အခန်း(၁၈)

14.9K 1.1K 10
                                    

[[U]]

မရေမတွက်နိုင်စွာဝိုင်းကြည့်နေကြသော
မျက်လုံးပေါင်းများစွာကိုဂရုပင်မစိုက်ဘဲမျက်ဝန်းအစုံကတော့ဦးတည်ချက်တစ်ခု
တည်းရာ....လုချန်

လုချန်ထိတ်လန့်မှုကြောင့်
အယောင်ယောင်အမှားမှား
မတ်တပ်ထရပ်မိသည်

ဘေးတွင်ဝိုင်းရံနေသောသူများသည်
ရုတ်တရက်ဒူးထောက်သွားကြကာ
သံပြိုင်ရေရွတ်လျက်....

"သခင်လုအားနန်းတော်ကိုပြန်လာဖို့
အရှင်မင်းကြီးမှအမိန့်ပါသည်"

ကျင်းသည်လက်အစုံကိုဆန့်တန်းလျက်

"ချန်..ကျေးဇူးပြုပြီးပြန်လာခဲ့ပါ..
အကျွန်ုပ်အရမ်းသတိရတယ်"

အသံသည်လွန်စွာနူးညံ့လှပြီး
လုချန်တစ်ခါမျှပင်မကြားဖူးသောအသံ

အားလုံးသည်လုချန်ကိုအံဩသောမျက်လုံး
များနှင့်ဝိုင်းကြည့်လာကြသည်
သူတို့နားလည်ခဲ့ကြသည်ကသခင်လုသည်
ကွပ်မျက်ခံလိုက်ရပြီဟူ၍သာ..
အခုတော့အသက်ရှင်လျက်ရှိနေသေးသည်..
ထို့အတူသခင်လုသည်သိုင်းပညာလောက၌
နာမည်ကျော်ကြားသောလင်းယုန်လုချန်..

လုချန်ကိုယ်တိုင်ကတော့စကားတစ်ခွန်းမျှ
တောင်မထွက်နိုင်သေးပဲအသက်ဝိဥာဉ်မဲ့နေ
သောလူကဲ့သို့ရပ်လျက်ရှိနေသည်

ချောင်ရှင်ကအနားလာတို့၍ပြတင်းပေါက်ကို
ညွှန်ပြသောအခါ
လမ်းအပြည့်နန်းတွင်းရဲမက်အဝတ်အစားများ
ဝတ်ဆင်လျက်ရှိသောလူများကဒူးထောက်နေကြသည်

လုချန်ပြတင်းပေါက်မှကြည့်သည်ကို
မြင်သောအခါအားလုံးဂါဝရပြုကာ
တစ်ညီတစ်ညာတည်းဖြင့်...

"သခင်လုနန်းတော်ကိုပြန်လာသည်အား
ကြိုဆိုပါသည်"

အခုတော့တစ်မြို့လုံးသည်သူနှင့်ကျင်းကြားရှိ
ဆက်ဆံရေးကိုသိသွားကြကုန်ပြီ
ဤမြေတွင်အခြေကျဆက်လက်နေထိုင်ဖို့ရန်ဖြစ်နိုင်ပါတော့မလား...
ဘုရင်၏အချစ်တော်ဆိုသောအရာက.

"ရှောင်ချန်..ဒီကိုလာပါဦး..
အကျွန်ုပ်မင်းကိုလာခေါ်တာလေ..
ပြန်လိုက်ခဲ့ပါ"

ကျင်းလက်တွေကလုချန်
အလာကိုစောင့်လျက်ဆက်လက်
ဆန့်တန်းလျက်ရှိသည်..

"တကယ်လား..ငါ့အပေါ်အရမ်းအလေးထား
နေတာမဟုတ်ဘူးလား"

လုချန်ခပ်ဟဟရယ်မောမိသည်

တစ်ချိန်တည်းမှာပင်ဘယ်သူမှမမျှော်လင့်
ထားသောလုပ်ရပ်တစ်ခုကိုစတင်တော့သည်

ဆံပင်ကိုစုစည်းထားသောကြိုးစီသို့လက်လှမ်းကာ
ဖြည်ချလိုက်သည်..
ဆံနွယ်များကရေတံခွန်မှရေများလျှောကျ
ဆင်းလာသလိုပင်ခါးအထိဖြာကျလာသည်

လူအုပ်ကြီးသည်လုချန်လုပ်ရပ်အပေါ်
ထူးဆန်းစွာကြည့်နေကြသောအချိန်မှာပဲ
ခါးမှဓားမြှောင်ကိုဆွဲထုတ်ပြီး
လျင်မြန်လှသည့်အရှိန်နှင့်ဆံပင်ရှည်များအား
ဖြတ်ချလိုက်တော့သည်..

ဆံစများအားလက်နှင့်စုကိုင်ပြီး
ကျင်းနှင့်ဆယ်လှမ်းခန့်မျှအကွာအဝေးတွင်
လက်မှလွှတ်ချလိုက်သည်..
ဆံစများသည်လေနှင့်အတူကျင်းခြေတော်ရင်း
နားသို့ရောက်ရှိသွားကြသည်

"အဲ့ဒါမင်းအတွက်ပဲ..အခုအချိန်ကစပြီး
မင်းငါ့ကိုမပိုင်တော့ဘူး"

လုချန်မျက်နှာထက်တွင်အပြုံးတစ်ပွင့်
ဖြစ်တည်လာသည်..

"မင်းမြင်တဲ့အတိုင်းပဲ..ငါဆံပင်ကိုငါဖြတ်လိုက်ပြီ
အဲ့ဒီအဓိပ္ပါယ်က......ဒီတစ်သက်ထုန်အန်ကို
ဘယ်တော့မှပြန်လာမှာမဟုတ်ဘူး
ငါအခိုင်အမာပြောနိုင်တယ်
အခြားတစ်ယောက်ကိုလည်းဘယ်တော့မှ
ရှာမှမဟုတ်ဘူး..
ငါဖြစ်ချင်တဲ့တစ်ခုတည်းသောဆန္ဒက
မင်းငါ့ကိုလွှတ်ပေးဖို့ပဲ"

ကျင်းသည်အောက်နှုတ်ခမ်းကိုဖိကိုက်ကာ
တစ်ကိုယ်လုံးတုန်ယင်နေမှုကို
ထိန်းချုပ်နိုင်စွမ်းမဲ့လျက်ရှိသည်..

"ကျွန်တော်မျိုးကိုမေ့လိုက်ပါတော့..
ကမ္ဘာကြီးကကြီးမားလွန်းပါတယ်
ကျွန်တော်မျိုးလိုယောက်ျားတွေကလည်း
အများကြီးပါပဲ
အရှင်မင်းကြီးရဲ့အသွင်အပြင်ဂုဏ်ပုဒ်နဲ့ဆိုရင်
ဒီလိုမျိုးကအလွယ်လေးပဲမလား"

လုချန်ဟာဆံပင်တွေအားဖြတ်လိုက်သလိုပဲ
စိုးရိမ်ကြောင့်ကြမှုနှင့်စိတ်ဆန္ဒတွေအားလုံးကိုပါ
ဖြတ်တောက်လိုက်သည်

"မဟုတ်ဘူး...ငါမလိုချင်ဘူး"

လုချန်ကိုစိုက်ကြည့်နေရင်းမှ
သံကုန်အော်ဟစ်လိုက်သောကျင်း
လုပ်ရပ်ကြောင့်လူအုပ်ကြီးမှာ
လန့်ဖြန့်ကုန်ကြသည်

"ငါ့ကိုပြောပါ..မင်းစိတ်ကိုပြောင်းအောင်
ငါဘယ်လိုလုပ်ရမလဲ..ဘာပဲဖြစ်ဖြစ်.
ငါ့ကိုပြောစမ်းပါ"

တစ်လှမ်းချင်းဖြင့်လုချန်ရပ်နေရာ
နားသို့နီးကပ်လာသည်

လုချန်ထိတ်လန့်ကာနောက်ဆုတ်မိပေမဲ့
အဆုံးသတ်ရောက်သွားပြီး
ပြတင်းပေါက်ဘောင်နှင့်တိုက်မိသွားသည်
ကျင်းမျက်နှာအမူအရာကိုကြည့်ရင်း
လုချန်ရင်ထဲကြောက်ရွံထိတ်လန့်မှုက
တောက်လောင်လျက်ရှိသည်..

ဤလိုနေရာမှာဆက်ဆံရန်အားသုံးကြံရွယ်မယ်ဆိုရင်
ဘယ်သူမှကယ်နိုင်မည်မဟုတ်..

လုချန်စိတ်တင်းကာခေါင်းမော့လိုက်ပြီး

"ငါတောင်းပန်ပါတယ်
ဒီတစ်သက်ဘယ်တော့မှပြန်လိုက်မှာမဟုတ်ဘူး"

တစ်ချိန်တည်းမှာပင်ဘယ်သူမှမထင်မှတ်
ထားသောလုပ်ရပ်အားကျင်းလုပ်ခဲ့သည်

လုချန်ရှေ့တည့်တည့်မှာ
အမြန်ရပ်လိုက်တာကြောင့်
အားလုံးထင်ခဲ့တာကငြင်းပယ်သော
လုချန်အားဓားနှင့်ခုတ်ပိုင်းမည်ဟူ၍...

သို့သော်ငြားလည်းရုတ်တရက်ဒူးထောက်
ချလိုက်ကာလုချန်မျက်လုံးတွေအား
အသနားခံသောမျက်လုံးများနှင့်
မော့ကြည့်နေသော..ကျင်း..........

"ပြန်လာခဲ့ပါ..ငါတောင်းပန်ပါတယ်.."

လူအုပ်ကြီးသည်အံဩသင့်သွားသလို
လုချန်ကိုယ်တိုင်သည်လည်း
အံသြသင့်သွားသည်

ခြေထောက်တွေကိုဖက်တွယ်နေသော
ကျင်းလက်အထိအတွေ့ကိုခံစားလိုက်မိသည်

"ထွက်သွားကြ..ထွက်သွား"

ကျင်းအမိန့်ပေးသံနှင့်အတူလူအုပ်ကြီးသည်
သတိပြန်ဝင်လာပြီးအမြန်ပင်အပြင်သို့
ပြေးထွက်ကြတော့သည်

"ပြန်လာပါ..ပြန်လာခဲ့..ကျေးဇူးပြုပြီးပြန်လာခဲ့ပါနော်"

လုချန်ခြေထောက်တွေကိုဖက်တွယ်
ထားရင်းပင်စိတ်မထိန်းနိုင်တော့ဘဲကျင်း
ငိုကြွေးတော့သည်

ဘောင်းဘီဆီမှစိုစွက်မှုကိုခံစားရတော့မှာသာ
ကျင်းငိုနေကြောင်းသိသွားပြီးလုချန်
အသိပြန်ဝင်လာတော့သည်

ကျင်း...ငိုနေသည်..
လုချန်အိမ်မက်မက်နေတာလားဟူ၍ပင်
ထင်မိသည်

ကျင်းသည်တကယ်ပဲခြေထောက်တွေကို
တင်းကျပ်စွာဖက်ထားရင်းကလေးတစ်ယောက်
လိုပင်ငိုကြွေးနေသည်
နှုတ်ခမ်းမှလည်း
"ပြန်လာခဲ့ပါ...ပြန်လာခဲ့ပါ"ဟူတဆာဆာ
မြည်တမ်းနေသည်

နှစ်ယောက်တည်းမှာတစ်ယောက်ယောက်
ကတော့သွက်သွက်ခါအောင်ရူးနေသည်မှာ
သေချာလှသည်

ကစားစရာတစ်ခုလိုသဘောထား
ဆော့ကစားခဲ့သော....ကျင်း
ကိုယ့်ကိုယ်ကိုလွန်စွာဂုဏ်မောက်ပြီး
ဖြစ်တည်မှုအတွက်ထာဝစဉ်ကြွားဝါလေ့
ရှိသော............ကျင်း
မကောင်းဆိုးဝါးတစ်ကောင်လိုအမြဲရယ်မော
လေ့ရှိသည့်..........ကျင်း

အခုဖက်ပြီးငိုနေတာလား?

"ငါ...ငါ..ဆက်....မ.."

အတွေးဖြစ်သော်လည်း
အပြင်သို့ကျယ်လောင်စွာထွက်ပေါ်လာသည်ကို
လုချန်မသိလိုက်...

တိမ်စိုင်လေးလိုပင်ကလေးတစ်ယောက်ကဲ့သို့ငိုကြွေးနေသောသူ၏ရင်ခွင်တွင်းသို့
လဲပြိုကျသွားသည်

စတင်ခဲ့သောအချိန်ကတည်းကသေသွားမည်
ဆိုလျှင်တောင်ထိုသူလက်တွင်းမှ
လွတ်မြောက်နိုင်မည်မထင်..
ဆံပင်ကိုဖြတ်၍ဘယ်တော့မှလက်ထပ်မည်
မဟုတ်တော့ကြောင်းအသိပေးခဲ့ပေမယ့်
ကျင်းလက်တွင်းမှမလွတ်ထွက်နိုင်ပြန်..
ရယ်စရာကောင်းလောက်အောင်ပင်
တုံးအလွန်းခဲ့သည်

ထို့နောက်ကျင်းရင်ခွင်တွင်းသို့တိုးဝင်ရင်း
မေ့မျောသွားတော့သည်

လုချန်ကိုပွေ့ချီရင်းပင်ထိုင်ရှန်အိမ်တော်
အပြင်ဘက်သို့ထွက်လိုက်သည်

"အမြန်ပြင်ဆင်ကြ..ညတွင်းချင်းထုန်အန်
ကိုပြန်မယ်"

အူလည်လည်နှင့်ရပ်နေကြသောချောင်ရှင်တို့
လူစုအားတစ်ချက်ကြည့်ကာ

"ဘာဖြစ်နေကြတာလဲ..မြင်းတွေယူပြီး
ထုန်အန်ကိုတစ်ပါတည်းလိုက်ခဲ့ကြ"

လုချန်ဖြေးညှင်းစွာမျက်လုံး
ဖွင့်ကြည့်သောအခါလမင်းကဲ့သို့
ကြည်လင်တောက်ပသောမျက်ဝန်းအစုံ
အားမြင်တွေ့လိုက်သည်

အရင်အခြေအနေတွေနှင့်မတူညီကွဲပြားလှသည်
လုချန်နားလည်လိုက်တာက
သူတို့အမှန်တကယ်ပင်..........

•••••••••••••

ဤနှစ်တော့ထုန်အန်တွင်နွေဦးကို
စောစွာနှုတ်ဆက်လျက်မေလပဲရှိသေး
သော်လည်းဇွန်လကဲ့သို့ပူပြင်းလှသည်

မင်းမျိုးမင်းနွယ်များနှင့်အရာရှိလူကုံထံများသည်
အပူဒဏ်ကိုမခံနိုင်၍တစ်မိသားစုံလုံး
အင်ပါယာ၏မြောက်ဘက်ခြမ်းဒုတိယမြို့တော်
ထုန်တယ်သို့ရွေ့ပြောင်းနေထိုင်ကြသည်

ဧကရာဇ်ကျင်းစုန်အုပ်ချုပ်သောကာလတွင်
မြောက်ဘက်ခြမ်းဒေသမှဆူပူအုံကြွမှုတွေသည်
လည်းလျော့နည်းလာသည်

မြောက်ဘယ်ခြမ်းဒေသသို့တိုင်းခန်းလှည့်လည်
ခြင်းသည်နှစ်စဉ်နွေရာသီတိုင်းပြုလုပ်လေ့ရှိသောကိစ္စရပ်ဖြစ်သည်..
နန်းတွင်းသူနန်းတွင်းသားတို့အလွန်မျှော်လင့်
ထားကြသည့်ပျော်ပွဲရွှင်ပွဲဆိုလည်းမမှားပေ

တောင်ဘက်ခြမ်းနယ်မြေဟန်ကျိုးမှာကြီး
ပြင်းခဲ့သောလုချန်ကတော့ထုန်အန်နွေရာသီ
အပူမှာမပြောပလောက်ပေ

••••••••

တစ်ညတွင်ကျင်းသည်စာကြည့်ခန်းထဲတွင်ထိုင်
ကာတင်ပြထားသောစာလွှာများအား
ပျင်းရိစွာဖတ်နေသည်
စာများသည်များသောအားဖြင့်အရေးမကြီးသော
အကြောင်းအရာများသာဖြစ်သည်

ရဲတင်းလှစွာသောလုချန်အပြုအမူကခေါင်း
ထဲပြန်ပေါ်လာသည်
ထိုညကအပူရှိန်ကိုအံတုရင်းသူ့အောက်မှာ
ချွေးပြိုက်ပြိုက်ကျနေသောအသွင်အား
မြင်ယောင်လာကာပြုံးမိပြန်သည်

မြောက်ဘက်ခြမ်းဒေသတိုင်းခန်းလှည့်လည်
မည့်အချိန်နီးကပ်လာသည့်အတွက်
နန်းတွင်းသူနန်းတွင်းသားများသည်
ပျော်ရွှင်မြူးတူးနေကြသည်
လိုအပ်သောအရာများကိုတစ်ညလုံး
မအိပ်မနေပြင်ဆင်ကြသည်

"အရှင်မင်းကြီးကိုလျှောက်တင်ပါသည်
အရှင်မင်းကြီးမိန့်မှာသည့်အတိုင်း
မြောက်ဘက်ခြမ်းဒေသသွားဖို့ရန်အလုံးစုံ
အစစအရာရာစီစဉ်ပြီးပါပြီ..
မနက်ဖြန်ခရီးစဉ်ကတော့အရာရာအဆင်ပြေ
ပါတယ်"

အမိန့်ရထားသောဝန်ကြီးယမ်ကျုံသည်
အားလုံးပြင်ဆင်ပြီးပြီဖြစ်ကြောင်းလျှောက်တင်
လိုက်သည်
ကျင်းသည်မာထန်သောမျက်နှာထားနှင့်အတူ
ပြုံးခြင်းအလျင်းမရှိ
ဝေါယာဉ်အတွင်းသို့ဝင်ထိုင်လိုက်ပြီး

"အမတ်မင်းအဆောင်ကိုသွား"

အမတ်မင်းအဆောင်သည်နန်းတော်အပြင်ဘက်
တွင်တည်ရှိပြီးလမ်းလျှောက်လျှင်
တစ်နာရီခန့်ကြာသည်

အဆောင်အဝင်ဝသို့ရောက်ရှိတဲ့အခါ
မနက်ဖြန်ထွက်မည့်ခရီးအတွက်ပြင်ဆင်နေကြ
သောအစေခံများကိုကျင်းမြင်နေရသည်
နှုတ်ခမ်းထက်မှာနူးညံ့လှသောအပြုံးက
ဖြစ်တည်လာသည်

ထုန်တယ်သည်ထုန်အန်လောက်
မစည်ကားပေမဲ့လည်းတောင်သုံးတောင်ဝန်းရံ
ထားသည့်အနေအထားနှင့်တစ်နှစ်ပတ်လုံး
အေးမြလှသည်

ထုန်တယ်၏အေးမြသောရာသီဥတုနှင့်အတူ
လုချန်ခန္ဓာကိုယ်လေးသည်သူ့ကိုယ်နှင့်
နီးကပ်နေမည်ဟူသောအတွေးက
စိတ်ကြည်နူးစေသည်
ခန္ဓာကိုယ်ချင်းပွတ်တိုက်ရင်း
စိတ်လှုပ်ရှားဖွယ်အရာများကို
ဖန်တီးကြမည်

ရဲမက်တွေကိုအပြင်မှာနေစေကာ
လုချန်အခန်းတည်ရှိရာအဆောင်တော်သို့
ကျင်းအပြေးသွားလိုက်သည်
သို့ပေမဲ့အဝတ်တွေထည့်နေသော
ရှောင်စန်ကိုသာတွေ့သည်

"ဘယ်မှာလဲ"

အသံကတော့ဘုရင်ပီပီတည်ငြိမ်လှပေမဲ့
စိတ်မရှည်စွာနုဖူးကြောတွေတင်းလျက်
အံတွေကြိတ်နေမိသည်ကိုသူသာလျှင်သိမည်

"ဟန်ကျိုးကနေလူကြုံလာလို့
အခုစာကြည့်ခန်းထဲမှာပါ"

လုချန်ညီအစ်ကိုတွေအား
ကျန်းနန်ရုံးတော်တစ်ခုတွင်ရာထူးပေး
ခန့်အပ်ထားခဲ့သည်
ထိုအကြောင်းအရာအားလုချန်ငြင်းဆိုခဲ့ပေမဲ့
နေပြည်တော်ကိုမလိုက်ချင်ဘူးဆိုသော
ညီအစ်ကိုတွေဆန္ဒကြောင့်လက်ခံခဲ့သည်

လေး ငါးနှစ်အတွင်းမှာလည်းလုချန်
သည်ညီအစ်ကိုတွေနှင့်အဆက်အသွယ်မပြတ်ခဲ့
ထုန်အန်နှင့်ကျန်းနန်ဝေးလှတာကြောင့်
သုံးလတစ်ခါသာလာလည်ကြသည်
ထိုမှတစ်ဆင့်ခြောက်လတစ်ခါ..
အခုတစ်နှစ်တစ်ခါမျှသာလာတော့သည်
ဤနှစ်မတ်လတွင်ချောင်ရှင်လာပြီးပြီဖြစ်သော်
လည်းအခုနောက်ထပ်တစ်ယောက်...

အဖျတ်တစ်စုံတစ်ရာပေါ်ပေါက်လာမည်ကို
ကျင်းစိုးရိမ်လှသည်

စာကြည့်ခန်းရှေ့တည့်တည့်ရပ်ကာတံခါးမခေါက်
ဘဲတွန်းဖွင့်ကာအထဲသို့ခြေလှမ်းလိုက်သည်

နောက်ကျောပေးထိုင်နေသောလူနှစ်ဦး
သည်ထိတ်လန့်သွားကနောက်လှည့်ကြည့်
လာကြသည်...
ကျင်းမမြင်ဘူးသောညီအစ်ကိုများဖြစ်နေသည်

လုချန်ကတော့ကျင်းနှင့်အနေကြာတာကြောင့်
ဖြစ်ကောင်းဖြစ်နိုင်သည်..
လန့်သွားပုံပေါ်ပေမဲ့ရုတ်ချင်းပင်
ပြန်လည်တည်ငြိမ်သွားသည်
အချိန်ကလည်း၅နှစ်တောင်ရှိပြီလေ

"အရှင်မင်းကြီး"

ဂါဝရတရားအပြည့်နှင့်ထွက်ပေါ်လာသည့်
တည်ငြိမ်လှသောလုချန်လေသံကြောင့်
ထိုလူများသည်လုချန်၏ညီအစ်ကိုများ
မဟုတ်သည်ကိုနားလည်လိုက်သည်

အပြင်မှာပဲဖြစ်ဖြစ်အတွင်းမှာပဲဖြစ်ဖြစ်လုချန်
သည်ကျင်းအားမနီးလွန်းမဝေးလွန်းသော
အသုံးအနှုန်းဖြင့်ပြောဆိုလေ့ရှိသည်
ပြဿနာတတ်သွားသောကိစ္စရပ်ဖြစ်သွားနိုင်
သည့်အတွက်လုချန်သည်ကိုယ့်ကိုယ်ကို
ထိန်းချုပ်ကာအဆင့်ကျော်သည့်
အသုံးအနှုန်းများသုံးလေ့မရှိတော့

ပိုမိုရင့်ကျက်လာသောလုချန်ကိုကြည့်ရင်း
ကျင်းရိုင်းစိုင်းသောဓားမြခေါင်းဆောင်လေးပုံစံ
အားသတိရမိပြန်သည်
သို့သော်နန်းတွင်းမှာနေမည်ဆိုလျှင်ထိုသို့
အပြုအမူများကအပြစ်ပြောစရာ
ဖြစ်လာနိုင်သည်

ကျင်းခေါင်းငြိမ့်ပြကာဘေးမှရှိသော
ခုံတွင်ဝင်ထိုင်လိုက်သည်
အူကြောင်ကြောင်ဖြစ်နေသာလူနှစ်ယောက်
သည်အခုမှအသိဝင်လာပြီးအမြန်ဒူးထောက်ကာ

"အရှင်မင်းကြီး..သတ်တော်ရာကျော်ရှည်ပါစေ"

လုချန်မှ

"သူတို့နှစ်ယောက်ကဟန်ကျိုးကကုန်သည်
တွေလေ...ဒုတိယအစ်ကိုကသူတို့နဲ့စာလူကြုံ
ထည့်ပေးလိုက်တာ.."

စားပွဲငယ်လေးပေါ်တွင်မဖွင့်ဖောက်ရသေးသော
စာတစ်စောင်ကရှိနေသည်
စကားပြောနေကြ၍ဖွင့်ဖောက်ရန်မအားသေး
ဘူးထင်သည်

ဂါဝရပြုနေကြသောနှစ်ယောက်အား
ခေါင်းမော့ရန်ကျင်းလက်ဝှေ့ယမ်းပြလိုက်သည်
ရင်တွင်းမှာကားလုချန်နှင့်သူ၏ကိုယ်ပိုင်
အချိန်လေးအတွက်ထိုသူနှစ်ယောက်အား
အမြန်သွားစေချင်နေပြီ

ကျင်း၏မသာယာသောမျက်နှာကြောင့်
ထိုသူနှစ်ယောက်လည်းလုချန်အား
နှုတ်ဆက်စကားပြောကာအမြန်ပင်
ထွက်ခွာသွားကြသည်..

ထို့နောက်တစ်ပြိုင်နက်လုချန်အား
ပွေ့ချီလိုက်တော့သည်
အခြားသူအမြင်မှာတော့ကျင်းကလုချန်ကို
ဖမ်းခေါ်သွားခြင်းဟူ၍...

•••••

Hua Hua You Long[花花遊龍]Where stories live. Discover now