒါမှန်တယ်..အစ်ကိုကြီးရဲ့
ဒါကြောင့်အစ်ကိုကြီးလွတ်လွတ်လပ်လပ်
နေသင့်တယ်
စိတ်ပျက်စရာကောင်းတဲ့ဘုရင်နားမှာ
နေမနေနဲ့တော့"

"အစ်ကိုကြီးပြန်လာပြီဆိုတော့
ငါတို့ရဲတိုက်အသစ်ကိုရှာကြရအောင်"

နွေးထွေးလှသောညီအစ်ကိုများကြားမှာ
အချစ်ဆိုသောအရာကိုပြန်တွေးမိပြန်သည်
ကျင်းကိုချစ်ခဲ့မိလို့..ကျင်းကိုရွေးချယ်ခဲ့မိလို့
ဖြစ်တည်လာခဲ့သောအရာတွေနှင့်နှိုင်းယှဉ်
ကြည့်ရင်းရင်တွင်း၌ခါးသက်မှုတစ်စုံတစ်ရာကို
ခံစားမိလာသည်...
မျက်ရည်တစ်စက်တောင်ကျမိတော့မလို....

ချောင်ရှင် သည်လုချန်အခြေအနေကို
နားလည်တာကြောင့်ညီအစ်ကိုတွေအား
ဆူညံတာရပ်ရန်အချက်ပြလိုက်ပြီး

"အစ်ကိုကြီးကခရီးဝေးကလာတာပင်ပန်း
နေပြီ..အနားယူပါစေဦး"

"မင်းတို့အားလုံးလည်းငိုရတာမောနေလောက်ပြီ
သွားအနားယူကြ.
ညကျရင်မိန်းကလေးတွေနဲ့ပျော်စရာလေးတွေ
သွားရှာကြမယ်"

"ဝေး...."

•••••

Hua Hua You Long[花花遊龍]Where stories live. Discover now