Chapter 2

16.2K 1K 14
                                    

[[Zawgyi]]

နေမင်းသည်ကောင်းကင်အားပစ်ခွာလျက်
တိမ်မြုပ်ဝင်တော့မည့်ဟန်ပေါ်နေသည်
သွေးမျက်ရည်ကျသကဲ့သို့နီရဲနေသောကောင်းကင်ယံသည်နေမင်းနှင့်ခွဲခွာရသည့်အပေါ်လွန်စွာပူဆွေးနေပုံရသည်
လေရူးများကလည်းလေကိုဆန်ကာရပ်နေကြသူများအားတစိမ်းဆန်စွာပင်နှုတ်ခွန်းဆက်နေကြသည်
ကြီးမားသောခံတပ်သဖွယ်ဖြစ်နေသည့်သဲကန္တာရအားအဝေးမှပင်ရပ်လျက်အဖြူရောင်ဝတ်ရုံရှည်နှင့်ခမ်းနားထည်ဝါသောထိုသူသည်တွေဝေစွာဖြင့်ရှူစားနေသည်
လက်အစုံအားရင်ဘတ်နေရာမှာတည်လျက်
ကြွရေုပ်သွင်မျက်နှာထားသည်တစ်စုံတစ်ရာမှာအတွေးယာဉ်နှစ်မျောနေသကဲ့သို့အေးစက်တည်ငြိမ်နေသည်

"Jing..”

ခက်ထန်နေသောမျက်နှာသည်ချစ်ခင်မြတ်နိုးရသူအသံကြောင့်ပြေလျော့သွားသည်
စကားသံကြားသည်နှင့်အနားရောက်လာပြီးလေစိမ်းများတိုက်ခတ်နေကြသည်ကိုကာရံပေးသည်

"စိတ်ထဲမှာတစ်ခုခုများရှိနေတာလား"

ဘေးတွင်ရပ်နေသောခန့်ညားသည့်လူသားထံမှစိတ်ပူနေသောစကားများထွက်ကျလာသည်
Jingရင်တွင်းအားနွေးထွေးစေနိုင်သောစကားသံကြောင့်အပြုံးနုလေးတစ်ခုဖြစ်တည်လာသည်

"မဟုတ်ပါဘူး...ဒါပေမဲ့..ကြက်သွေးရောင်ကောင်းကင်
ကိုသိပ်မကြိုက်လှဘူး"

"မင်းကဒီလိုအရာကိုစိတ်ရှုပ်ခံတယ်ပေါ့..
ဟုတ်လား.."

မလိုမကျမှုကြောင့်မဲ့နေသောမျက်နှာအားသတိမထားမိပဲခေါင်းထဲဝင်လာသည်ကိုအရင်ထုတ်ပြောလိုက်သည်။
ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲလွန်းသော
Jingလိုလူမျိုးသည်ကောင်းကင်အရောင်အား
စိတ်ထဲထည့်နေသည့်အတွက်Lu Cang
မအံသြပဲမနေနိုင်

"မတတ်နိုင်ဘူးလေ...အရူးလေးကပါလာတာကိုး"

"ဘယ်သူ့ကိုအရူးလို့ပြောတာလဲ"

"အို..ငါအမည်တပ်မပြောပေမဲ့အရူးကသူ့ကိုယ်သူ
တော့သိသား...ဒါလည်းကောင်းတာပါပဲ"

"ကျစ်"

ရယ်သံလေးထွက်ပေါ်လာပြီးနောက်
Jing၏မျက်လုံးသည်တဖန်ပြန်တည်ကြည်လာပြီး
"ငါထပ်ပြောမယ်နော်..
မနက်ဖြန်ကျအနောက်မှာပဲနေခဲ့"

"အာ့ဆိုငါလည်းထပ်ပြောမယ်...အတူလိုက်မှာပဲ
ဒီကိုလာဖို့ကငါအကြံလေ..ငါလိုက်မြှဖစ်မှာပေါ့"

Lu Cangငြင်းဆန်သည့်အနေနှင့်ခေါင်းခါယမ်း
ပြသည်
Mingdiတိုင်းပြည်နှင့်စစ်ပြေငြိမ်းရန်အကြံ
ပေးသူမှာကိုယ်တိုင်ဖြစ်သည့်အတွက်
နောက်မှာကျန်နေခဲ့ဖို့ရာLu Cangလက်မခံနိုင်
အနားယူဖို့ရန်ဆန္ဒမရှိသောလေစိမ်းများသည်ခန်းနားကြီးကျယ်သောအသွင်ဆောင်သူနှစ်ဉီးအနားတွင်ဖြတ်တိုက်လျက်ရှိသည်
ဆံစလေးများပါမကျန်ဖြတ်တိုက်လာသောလေပြင်းသည်ရင်တွင်းခံစားချက်များပါမကျန်သယ်ဆောင်သွားပြီးအဝေးတစ်နေရာတွင်ရှည်လျားသောအော်ညည်းသံအဖြစ်ပြောင်းလဲကုန်တော့သည်
Datongနှင့်Mingdiနှစ်နိုင်ငံစစ်ပွဲသည်
သုံးလနီးပါးကာလကြာရှည်နေပြီဖြစ်ပြီး.
နှစ်ဖက်စလုံးတွင်အထိခိုက်အသေကျေလည်း
များလှသလိုအကျိုးရလဒ်လည်းများလှသည်
စစ်သည်အရေအတွက်အရDatongကသာ
ပေမဲ့လည်းMingdiနယ်မြေနဲ့ပတ်သတ်ပြီး
အသိဥာဏ်နည်းလှသည်

ဓားမြတစ်ယောက်ဖြစ်သည့်အတွက်အပြစ်မဲ့သူ
များသေကျေမှုသည်မထူးဆန်းပေမဲ့လည်း
များပြားလှသောသေဆုံးမှုတွေက
Lu Cangကိုအဆင်မပြေဖြစ်စေသည်

ထို့ကြောင့်စစ်ပြေငြိမ်းရေးအတွက်ဆွေးနွေးကြ
ရန်Lu Cangတင်ပြခဲ့သည်
အမြဲတစေကိုယ်၌ရှိသောအရည်အချင်းများကိုထုတ်ဖော်ခွင့်မရှိသောLu Cang၏လျှောက်တင်ချက်မှာအခုတစ်ခါမှန်ကန်နေခဲ့သည်
စစ်ပွဲဆက်လက်ဖြစ်ပွားနေမည်ဆိုလျှင်လည်း
Datongအပေါ်ဆိုးကျိုးရလဒ်များရရှိလာမည်
ဖြစ်၍ထိုအကြံအားJingလက်ခံခဲ့သည်
အခြားသူများမဟုတ်ပဲယုံကြည်ရသောသူဖြစ်သည့်
Mu Yueကိုသာသွားရောက်သတင်းပို့စေခဲ့ရာ
မထင်မှတ်ပဲMingdiမှလည်းစစ်ပြေငြိမ်းရေးအ
တွက်ဆွေးနွေးရန်သဘောတူခဲ့သည်

အားသည့်အချိန်တိုင်းစစ်ရေးစစ်ရာများကိုJingသင်ကြားပေးလေ့ရှိသည့်အတွက်Lu Cang၏လုပ်နိုင်စွမ်းနှင့်အကြံဥာဏ်များသည်တစ်နေ့ထက်တစ်နေ့တိုးတက်လာသည်ကိုJingနားလည်သည်
နဂိုတည်းကဥာဏ်ကောင်းသောသူဖြစ်ပေမဲ့ရိုးသားနုံအသည့်ဓာတ်ခံကဖုံးအုပ်ထားခဲ့သည်
ထို့သို့စွမ်းဆောင်နိုင်စွမ်းရှိသူအဖြစ်Jingလက်ခံထားပေမဲ့လည်းLu Cangကိုစချင်၍သာမသိချင်ယောင်ဆောင်ပြီးထုတ်မပြောခြင်းဖြစ်သည်
အကျိုးသာသည့်အနေအထားမှာရှိနေသောMingdiမှစစ်ပြေငြိမ်းရန်ကိုလွယ်ကူစွာလက်ခံလိုက်ခြင်းအပေါ်Jingတစ်ခုခုလွဲနေသည်ထင်၍ရတတ်မအေးလှ
Mingdiနှင့်ပတ်သတ်သောအချက်အလက်များကိုနောက်ဆုံးအချိန်ထိဖုံးကွယ်သွားသည့်Xiangတိုင်းပြည်ကြောင့်အခြေအနေတွေခက်ခဲနေရခြင်းဖြစ်သည်
တစ်စုံတစ်ခုများအမှားပေါ်ခဲ့လျှင်
နောက်ကွယ်မှာနေခဲ့သည့်Lu Cangမှတစ်ခုခု
ကြံရွယ်နိုင်သည်ဟုတွေးထင်ခဲ့သည်
သို့ပေမဲ့Lu Cangသည်Jingကအသုံးမလိုသော
လူတစ်ယောက်ပျော့ညံ့သောလူတစ်ယောက်
ဟုသတ်မှတ်နေသည်ဟုအထင်မှားကာ
လက်မခံနိုင်ဖြစ်နေတော့သည်

ရှုင်းပြလိုစိတ်မရှိတော့ဘဲတိတ်တိတ်လေးသာ
နေကာLu Cangအားရင်ခွင်တွင်းမှာတင်းကျပ်
စွာဖက်ထားလိုက်သည်

"ဟုတ်ပါပြီ...အစောင့်တွေအပြည့်တော့ရှိပါစေ
ငါတို့ကရန်သူပိုင်နက်ထဲရောက်နေတာလေ"

Lu Cangရင်ခွင်တွင်းရှိနေလျှင်စိုးရိမ်ကြောင့်ကျမှုများကင်းစင်သွားတတ်ပေမဲ့ယခုအခါတွင်တော့ကျန်ရှိနေသေးသည်

"သိပါပြီ...ငါမင်းဘေးမှာပဲနေမှာပါ.."

"အဲ့လိုနားလည်တာကောင်းတယ်"

နီရဲနေသောကောင်းကင်ကြီးအောက်တွင်
နက်နဲသောအနမ်းတွေအားစတင်ဖန်တီး
နေကြပြန်သည်
စိုးရိမ်ကြောင့်ကျမှုတွေအားဘေးဖယ်ထားလိုက်တဲ့အခါနှစ်ဉီးတည်းရှိနေသောကမ္ဘာငယ်တစ်ခုပေါ်ပေါက်လာသည်
အစောင့်နှစ်ယောက်သည်လည်းဘုရင်နှင့်အချစ်တော်၏သိပ်သည်းလှသောနမ်းရှိုက်မှုတွေကြောင့်ဘယ်ကြည့်ရမှန်းမသိဖြစ်ကုန်ကျတော့သည်

••••••••

Mingdiတိုင်းပြည်၏ကျယ်ပြောသော
တောအုပ်များနှင့်အရိုင်းဆန်သောနယ်မြေ
များသည်အခြားတိုင်းပြည်မှရောက်ရှိလာမည့်
အန္တရာယ်များကိုတံတိုင်းသဖွယ်
ကာရံပေးလျက်ရှိသည်...

သို့ပေမဲ့Datongသည်ထိုတိုင်းပြည်ထဲတွင်
မပါဝင်ပါ။
Datongသည်အင်အားကြီးလှသော
တိုင်းပြည်ဖြစ်၍
သာမန်ဟုဆိုသောစစ်တပ်အင်အားလေးကပင်
တိုင်းပြည်ငယ်လေးတွေကိုဒူးထောက်ကျကာ
ရှုံးနိမ့်စေသည်

Mingdiသည်Datongလောက်အင်အားမကြီးသလိုကြွယ်ဝချမ်းသာခြင်းမရှိ
ပေမဲ့လည်းအရှေ့ဘက်ခြမ်းဒေသမှာတော့
အင်အားအကြီးဆုံးနိုင်ငံဖြစ်သည်
အိမ်နီးချင်းနိုင်ငံများနှင့်လည်းစစ်ဖြစ်ပွားမည့်
အစားရင်းနှီးကျွမ်းဝင်မှုများကိုအရယူထားသည်

Datong၏ရည်ရွယ်ချက်ဖြစ်သည့်
အရှေ့ဘက်ခြမ်းဒေသများကိုသိမ်းယူကာ
Datongအင်ပါယာသွင်းမည်ကိုMingdiလည်း
ကြားသိပြီးဖြစ်သည်

Xiangတိုင်းပြည်ပျက်သွားသည်အား
လည်းမြင်တွေ့ပြီးပြီဖြစ်၍ယခုမျက်မြင်တွေ့ရ
မည့်Datongဧကရာဇ်ဘယ်လိုလူမျိုးဖြစ်
သည်ကိုHuan Shu Chengခန့်မှန်းနေမိသည်
သေးငယ်သောတိုင်းပြည်ဖြစ်ပေမဲ့လည်းXiangတိုင်းပြည်ဘုရင်သည်ပျော့ညံ့သောသူတော့မဟုတ်
ထို့အပြင်မိဖုရားကိုယ်တိုင်ကလည်းXiangနိုင်ငံမှမင်းသမီးဖြစ်ပြီးဆက်ဆံရေးပြေလည်နေကာမှပြောင်းလဲသွားသောDatong၏လုပ်ရပ်ကိုမည်သူမျှနားမလည်နိုင်ပဲဖြစ်နေသည်

ကြီးမားလှသောDatongအင်ပါယာကြီး၏
ကြီးမြတ်လှသောအရှင်သခင်Jing Zong

အမည်နှင့်အောင်မြင်မှုများကလွဲ၍ကျန်တာ
Huan Shu Chengမသိပါ။
ထိုဧကရာဇ်Jing Zongဆိုသူအားမကြာခင်လူကိုယ်တိုင်မြင်ရတော့မည်

ဧကရာဇ်Jing Zongသည်ကိုယ်တိုင်ပင်စစ်ကြေ
ငြာခဲ့ပြီးယခုစစ်ပြေငြိမ်းရန်ကမ်းလှမ်းခဲ့သည့်
အတွက်Mingdiအားကာကွယ်ပေးသောရေမြေအခြေအနေအား
Huan Shu Chengဝမ်းမြောက်မိသည်
ရှုပ်ထွေးနေသောရင်တွင်းအားပြေလျော့စေရန်သက်ပြင်းချမိသည်
မျက်ဝန်းရှေ့ကအစိမ်းရောင်မြင်ကွင်းသည်လညစစ်လက်ကျန်များဖြစ်လာခဲ့သည်
သစ်ပင်အချို့သည်လဲပြိုနေပြီးမြေပြင်၌သွေးကွက်များကအိုင်ထွန်းနေသည်
လေကသယ်ဆောင်လှသောသွေးညီနံ့များကြောင့်Huan Shu Chengမျက်မှောင်ကျုံ့မိသည်
အမှန်ဆိုလျှင်Datong၏တိုက်ခိုက်မှုကြောင့်
Mingdiအင်အားတစ်ဝက်ကျော်ထိခိုက်နစ်နာ
နေပြီဖြစ်သည်
နယ်မြေအခြေအနေကြောင့်
Datongစစ်သူကြီးကိုယ်တိုင်မှစစ်ပြေငြိမ်းရန်လာရောက်ပြောကြားသည့်အတွက်စိတ်သက်သာရာရကာ
သက်ပြင်းချကြရသည်

"အိမ်ရှေ့မင်းသား..မင်းကြီးဆင့်ခေါ်လာခဲ့ပ့သည်"

ဖခမည်းတော်Huan Hu Tongမှတဲဆီလာရန်
ခေါ်နေခြင်းဖြစ်သည်
Datongမှသူများသည်လည်း
ရောက်ရှိနေပြီထင်သည်
သိချင်စိတ်များကိုထိန်းရင်းမျက်နှာထားအားတည်စေကာရဲမက်နောက်လိုက်ပါသွားသည်
တဲအတွင်းသို့ဝင်လိုက်သည့်နှင့်
အန္တရာယ်ရှိသောအငွေ့အသက်များနှင့်
အင်အားကြီးသောဖြစ်တည်မှုတစ်ခုအား
ခံစားလိုက်မိသည်
အပြင်ကထက်ပင်တဲအတွင်းကပို၍အေးစက်နေသေးသည်

"အကြံပေးShu Cheng"

ဖခမည်းတော်မှအနားလာရန်ခေါ်သည်
ဖခမည်းတော်ဘေးတွင်တော့Mingdiစစ်တပ်တွင်အာဏာအရှိဆုံးသူဖြစ်သည့်စစ်သူကြီး
Yan Liနှင့်ညီတော်စပ်သူတပ်မှူးYan Yiတို့ကနေရာယူလျက်
ရှိသည်
နှစ်ယောက်စလုံးသည်ဖခမည်းတော်၏အယုံ
ကြည်ရဆုံးသောသူများဖြစ်ပေမဲ့လည်းHuan
Shu Chengနဲ့တော့အဆင်မပြေလှပါ
Huan Shu Chengနန်းတတ်လာတဲ့အခါရဆဲဖြစ်သည့်ရာထူးရာခံများပပျောက်သွားမည်စိုးရိမ်နေကြဟန်တူသည်

"အရှင်မင်းကြီး"

Huan Shu Chengသည်အိမ်ရှေ့စံဖြစ်သည်ကို
ထုတ်ဖော်ပြသလေ့မရှိဘဲစစ်ရေးအကြံပေး
ရာထူးကိုသာအမည်တပ်လေ့ရှိသည်
အိမ်ရှေ့စံမှန်းသိသွားပြီဆိုလျှင်ပြောင်းလဲဆက်ဆံလေ့ရှိသောသူများကြောင့်ထုတ်ဖော်လေ့မရြှိခင်းဖြစ်သည်

"ဒါကတော့ကြီးမြတ်လှတဲ့Datongအင်ပါယာ
ဧကရာဇ်Jing Zongနှင့်နောက်ပါတွေပါ.."

ဖခမည်းတော်ညွှန်ပြရာကိုလိုက်ပါကြည့်ကာ
အံသြမှုအားမြိုသိပ်လျက်သာမန်အပြုံးပြုံး
ပြလိုက်သည်

Jingကတော့ဘာမှမတုံ့ပြန်ပဲပုံမှန်နေပေမဲ့လည်း
လှုပ်ရှားသွားသူကLu Cangဖြစ်သည်

Huan Shu Chengအားတွေ့သောအချိန်
တွင်Lu Cangအံသြသင့်သွားမိသည်
ထိုသူ့ရုပ်ရည်သည်Jingကဲ့သို့ပြီးပြည့်စုံသော
အလှမဟုတ်ပေမဲ့လည်းအလွန်ပင်
တင့်တယ်လှသည်
ဖြောင့်မတ်မှန်ကန်ခြင်းဆိုသောအရှိန်အဝါတွေ
ဖုံးလွှမ်းလျက်တောက်ပသောမျက်ဝန်းတွေက
ဥာဏ်ပညာရြှိခင်းအားဖော်ပြနေသည်
ရှည်လျားသွယ်လျသောခန္ဓာကိုယ်သည်ဘုရင့်အနီးတွင်ရပ်နေသည်ကိုကြည့်ရသည်မှာလွန်စွာကျက်သရေရှိလှသည်

မျက်လုံးခြင်းစုံသွားသည့်အချိန်တွင်Lu Cang
အားခေါင်းအသာငြိမ့်ပြသည်
ငယ်ရွယ်ပေမဲ့လည်းရာထူးမသေးလှသည်မို့ဒါပုံမှန်များလားLu Cangတွေးနေမိသည်
ငယ်ရွယ်လှပသောအသွင်နှင့်အတူအသိဥာဏ်ပညာမှာလည်းမသေးလှသည်မှာသိသာသည်
Jing ရုံးတော်တွင်ရှိသောအိုကြီးအိုမတွေနှင့်နှိုင်းယှဉ်လျှင်လွန်စွာကွာခြားလှသည်
ဘေးမှာရှိနေသောJingကတော့သေစေနိုင်သော
အကြည့်များနှင့်Lu Cangအားအနားတိုးစေကာ
နားရွက်နားကပ်ပြီး

"ထပ်ကြည့်နေမယ်ဆိုရင်..သေချာတယ်..
မနက်ဖြန်နေ့လည်စာလွတ်တဲ့အထိ
ငါလုပ်ပြမယ်"

တိုးတိုးလေးပြောသည်ဖြစ်ပေမဲ့လည်းဘေးမှာ
ရပ်နေသောMu Yueနဲ့Ding Pengကြားနိုင်
သည်မို့Lu Cangအားအဆုံးစွန်ရှက်သွေး
ဖြာစေတော့သည်

အရှက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသည့်ဒေါသတွေအားကြိတ်မှိတ်မြိုချလျက်
နားလည်သည့်အနေနှင့်ပြုံးရင်းခေါင်းငြိမ့်
ပြလိုက်သည်

အရှေ့မြှမင်ကွင်းတွေအားShu Chengလည်း
သေချာကြည့်နေမိသည်
ဖခမည်းတော်ကြိုတင်ပြောပြချက်အရ
ဧကရာဇ်၏ညာဘက်တွင်စူးရှသောမျက်ဝန်း
သန်မာသောခန္ဓာကိုယ်တို့ပိုင်ရှင်တပ်မှူး
Ding Pengရှိသည်

ဘယ်ဘက်ခြမ်းအစွန်းဘက်တွင်တော့
ဤမြေပေါ်တွင်အရက်စက်အကြမ်းကြုတ်ဆုံး
စစ်သူကြီးလို့အမည်ကျော်ကြားသည့်
စစ်သူကြီးMu Yueရှိသည်
တပ်မှူးDing Pengထက်ကိုယ်လုံးအတန်ငယ်သေးပေမဲ့လည်း
အကြည့်တစ်ချက်နဲ့ပင်ပြာကျနိုင်သည်
တစ်ချက်ကြည့်လိုက်တိုင်းပါလာတတ်သည့်မာနကြီးဂုဏ်မောက်သည့်အရိပ်အယောင်တွေကတော့မဆိုနဲ့တော့

အကွယ်ပါသည့်ခေါင်းဆောင်းဆောင်း
ထားသည့်အတွက်ဧကရာဇ်၏မျက်နှာကိုတော့
Shu Chengသေချာမမြင်ရ။
သို့ပေမဲ့လည်းကြီးကျယ်ခန်းနားလှသော
ဟန်ပန်များကြောင့်ဖခမည်းတော်ထက်ပင်
အုပ်ချုပ်ရေးတွင်သာမည်ဟုShu Cheng
ကောက်ချက်ချမိသည်

ထိုဆွေးနွေးပွဲတွင်စိတ်ဝင်စားစရာအကောင်းဆုံး
မှာဧကရာဇ်နှင့်အနီးဆုံးနေရာတွင်ရှိနေသော
လက်ထောက်စစ်သူကြီးဆိုသူပင်ဖြစ်သည်

အရပ်မှာShu Chengနဲ့တန်းတူပင်ဖြစ်သော်
လည်းမျက်နှာမှာစစ်တပ်နှင့်မကိုက်ညီလှ
စစ်မြေပြင်မှာတိုက်ခိုက်နေကြသူများ၏ရက်စက်ကြမ်းကြုတ်သောအသွင်နဲ့ဆန့်ကျင်လျက်အလွန်ပင်
ခန့်ညားလွန်းနေသည်
ဓားမြောင်သဖွယ်မျက်ခုံးရိုးတွေကမာနတရားတွေကိုမသိမသာဖော်ပြနေပြီး
ဆွဲဆောင်မှုအရှိဆုံးအရာမှာရိုးသားဖြူစင်လှ
သောစိတ်ဝိညာဉ်အားဖော်ပြနေသည့်
မျက်ဝန်းတြွေဖစ်သည်

ဧကရာဇ်နှင့်ပြောဆိုနေသည်အားကြည့်ချင်းအား
ဖြင့်ဧကရာဇ်၏အယုံကြည်ရဆုံးသောသူ
ဖြစ်ဟန်တူသည်

အမည်မရှိသောအကြောင်းပြချက်တွေနှင့်
ထိုသူထံမှShu Chengမျက်လုံးဖယ်၍မရနိုင်ဖြစ်နေသည်
ထိုသူတည်ရှိနေခြင်းသည်Shu Cheng၏
စိတ်ဝင်စားမှုတွေအားမွှေနှောက်နေသလိုဖြစ်နေပြီး
အချိန်တိုင်းလိုလိုShu Cheng၏စိတ်တွေကထိုအမျိုးသားရှိရာသို့
ဆွဲခေါ်ခြင်းခံနေရသည်
စစ်ရေးဆွေးနွေးနေသည်အားနားထောင်ရင်းတစ်ချက်တစ်ချက်မျက်မှောင်ကျုံလိုက်တာ
လေးကပင်မြူဆွယ်နေသလိုခံစားရသည်

ရှာဖွေတွေ့မိတာတစ်ခုသည်စစ်သူကြီးနှင့်တပ်မှူး
သည်ဧကရာဇ်အားကာကွယ်နေခြင်းမဟုတ်
ဘဲထိုသူအားကာကွယ်နေသည့်ပုံပေါ်နေသည်
ထိုအခြင်းအရာတွေကြောင့်Shu Chengမှာတော့
ပိုပြီးသိချင်စိတ်ပြင်းပြလာသည်

Lu Cangထံတစ်ချိန်လုံးကျရောက်နေသော
Shu Chengမျက်လုံးတွေကိုဘေးမှJing
အကုန်တွေ့မြင်နေရသည်
Jingအလွန်ပင်စိတ်အနှောက်အယှက်ဖြစ်
နေပြီးဆွေးနွေးပွဲတွင်သာအာရုံရောက်နေသော
Lu Cangကြောင့်ပြုံးမိပေမဲ့လည်းဒေါသတွေက
လျော့မကျသွားခဲ့။

အခြားဖက်တွင်လည်းဘုရင်Huan Hu Tong
သည်အချိန်ဆွဲနေသည်အလားထင်မိသည်အထိအရေးမပါတာတွေသာပြောနေသည်

အခြားတစ်ဖက်မှာတော့စစ်ရေးပြေငြိမ်းဖို့ဆွေးနွေးတာထက်Lu Cangကိုသာအာရုံစိုက်နေသောအကြံပေးကရှိနေသည်

အကယ်၍အရေးကြီးသောဆွေးနွေးပွဲအလယ်
မှာသာမဟုတ်လျှင်အကြံပေး၏မျက်လုံးတွေ
ပေါက်ထွက်သွားအောင်Jingကြံရွယ်မိလိမ့်မည်

ရုတ်တရက်ထွက်ပေါ်လာသောဆူညံသံသည်
ဆွေးနွေးပွဲအားဝင်နှောက်ယှက်လာသည်
ဓားချင်းယှဉ်နေသည့်အသံဖြစ်သည်မှာ
ထင်ရှားလှသည်

Jingအမြန်ထရပ်ကာဘုရင်Huan Hu Tongနဲ့
မျက်နှာချင်းဆိုင်လိုက်သည်

"ဘုရင်Huan Hu Tong..ဒါကိုဘယ်လိုတာဝန်
ယူမှာလဲ"

အံဩသင့်စွာအူကြောင်ကြောင်ဖြစ်နေသော
မျက်နှာထားကြောင့်ချောင်းမြောင်းတိုက်ခိုက်
ခြင်းတွင်မပါဝင်မှန်းJingနားလည်လိုက်သည်

Lu Cang,Mu Yue,Ding Pengကလည်းအမြန်
ထရပ်ကာအသင့်အနေအထားဖြင့်ဝန်းရံကြပြီး
Jingရှေ့တွင်Lu Cangနေရာယူလိုက်သည်

Jingကလည်းဘုရင်ထက်အခြားသုံးဉီးကိုအာရုံစိုက်ဖို့ရာမှာကြားနေသည်
Jingပြောကြားချက်ကြောင့်လည်းပါမည်ထင်သည်
Lu Cang၏အာရုံသည်အကြောင်းပြချက်ရေရေရာရာမရှိပါပဲဘုရင့်ကိုယ်ရံတော်တပ်မှူးဆီသာရောက်နေသည်

အသံတွေကပိုကျယ်လာပြီးMingdiစစ်သား
တစ်ယောက်အမြန်ပြေးဝင်လာကာ

"အရှင်မင်းကြီး...ရုတ်တရက်"

စကားပင်မဆုံးသေးခင်စစ်သူကြီးYan Li
သည်ရုတ်ချင်းသတ်ပစ်လိုက်သည်

"ဒီဘက်ကမဟုတ်ဘူး...သတိထားကြပါ
ရန်သူတွေဟန်ဆောင်ထားနိုင်တယ်"

Mu Yueအဖို့တောင်နာမည်မပြောနဲ့မျက်နှာတောင်ရာထူးမြင့်သူလောက်သာမှတ်မိတာမလို့အခုလိုတန်းမှတ်မိသောMingdiစစ်သူကြီးအရည်အချင်းအားအံ့သြသင့်နေမိသည်

လုပ်ကြံသူများသည်တဲတွင်းသို့ဝင်လာကြပြီး
ဆွေးနွေးပွဲရှိခေါင်းဆောင်များကို
ဦးတည်တိုက်ခိုက်ကြသည်
နှစ်ဖွဲ့ခွဲလျက်နှစ်နိုင်ငံဘုရင်များအား
တစ်ဖက်တစ်ချက်စီတိုက်နေသည်

စစ်သူကြီးနှင့်တပ်မှူးသည်အသေအကျေတိုက်
ခိုက်နေဆဲတွင်Lu Cangနဲ့Jingကတော့
နောက်ဆုတ်လျက်အချင်းချင်း
ကာကွယ်နေသည်

"အနားကမခွာနဲ့"

Jingစကားအားခေါင်းငြိမ့်ပြလျက်Lu Cang
မျက်လုံးတွေကလည်းတဖက်တပ်မှူး၏လှုပ်ရှားမှု
တွေကိုလိုက်မှတ်နေဆဲဖြစ်သည်
သိုင်းပညာမနိမ့်ပေမဲ့လည်းMu Yueနှင့်Ding Pengအောက်တွင်တော့ရှိသည်
မိမိထက်တောင်နိမ့်နေနိုင်သည်ဟုLu Cangမှတ်ယူလိုက်သည်
ထိုသူသည်တစ်ချက်တိုင်းကိုဂရုစိုက်မှုကြီးစွာဖြင့်လှုပ်ရှားလျက်ရှိသည်
အုတ်အော်သောင်းနင်းဖြစ်နေချိန်တွင်
Shu Chengမျက်ဝန်းတွေသည်Lu Cangဆီမှ
မဖယ်နိုင်သေးပဲရှိနေသည်

ဧကရာဇ်အားကိုယ်ရံတော်တပ်မှူးမှမကာကွယ်ပဲ
လက်ထောက်စစ်သူကြီးမှကာကွယ်နေသည်ကို
Shu Chengနားမလည်နိုင်တော့။
သိုင်းပညာသည်သာမန်သိုင်းသမားတွေလို
မဟုတ်ပဲပိုမိုမြင့်မားသည်မှန်ပေမဲ့လည်း
တပ်မှူးDing Pengထက်တော့
နိမ့်သည်။

Shu Chengကိုယ်တိုင်ကလည်းသိုင်းပညာ
အဆင့်မြင့်ပေမဲ့လည်းဖခမည်းတော်အားကာ
ကွယ်ရမည်ဖြစ်သောကြောင့်အနားတွင်သာ
ကပ်နေခြင်းဖြစ်သည်

လက်ထောက်စစ်သူကြီးကရောအဲ့လိုပဲလား

Shu Chengအတွေးတွေသည်အော်သံတစ်ခုကြောင့်
တစ်စစီပြန့်ကျဲကုန်ကျသည်

"သတိထား"

တစ်ခုခုပြေးဝင်လာသည်အားတွေ့လိုက်သည်နှင့်
Lu Cangအော်သံနဲ့အတူJingအားဘေးသို့
တွန်းဖယ်လိုက်သည်
ကိုယ်တိုင်လည်းအမြန်ရှောင်လိုက်ပေမဲ့
မြားသည်ဘယ်ဘက်လက်အားရှမိသွား
သေးသည်

အချိန်ခဏအတွင်းမှာပင်Lu Cang
လဲကျသွားပြီဖြစ်သည်

သန်မာလှသောLu Cangတွန်းအားနှင့်ဘေးသို့လဲကျသွားသူသည်မျက်စိရှေ့မှအိမ်မက်ဆိုးသဖွယ်မြင်ကွင်းကြောင့်
Lu Cangလဲကျရာနေရာသို့ပြေးသွားမည်ပြင်ချိန်တွင်အလင်း၏အမြန်နှုန်းနှင့်အရိပ်မည်း
တစ်ခုဝင်ရောက်လာပြီးလဲကျနေသော
Lu Cangအားခေါ်ဆောင်သွားတော့သည်

ထိုအခြင်းအရာအားShu Chengမြင်လိုက်ရပြီး
တစ်ချိန်တည်းမှာပင်နောက်ထက်အရိပ်မည်း
တစ်ခုကMingdiဘုရင်ဆီသို့ပြေးဝင်
လာပြန်သည်

Shu Chengနေရာအမြန်ပြောင်းလဲလိုက်သည့်အတွက်
ရန်သူတွေဖမ်းခေါ်သွားသူမှာShu Cheng
ဖြစ်သွားသည်

"Shu Cheng!!"

စက္ကန့်ပိုင်းအတွင်းမှာပင်အဖြစ်အပျက်တွေက
မြန်ဆန်လွန်းလှသည်
ထောင်သောင်းချီသောခံစားချက်တွေသည်
Jingရင်တွင်းသို့ထိုးဖောက်ဝင်ရောက်လာပြီး
ရုတ်တရက်ပျောက်ကွယ်သွားသောLu Cangကြောင့်
ခေတ္တြငိမ်သက်သွားချိန်တွင်အကြံပေးဆိုသူ
လည်းပါသွားပြီဖြစ်သည်
မြန်ဆန်လာသောဖြစ်ရပ်များကြောင့်တွေဝေနေသည်ဖြစ်၍အသိပြန်လည်လာချိန်တွင်လိုက်ဖို့မမှီတော့

မြင့်တတ်လာသောဒေါသတွေနှင့်အတူ
တစ်ကိုယ်လုံးတုန်ယင်လျက်အသုံးမကျသော
Mingdiဘုရင်နှင့်မျက်နှာချင်းဆိုင်လိုက်သည်
အစွန်းဆွန်ထိရက်စက်တော့မည့်အရိပ်အယောင်ကလွှမ်းခြုံလျက်အသံသည်လည်းရေခဲတစ်မျှအေးစက်လှသည်

"သူတစ်ခုခုဖြစ်သွားမည်ဆိုရင်...ငါကျိန်ဆို
ပါတယ်..Mingdiစိစိညှက်ညှက်ကျေစေရမယ်"

မျက်နှာတော်အားမမြင်ရသည်ကိုပင်လွန်စွာကြောက်မက်ဖွယ်ကောင်းနေတာကြောင့်အိမ့်ရှေ့စံပါသွားတာကိုတောင်မေ့လျော့ကာခေါင်းတွင်တွင်ငြိမ့်နေတော့သည်

"အ...အ..မြန်...မြန်..ဆုံး..ရှာဖွေ..ပေး..ပါ့မယ်"

"အချိန်တစ်ရက်ပေးမယ်..အချိန်တစ်ရက်လွန်ရင်တော့ပြောတဲ့အတိုင်းဖြစ်စေရမယ်"

စကားလုံးတိုင်း၌အန္တရာယ်အငွေ့အသက်တွေဖုံးလွှမ်းနေသည်
ပြောတဲ့အတိုင်းလုပ်တတ်သော
ဧကရာဇ်Jing Zongအားသံသယဝင်စရာ
ပင်မလို။
Mu Yueနှင့်Ding Pengလည်းလေးလံလှသောနှလုံးဆိုင်နှင့်အတူထွက်ခွာသွားရာဧကရာဇ်နောက်လိုက်ပါလာကြသည်

•••••••

Chapter-3

နန်းတော်ရှိခန်းမအတွင်း၌အရှေ့အနောက်
ထပ်ခါတလဲလျှောက်နေသောဘုရင်
Huan Hu Tongမျက်နှာတွင်စိုးရိမ်ကြောင့်ကျမှုများက
အထင်းသားပေါ်လျက်ရှိသည်။
Datongနှင့်Mingdiစစ်ရေးဆွေးနွေးသည်အားနှောက်ယှက်သူအကြောင်းစစ်သူကြီးစုံစမ်းတင်ပြလာမည်ကိုစောင့်မျှော်နေခြင်းဖြစ်သည်။

ခြိမ်းခြောက်မှုအားထုတ်ပြန်ကြေငြာချိန်တွင်
အသံ၏နောက်တွင်လိုက်ပါနေသောအငွေ့
အသက်များသည်တုံးကနဲသေစေနိုင်သည်
အထိပြင်းထန်လွန်းလှသည်။
ပြန်စဉ်းစားလိုက်တိုင်းHuan Hu Tongလည်းမတတ်နိုင်ပဲခေါင်းအစခြေအဆုံးတုန်ယင်လာမိသည်။
Datongဧကရာဇ်နှင့်အတိုက်အခံလုပ်ရဲသူ
သည်စိတ်လွတ်နေသောသူသာဖြစ်နိုင်သည်

Xiangတိုင်းပြည်တုန်းကလည်းဘယ်သူမှဘာအကြောင်းကြောင်းကြောင့်ဆိုတာမသိလိုက်ရပဲအမြစ်မကျန်ပျောက်သွားခဲ့သည်ကခေါင်းထဲ
ရောက်လာချိန်တွင်Huan Hu Tongမျက်နှာဖြူရော်လာသည်
အစကတည်းကDatongနှင့်ဘာလို့များရင်ဆိုင်တွေ့ဖို့ဆုံးဖြတ်လိုက်မိတာလဲဟုနောင်တရရင်းခေါင်းငိုက်စိုက်ကျနေတော့သည်
ထိုစဉ်တွင်ရုတ်တရက်ထွက်ပေါ်လာသည့်မိန်းမပျိုYu
ရောက်နေပါသည်ဆိုသောအသံကြောင့်
မျက်နှာသည်တဖန်ပြုံးဖြီးလာပြန်သည်

"အရှင်မင်းကြီး"

မိုးမခပင်နှယ်ပျော့ပျောင်းလှသောခန္ဓာကိုယ်လေးအားညွတ်တွားလိုက်သည့်အခါတောက်ပြောင်နေသောအနက်ရောင်ဆံကေသာထက်မှာတော့တန်ဖိုးကြီးလှသည့်ဆံထိုးအသွယ်သွယ်ကရှုပ်ထွေးလျက်တည်ရှိနေတာကိုမြင်နေရသည်။
ခေါင်းထက်မှကျောက်သံပတ္တြမားများသည်အလင်းနှင့်ရောင်ပြန်ဟပ်လျက်ရောင်စုံအလင်းတန်းများအသွင်ဖြာကျနေသည်။

"Yu Er..အနားတိုးပါဦး"

စိတ်ပင်ပန်းမှုတွေဖြေဖျောက်နိုင်ရန်အတွက်
အနှစ်သက်ဆုံးကိုယ်လုပ်တော်အား
ရင်ခွင်တွင်းထည့်ထားလိုက်သည်

မောင်းမတော်တွေထဲတွင်မိန်းမပျိုYuသည်
အလှပဆုံးသောသူဖြစ်ပြီး
လူမရောက်ခင်အဝေးကပင်ဘဝင်ခိုက်စေသောမွှေးရနံ့သင်းပျံ့မွှေးကြိုင်သူလည်းဖြစ်သည်။
သူမ၏သေးသွယ်ကျစ်လစ်သောခန္ဓာကိုယ်လေးသည်Huan Hu Tongလက်တွင်း၌အံ့ဝင်ခွင်ကြနိုင်လှသည်
ခန္ဓာကိုယ်လေးသည်သကြားမျှင်လေးလိုနူးညံ့
ပြီးရင်သားလေးတွေသည်ပေါက်စီတုံးလေး
တွေကဲ့သို့တင်းတင်းရင်းရင်းလေးနှင့်လုံးဝန်းနေသည်။
အနှီရင်သားလေးတွေသည်အတွေးနှင့်ပင်သူ့အားအငမ်းမရလျှာသပ်စေနိုင်သည်။
သွယ်လှသောခြေတံလေးတွေသည်ချစ်တင်းနှောသည့်အခါတိုင်းထင်မှတ်ထားသလိုမပျော့ပျောင်းနေပဲခါးထက်သန်မာစွာချိတ်တွဲထားလေ့ရှိသည်။
အသံလေးကလည်းတမျိုးတည်ငြိမ်ပြီးဆွဲဆောင်မှုရှိသည်
နီရဲပြီးပူနွေးစိုစွတ်သည့်နှုတ်ခမ်းတွေက
လာနမ်းလှည့်ပါလို့ဖိတ်ခေါ်နေသလိုပင်။
မိန်းမပျိုYuနှင့်သူမ၏စွဲမျက်ဖွယ်ကောင်းသောကိုယ်လုံးလေးအကြောင်းတွေးလိုက်သည်နှင့်
ဘုရင်Huan Hu Tongသည်ဘာကိုမှအဆီအငေါ်တည့်တည့်မစဉ်းစားမဆုံးဖြတ်နိုင်တော့။
အခုလိုလူရှေ့မှောက်ရောက်လာချိန်မှာတော့Huan Hu Tongထိုနှင်းဆီသွေးရောင်နှုတ်ခမ်းလေးအား
အငမ်းမရပင်သားရဲတစ်ကောင်လို
နမ်းလိုက်သည်

"အာ...အရှင်မင်းကြီး..ဖြည်းဖြည်း"

ညည်းသံလေးသည်Huan Hu Tongအားပို့လို့ပင်စိတ်လှုပ်ရှားစေပြီး
နူးညံ့ကျစ်လစ်နေသောရင်သားလေးတွေကိုစိတ်မရှည်စွာပင်ဆုပ်နယ်နေတော့သည်
ကိုယ်လုပ်တော်အပေါ်တွင်အငမ်းမရပင်ဖြစ်နေသောမင်းကြီးသည်ရာဇပလ္လင်ပေါ်တွင်ရှိနေဆဲအဖြစ်ကိုမေ့ကာမိန်းမပျိုYuဝတ်ရုံအားအတင်းပင်ဆွဲဖြဲတော့သည်
နူးညံဖြူဖွေးလှသည့်ကိုယ်လုံးလေးပေါ်လာပြီး
တင်းမာနေသည့်အရာအားစေလိုရာသို့
သွားစေလိုက်သည်

"အရှင်မင်းကြီး..အရမ်းအကျီစားသန်တာပဲ"

ခပ်နွဲ့နွဲ့ဟန်ဖြင့်သူမ၏စကားလေးများသည်Huan Hu Tongစိတ်နှလုံးအားပြန်လည်တည်ဆောက်ဖို့ရာကိုပင်အချိန်မပေးပဲနှဲ့လျက်ရှိသည်
လစ်ဟာဆဲကိုယ်လုံးလေးကိုအရှင်မင်းကြီးအကြာကြီးကြည့်စေရန်အတွက်မသေမသပ်ဖြစ်နေသောဝတ်ရုံကိုတမင်ဖြည်းညှင်းစွာဝတ်လျက်ရှိသည်

"Yu Er..အရမ်းဆွဲဆောင်မှုရှိတယ်."

"ဟွန့်..အခြားကိုယ်လုပ်တော်တွေကိုလည်း
အဲ့လိုပြောမှာသိသားပဲ...ဒီလိုစကားမျိုးတွေနဲ့
တော့မပျော်ရွှင်ပါဘူး"

ကလေးတစ်ယောက်လိုပင်နှုတ်ခမ်းဆူကာစိတ်
ကောက်နေဟန်ပြင်လိုက်သည်
တကိုယ်လုံးအားလည်းအသားချင်းထိနေဖို့ရန်ရည်ရွယ်ချက်ဖြင့်Huan Hu Tongကိုယ်လုံးကိုမှီတွယ်လျက်ရှိသည်

"အိုင်းယား.Yu Er..မင်းကိုအနှစ်သက်ဆုံးပါလို့
ဘယ်နှစ်ကြိမ်ပြောရမတုံး"

စိတ်ဆိုးနေသောကိုယ်လုပ်တော်လေးစိတ်ပြေဖို့ရာHuan Hu Tongချော့ရင်းအလုပ်များတော့သည်
ရင်ခွင်တွင်းတင်းကျပ်စွာဖက်ထားရင်းရင်သားလေးကိုလည်းနှိပ်နှယ်နေရာမှတဖန်စိတ်ဆန္ဒတွေထကြွလာပြန်သည်

"ဟွန့်..ဘယ်လိုလုပ်ယုံကြည်နိုင်မှာလဲ..
အရှင်မင်းကြီးဆီမှာမရေမတွက်နိုင်တဲ့ကိုယ်လုပ်
တော်အချောအလှတွေအများကြီးရှိနေတာကို
အခြားသူတွေကိုလဲအဲ့လိုပဲပြောတယ်လို့
ဘယ်သူသိနိုင်မှာလဲ"

"Yu Er..ဘာလို့မယုံရတာတုန်း"

အသံနည်းနည်းမာလာသဖြင့်မိန်းမပျိုYuအမြန်ပင်ပြုံးကာ

"ဟုတ်ပါပြီ..ဒီအတိုင်းစမိတာပါ..
အနှစ်သက်ဆုံးဆိုတာသိပါတယ်..အဲ့ဒါကြောင့်
လည်းတောင်းဆိုသမျှဆန္ဒအကုန်လုံး
ဖြည့်ဆည်းပေးတာပဲမဟုတ်ဘူးလား"

"မှန်တာပေါ့"

"ဒါဆိုနောက်ဆုံးတောင်းခဲ့တဲ့ဆန္ဒကော..
အရှင်မင်းကြီးမဖြည့်ဆည်းပေးသေးဘူးလေ"

Huan Hu Tongစကားထပ်ထွက်မလာပဲငြိမ်သက်သွားပြီး
အမောက်ထောင်နေခဲ့သောအရာတောင်တဖန်ပြန်လည်ငြိမ်ကျသွားသည်
မိန်းမပျိုYuစကားအားဘယ်လိုပြန်ဖြေရမလဲသူ့မှာအဖြေမရှိ

"Yu Er..
အဲ့ဒါကမဖြစ်နိုင်ဘူးဆိုတာသိတယ်မလား"

မျက်နှာအိုသည်တစ်ခါတည်းချောင်ချသွားသည်။အစောနကတဏှာရာဂမီးတောက်နေသောစိတ်သည်အခုအချိန်မှာတော့လေထဲပူပေါင်းလေးများနှယ်ပျောက်ကွယ်ကုန်၏
ဖြားယောင်သွေးဆောင်သည့်အပြုံးကိုတံဆိပ်နှိပ်ထားသောမိန်းမပျိုYuလည်းစိတ်ပျက်သွားဟန်ဖြင့်ခေါင်းငိုက်စိုက်ကြကာမျက်ရည်များတွဲခိုလာတော့သည်

"ဒါဆိုဖြည့်ဆည်းပေးမယ်ဆိုတာညာတာပေါ့
Xiang Yuစိတ်မချမ်းမသာဖြစ်မိပါတယ်"

တသိမ့်သိမ့်ရှိုက်ငိုရင်းပင်Huan Hu Tong
ရှေ့၌သနားစဖွယ်အသွင်ဖော်ပြနေသည်

"Yu Er...မင်းဘာလိုလိုငါပေးနိုင်ပါတယ်
ဒါပေမဲ့...အခုက.....
ဧကရာဇ်Jing Zongကတကယ်ပင်ကြောက်စရာကောင်းတဲ့ပုဂ္ဂိုလ်....
အဲ့ဘုရင်ကိုဒေါသထွက်အောင်လုပ်မိပြီး
မင်းတို့တိုင်းပြည်လိုပျောက်ကွယ်သွားတာမျိုး
အဖြစ်မခံနိုင်ဘူး"

ထိုဧကရာဇ်အကြောင်းတွေးလိုက်မိရုံနှင့်တင်ကြက်သီးမွှေးညှင်းများထလာသည်
အမျိုးသမီးYuသည်အမြစ်ပျက်ချေမှုန်းခြင်းခံလိုက်ရသောXiangတိုင်းပြည်၏မင်းသမီး,Xiang Wen၏အစ်မတော်ဖြစ်သည်
Xiangတိုင်းပြည်မှMingdiသို့ချီးကျူးဂုဏ်ပြုသည့်အနေအဖြစ်ဆးလက်ဆောင်ပဏှာဆက်သခဲ့ခြင်းဖြစ်သည်
Xiangတိုင်းပြည်ဘုရင်ရည်ရွယ်ချက်သည်သူ၏သမီးတော်များကိုတိုင်းပြည်အသီးသီးကိုစေလွှတ်၍
ထိုတိုင်းပြည်များမှဘုရင်များအားဆွဲဆောင်ကာလွှမ်းမိုးချုပ်ကိုင်စေခြင်းဖြစ်သည်
မိန်းမပျိုYuသည်ယခုလက်ရှိနေထိုင်လျက်ရှိသောစည်းစိမ်အာဏာများအရလွှမ်းမိုးခြင်း၌အောင်မြင်ခဲ့ပြီဟုဆိုနိုင်သည်
Huan Hu Tongဆုံးဖြတ်ချက်တွေ၏နောက်
ကွယ်မှသူသည်မိန်းမပျိုYuဟုဆိုရင်မမှားနိုင်ပေ
သူမ၏ဆွဲဆောင်မှုတွင်ကျရှုံးသွားသူHuan Hu Tongသည်မိဖုရားကိုနယ်နှင်ဒဏ်ပေးခဲ့သည်
အိမ်ရှေ့စံနှင့်ဝန်ကြီးများကိုယ်တိုင်ကပါကန့်ကွက်ခဲ့တာကိုပင်မိန်းမပျိုYuစိတ်အလိုမကျဖြစ်မည်စိုးရိမ်ကာငြင်းပယ်ခဲ့သည်
Huan Hu Tongသည်တိုင်းပြည်၏ရာထူးအမြင့်ဆုံးနေရာတွင်ရပ်တည်နေပေမဲ့လည်းDatongအားအလွန်ကြောက်ရွံ့သောသူဖြစ်သည်
Huan Hu Tongသည်ပင်ကိုယ်ကတည်းကသတ္တိကြောင်လှသောသူဖြစ်ကာဘုရင်ဖြစ်ထိုက်သော
အရည်အချင်းတစ်ခုမှမပိုင်ဆိုင်ထားသူလည်းဖြစ်သည်
ကိုယ့်တစ်ဘို့တည်းသာကြည့်တတ်ပြီးအချိန်တိုင်းကိုယ်လုပ်တော်တွေနဲ့ပျော်ပါး
နေတတ်သည်

အစကDatongစစ်ကြော်ငြာချိန်တွင်အကျိုးမရှိသောစစ်ပွဲအားပြန်လည်
တိုက်ခိုက်ရန်ဆန္ဒမရှိခဲ့ပေမဲ့ကျွမ်းကျင်လိမ္မာစွာဖြင့်မိန်းမပျိုYu၏နားချမှုကြောင့်သာလက်ခံခဲ့ခြင်းဖြစ်သည်
သူမစိတ်သဘောကျဖြည့်ဆည်းပေးပြီးနောက်နန်းဆောင်အိပ်ရာတွင်ရမည့်ဆုလာဒ်များသာလျှင်အနှီဘုရင်စိတ်ထဲ၌ရှိ၏
မိန်းမပျိုYu၏ဆွေတော်မျိုးတော်Xiangနိုင်ငံမှလူများအစားDatongဖြင့်တိုက်ကာလက်စားချေမည်ဆိုသောစိတ်နှင့်ကိုယ်နိုင်ငံအားဒုက္ခခံစေခဲ့သည်
သို့သော်ငြားလည်းသူကိုယ်တိုင်မှာတော့ရှေ့မထွက် နောက်ကွယ်ကသာညွှန်ကြားနေခြင်းသာရှိသည်
Datongဧကရာဇ်ဦးခေါင်း
ကိုယူဆောင်လာမည်ကိုကြွေးကြော်ခဲ့ပေမဲ့လည်းမဆုံးနိုင်သောစစ်ပွဲနှင့်အကျအရှုံး
တွေကြောင့်ပေးထားသောကတိကိုHuan Hu Tongနောင်တရချင်လာခဲ့သည်
ကတိပေးတဲ့အတိုင်းမယူလာခဲ့လျှင်မိန်းမပျိုYu
စိတ်မချမ်းမြေ့မည်အားကြိုသိနေခဲ့သည်
ဖြစ်သင့်သည့်အတိုင်းပင်ကိုယ်သတ္တိနည်းသောစိတ်သဘ်ချိုသာသောစကားလုံးများအပေါ်အနိုင်ရသွားတော့သည်
လူအများဖိန့်ဖိန့်တုန်သွားစေနိုင်သောဧကရာဇ်နှင့်တွေ့ဆုံပြီးချိန်တွင်သူ၏ကိုယ်လုပ်တော်လေးကိုစိတ်ကျေနပ်အောင်ချော့ဖို့သာရှိတော့သည်ဟုကြံရွယ်ပြီးသားဖြစ်သည်
ဘုရင်Huan Hu Tongသည်ကိုယ့်ကိုယ်ကိုလွန်စွာချစ်မြတ်နိုးသောသူဖြစ်ပြီးဘုရင်ဟူသောနေရာအားအရာအားလုံးထက်နှစ်သက်သောသူလည်းဖြစ်သည်
Datongဧကရာဇ်ခေါင်းအားဖြတ်ယူလာမည်ဟုမဆင်မခြင်ကြွေးကြော်ခဲ့သူသည်နောက်ဆုံးတွင်ထိုဧကရာဇ်ထံမှခြိမ်းခြောက်ခြင်းကိုသာခံလိုက်ရသည်
ခြိမ်းခြောက်ရုံသက်သက်တောင်ဟုတ်မယ်မထင် သတိပေးနေတာလားတောင်ထင်ရသည်
မိန်းမပျိုYuအားနောက်ထပ်လက်ဆောင်တစ်မျိုးသာကမ်းလှမ်းတော့မည်ဟုHuan Hu Tongဆုံးဖြတ်ချက်ချပြီးသွားပြီ

"Yu Er..ဒီတစ်ခုကတော့တကယ်မလုပ်ပေး
နိုင်တာပါ...Shu Chengကိုလည်းထူးဆန်းတဲ့ရန်သူတွေ
ဖမ်းခေါ်သွားတယ်..Yan Liနဲ့Yan Yiကတော့
အဲ့ကိစ္စကိုစုံစမ်းနေကြတယ်"

ပြောရင်းနှင့်Shu Chengအတွက်စိုးရိမ်စိတ်အတန်ငယ်ဝင်လာသလိုဒေါသထွက်နေသောဧကရာဇ်အသွင်ကိုမြင်ယောင်မိပြီးဝင်လေးလာပြန်သည်
ရှေ့ဆက်ပြီးထောက်ပြလမ်းညွှန်မည့်သူShu Chengမရှိသောအချိန်တွင်ဧကရာဇ်Jing Zongမှအမြစ်ပျက်လာရောက်ချေမှုန်းနိုင်သည်ဟုတွေးမိတော့ကြက်သီးများထလာတော့သည်
Huan Hu Tongသည်သူရဲဘောကြောင်သူဖြစ်ပြီးဘာစွမ်းဆောင်ရည်မျှမရှိကြောင်းကိုသိသောမိန်းမပျိုYuသည်ဒီလိုဒီပုံအခြေအနေမျိုးတွင်ဤကဲ့သို့ရလဒ်ရလာသည်အားအံ့သြမနေတော့
Mingdiတိုင်းပြည်သုံးလကျော်ကြာစစ်ဒဏ်ခံနိုင်ခဲ့သည်မှာလည်းအိမ်ရှေ့စံHuan Shu Chengတစ်ဉီးတည်း၏စွမ်းဆောင်မှုများကြောင့်သာဖြစ်သည်
အချောအလှနှင့်သာယာမှုများအပေါ်စိတ်မယိုင်တတ်သူဖြစ်တာကြောင့်မိန်းမပျိုYuအနေနှင့်အဝေးကသတိထားနေရသူလည်းဖြစ်သည်
ဘုရင်အပေါ်အတော်ပင်စိတ်ပျက်နေပြီဖြစ်ပေမဲ့လည်းကြားရသောသတင်းအတွက်ဝမ်းနည်းဟန်သာဆောင်ကာ

"အိမ်ရှေ့စံကိုရန်သူတွေခေါ်သွားတယ်..အို..
ဘယ်လိုဖြစ်ပြီး

"Shu Chengကငါ့ကိုကာကွယ်ခဲ့တာ"

"သိပါပြီ..တကိုယ်ကောင်းဆန်စွာတောင်းဆိုမိတဲ့
အတွက်တောင်းပန်ပါတယ်...အရှင်မင်းကြီး"

Huan Hu Tongသည်အနှစ်သက်ဆုံးမောင်းမတော်၏ပုခုံးအားနှစ်သိမ့်သည့်အနေဖြင့်ပုတ်ကာခေါင်းငြိမ့်ပြပြီး

"Yu Erနားလည်တယ်ဆိုရပါပြီ"

••••••

လှုပ်ရှားနေသောရထားလုံးအတွင်း..

Lu Cangမေ့မျောနေဆဲဖြစ်သည်

Huan Shu Chengကတော့ချည်နှောင်
ထားသောကြိုးတွေကြားမှလွတ်မြောက်နေသည်မှာကြာပြီဖြစ်သည်
အခြေအနေအားဖမ်းစားမိပြီးရန်သူစခန်းသို့
မရောက်ခင်လှည်းအတွင်းမှထွက်ပြေးဖို့ဆုံးဖြတ်လိုက်သည်
ရန်သူ့စခန်းသို့ရောက်မှဆိုလျှင်ပိုပြီးဒုက္ခများပေလိမ့်မည်

မေ့မျောနေဆဲသူ၏အသက်ရှူသံအားနား
ထောင်ရင်းHuan Shu Chengစိုးရိမ်စပြုလာသည်
အခြေအနေအားစစ်ဆေးကြည့်လိုက်တော့ကံကောင်းထောက်မစွာအဆိပ်မိမနေခဲ့။
သန်မာသောမြင်းတစ်ကောင်ကိုပင်နှစ်ရက်ဆက်တိုက်အိပ်ပျော်စေနိုင်သည့်မေ့ဆေးသည်ရှပ်ထိမိတာကိုတောင်လူ့ခန္ဓာကိုယ်ဖြစ်၍သက်ရောက်သည့်အကျိုးဆက်မှာမသေးလှ။
Shu Chengဒေါသစိတ်နှင့်အံတင်းတင်းကျိတ်ထားမိသည်
အမှန်တကယ်တော့လက်ထောက်စစ်သူကြီးရန်သူနောက်ပါသွားတာမြင်လိုက်ပြီး
Shu Chengကိုယ်တိုင်ရန်သူ့ထံအသာတကြည်အဖမ်းခံလိုက်ခြင်းဖြစ်သည်
ဘာကြောင့်များကျိုးကြောင်းမဆင်ခြင်ပဲပြုမူမိသလဲ
ဆိုတာကိုယ့်ကိုယ်ကိုပင်အံသြမိသည်
အချိန်ကာလအတိုမျှသာတွေ့ဆုံဖူးသောသူအတွက်ဖခမည်းတော်၏လုံခြုံရေးကိုအထိခိုက်ခံပြီးမစဉ်းစားမဆင်ခြင်ပဲလုပ်တာမျိုးသည်သူ့ပင်ကိုယ်စရိုက်ဟုတ်မနေခဲ့။
ဤကဲ့သို့ပြုမှုခြင်းသည်ဒါပထမဆုံးအကြိမ်လည်းဖြစ်သည်
ရှုပ်ထွေးနေသောခံစားချက်များနှင့်အတွေးများကိုဘေးချရင်းလွတ်မြောက်ရန်လမ်းကိုရှာဖွေရန်အာရုံစိုက်လိုက်သည်
မေ့မျောနေသောသူအားအတူသယ်ဆောင်သွားဖို့ရာကထွက်ပြေးမည့်လမ်းတွင်အဟန့်အတားဖြစ်လာနိုင်သည်
Shu Chengသည်ဘယ်လိုပင်သန်မာတဲ့သူဖြစ်စေကာမူအရွယ်တူယောက်ျားတစ်ယောက်အားသယ်ယူကာသွားဖို့ကတော့ကိုယ့်ကိုယ်ကိုလုပ်နိုင်ပါ့မလားသံသယဝင်မိသည်
ပြင်းထန်ပုံပေါ်သည့်မေ့ဆေးအရှိန်ကြောင့်လည်းဘယ်ချိန်ပြန်နိုးလာပါ့မလားကမသေချာလှ။
လက်ထောက်စစ်သူကြီးဆိုသူကတစ်ပတ်လောက်တောင်မေ့မျောနေနိုင်သည်
သယ်သွားဖို့ရန်ကမဖြစ်နိုင်သလိုထားပစ်ခဲ့ဖို့ကြပြန်တော့လည်းShu Chengတွန့်ဆုတ်နေမိသည်
အကြံအစည်ကိုအကောင်အထည်ဖော်ဖို့ရာအသုံးဝင်တာများရှိလေမလား
Shu Chengပတ်ဝန်းကျင်အားအကဲခတ်လိုက်သည်
ထိုဘက်အာရုံစိုက်နေသည့်အတွက်ဘေးမှာလှဲနေသောသူလှုပ်ရမ်းလာသည်အားသတိမထား
မိလိုက်။
ရီဝေနေသောမျက်လုံးအစုံနှင့်ဆုံမိတော့မှ
Shu Chengအံ့ဩသင့်သွားတော့သည်
မျက်လုံးမပွင့်တပွင့်နှင့်ကြည့်နေရင်းမှအခြေအနေအားသဘောပေါက်နားလည်သွားသည့်ပုံနှင့်Shu Cheng
ဘဝတွင်တွေ့ဖူးသမျှထဲအချိုသာဆုံးအရိုးသား
ဆုံးလို့ပြောနိုင်သည့်အပြုံးတစ်ခုကထိုသူနှုတ်ခမ်းထက်ဖြစ်တည်လာသည်

"မင်းဘာမှမဖြစ်ဘူးပဲ...တော်သေးတယ်"

ထိုမြည်တမ်းသံတိုးတိုးလေးထွက်လာတာနဲ့အတူသူ့ပုံမှာစိတ်သက်ရာရသာသည့်ပုံပေါ်သည်
တကယ်ပင်စိုးရိမ်နေသည့်ပုံကြောင့်Shu Chengတကိုယ်လုံးတောင့်တင်းသွားသည်
တစ်ယောက်ယောက်နဲ့အထင်မှားကာပြောနေမှန်းသိပေမဲ့လည်းနှလုံးသားကတစ်ချက်ခုန်သွားသေးသည်
ထိုအပြုံးသည်အခြားတစ်ယောက်အတွက်ဆိုတာတွေးမိလိုက်သည်နှင့်
မနာလိုမှုတွေသည်Shu Chengရင်တွင်း၌ဖြစ်တည်လာတော့သည်
အသိပြန်ဝင်လာသောသူသည်ခပ်မတ်မတ်ထိုင်ဖို့ကြိုးစားနေသည့်အတွက်Shu Chengအံ့သြနပန်းဖြစ်သွားသည်
ခန္ဓာကိုယ်အားတံတောင်ဖြင့်မနိုင့်တနိုင်ထိန်းထားရင်းလှဲတစ်ဝက်ထိုင်တစ်ဝက်အသွင့်ဖြင့်ပတ်ဝန်းကျင်အားစူးစမ်းလျက်ရှိသည်
Lu Cangနောက်ထပ်ဘာလိုတုံပြန်မလဲဆောင့်နေရသူShu Chengမှာအသက်ပင်အောင့်ထားမိသည်

"အခုဘယ်မှာလဲ"

လှုပ်ရမ်းနေပုံအရရထားလုံးအတွင်းရှိနေသည်မှာသေချာပေမဲ့လည်းLu Cangမေးခွန်းထုတ်မိ၏။
စိတ်ထဲရှိသောအရာကိုများများမတွေးပဲထုတ်ပြောတတ်သူဖြစ်တာကြောင့်လည်းပါမည်။
ထိုအခြင်းအရာသည်Jingအတွက်နှစ်လိုဖွယ်ကောင်းသောအမူအကျင့်ဖြစ်သလိုနောက်ပြောင်သောအခါတွင်လည်းထိုအရာအားအသုံးချလေ့ရှိသည်
မထင်မှတ်ထားပဲShu Chengမျက်လုံးထဲမှာထိုအမူအကျင့်သည်ချစ်စရာကောင်းနေပြန်သည်

"ငါတို့အဖမ်းခံထားရတာ..ဘယ်နေရာလဲတော့မသိပေမဲ့ရန်သူစခန်းကိုသွားနေတာဖြစ်မယ်"

Jingဆီကလှောင်ပြောင်သည့်အသံလာမည်ထင်ထားပေမဲ့
ရုတ်တရက်ကြားလိုက်ရသောမရင်းနှီးသည့်အသံကြောင့်တစိမ်းတစ်ယောက်နဲ့ရှိနေမှန်း
Lu Cangအခုမှသာသဘောပေါက်သွားသည်
စိုးရိမ်ပူပန်မှုတွေသည်ရင်တွင်းအောက်ခြေမြှပည့်လျံတတ်လာကာစူးရဲသောမျက်ဝန်းထက်နေရာယူကုန်တော့သည်။
လုပ်ကြံသူတွေဝင်ရောက်လာပြီးJingကော
ဘာဖြစ်သွားသေးလဲ...

မတ်မတ်ထိုင်ရန်ကြံရွယ်လိုက်ပေမဲ့လှိုင်းထတတ်လာသောထုံကျင်မှုများကြောင့်အကူအညီမဲ့စွာသောအသွင်ဖြင့်ကြမ်းပြင်သို့ယိုင်ကျသွားသည်
ရထားလုံးကြမ်းပြင်နှင့်ခေါင်းမရိုက်မိချိန်တွင်Shu Chengမြန်ဆန်လှသောအလျှင်ဖြင့်ကာကွယ်လိုက်သည်
ရင်ခွင်အတွင်း၌မှီတွယ်သည့်အနေအထား
ဖြစ်သွားပြီးမျက်လုံးချင်းစုံ၍မျက်နှာချင်းထိလုမတတ်ဖြစ်သွားသည်
အနီးစပ်ဆုံးအနေအထားနှင့်ထိုသူ့မျက်နှာအားကြည့်မိတော့မှJingနှင့်ယှဉ်နိုင်သည့်ချောမောလှပမှုအားရှိနေသည်ကိုLu Cangမြင်သည်
သို့ပေမဲ့လည်းနတ်များဖန်ဆင်းထားသောပစ်မျိုးမဲ့အလှပိုင်ရှင်Jingသည်အခြားသူများလိုက်မမှီနိုင်သောနေရာတွင်ရပ်တည်လျက်ရှိသည်
ဖော်ရွှင်မှုကင်းပြီးချဉ်းကပ်ရန်ခက်ခဲသောJingကဲ့သို့မဟုတ်ပဲတစ်မျိုးသဘာဝဆန်သောအလှရှိသည်
မျက်စိကျိန်းလောက်အောင်တောက်ပသောနေရောင်ခြည်ဖြစ်ပေမဲ့Jingကတော့မျက်လုံးအစုံကိုကန်းသွားစေနိုင်သည်
Jingဖက်ထားလေ့ရှိသောရှက်စရာကောင်းသည့်အနေအထားဖြစ်တာကြောင့်မျက်နှာတစ်ခုလုံး
နီရဲလာကာဘေးဘက်သို့အမြန်မျက်နှာလွှဲတော့သည်
ထိုချစ်စရာကောင်းသောအမှုအရာသည်သိပ်မသိသာပေမဲ့Shu Chengကတော့ကြည့်မဝနိုင်တော့
ရှက်သွေးပိုနေသောကိုယ်လုပ်တော်အမြောက်အများအားတွေ့ဖူးပေမဲ့လည်းအနှီရှက်နေသော
အမျိုးသားသည်ပို၍ပင်ဆွဲဆောင်မှုရှိလှသည်
ထို့အပြင်ဤသို့သောအမူအရာသည်စတွေ့ကတည်းကသူအကြည့်မလွှဲနိုင်ဖြစ်နေခဲ့သောLu Cangဆီမှလာခြင်းလည်းဖြစ်သည်
ရှင်းပြရန်ခက်ခဲသောခံစားချက်များဝင်ရောက်နေမှုနှင့်အတူနှုတ်ခမ်းထက်အပြုံးဖျော့ဖျော့သည်အခုအချိန်ထိတင်ကျန်နေဆဲဖြစ်သည်
Lu Cangလည်းအတွင်းအားသုံးပြီးခန္ဓာကိုယ်ကိုချယ်လှယ်ရန်ကြံရွယ်နေသောဘာမှန်းမသိသည့်မေ့ဆေးအရှိန်အားတွန်းလှန်ရန်ကြိုးပမ်းလိုက်သည်
အချိန်တိုအတွင်းမှာပင်မျှော်လင့်ချက်မဲ့ကာလဲလျောင်းနေသည့်အသွင်မှရုန်းထွက်နိုင်ပြီဖြစ်သည်
မင်းသမီးတစ်ပါးလိုအခြားသူရင်ခွင်တွင်းလဲ
လျောင်းနေတာJingသာမြင်လျှင်ငရဲဂိတ်များပွင့်လာပြီး
နှစ်ယောက်လုံးအသက်တိုသွားနိုင်သည်။မိမိ၏ပျော့ညံ့မှုကြောင့်မိမိကောအခြားသူကောပါဤပြဿနာအကျပ်အတည်းတွင်းကျဆင်းရသည်ဟုတွေးရင်းLuCangကိုယ့်ကိုယ်ကိုအပြစ်တင်ရှုတ်ချလို့ပင်မဆုံးနိုင်။
ShuChengအမြင်မှာတော့ပြင်းထန်သောမေ့ဆေးအရှိန်မှအခုလိုအချိန်ခဏလေးအတွင်းနှင့်နိုးလာတာကပင်အံ့သြသဘောကျဖွယ်ရာကောင်းလှသည်။ထိုမှအပြင်ကျန်ရှိနေသောဆေးအရှိန်အားအတွင်းအားသုံး၍ဖယ်ထုတ်နိုင်ခြင်းကအနှီကြည့်ကောင်းသောသူတွင်လူအများဖြုံလောက်သောစွမ်းရည်များရှိသည်ဟုသက်သေပြနေသည်။ခံစားချက်တစ်စုံတစ်ရာမပေါ်လွင်ပဲတည်ကြည်နေသည့်မျက်နှာထားအရသိုင်းပညာအဆင့်အတန်းမြင့်သူဖြစ်ကြောင်းခန့်မှန်းရနိုင်သည်
အပြစ်ကင်းသောအပြုံးနှင့်ရှက်သွားသည့်အသွင်ကတော့ချွင်းချက်....
လက်ထောက်စစ်သူကြီးဆိုသောရာထူးသည်အဆင်တန်ဆာအနေဖြင့်သာရှိနေသည့်ပုံမပေါ်နေခဲ့။

"ဘယ်လိုနေလဲ"

ဖော်ရွေပျူငှာသောအပြုံးဖြင့်Lu Cangထိုင်နိုင်ရင်Shu Cheng
ကူညီပေးလိုက်သည်

"ကောင်းပါတယ်...ကျေးဇူးပါ"

ဆုပ်ကိုင်ထားသည့်Shu Chengလက်တွေကိုအမြန်တွန်းဖယ်ကာအကူအညီပေးသည်အကျေးဇူးတင်သည့်အနေနှင့်ခေါင်းငြိမ့်ပြလာသည်
ထိုအချိန်၌ရင်တွင်းဖြစ်တည်လာသည့်စိတ်ထိခိုက်မှုတွေကြောင့်ကိုယ့်ကိုယ်ကိုပင်အံသြမိသွားသည်

"သူတို့စခန်းကိုရောက်မယ်ဆိုရင်ပိုအကျိုးယုတ်နိုင်တယ်... သူတို့တိုက်ခိုက်တဲ့ပုံစံတွေအ
ရလည်းအသက်အန္တရာယ်ကိုဒုက္ခပေးနိုင်တယ်..အမြန်ထွက်ပြေးရင်ပိုကောင်း
မယ်"

မျက်မှောင်ကျုံ့ရင်းအတွေးယာဉ်ကျောထဲLu Cangမျောပါသွားပြန်သည်
အကယ်၍အနှီချောမောသောသူထွက်ပြေးကြရန်မပြောရင်တောင်Jingရှိရာသို့အမြန်ပြန်ရောက်အောင်Lu Cangအကောင်းဆုံးကြိုးစားမည်ဖြစ်သည်
ကြောက်မက်ဖွယ်ရာချောင်းမြောင်းတိုက်ခိုက်မှုကြောင့်Jingဘာများဖြစ်နေပြီလည်းစိုးရိမ်ပူပန်မိသည်။
Jingဘေးကင်းသည်ဆိုတာကိုသိရဖို့လိုအပ်သည်
စစ်ပြေငြိမ်းရန်ဆွေးနွေးပွဲအားတင်ပြသောကိုယ့်ကိုယ်ကိုLu Cangအပြစ်တင်မိသည်
Jingတစ်ခုခုသာဖြစ်မည်ဆိုလျှင်ဘယ်တော့မှကိုယ့်ကိုယ်ကိုခွင့်လွှတ်နိုင်မည်မဟုတ်။
ယခုအချိန်တွင်Lu Cang၏ပထမဆုံးဉီးစားပေးသည်Jingနှင့်ပြန်ဆုံဖို့ရန်သာဖြစ်သည်။

"ငါ့အခြေအနေအရာကိုယ်ဖော့ပြီးသွားဖို့တော့
အဆင်ပြေတယ်.ခင်များရော.."

ထိုသူသည်သိုင်းမတတ်သောသူမဟုတ်ကြောင်းကိုတနည်းနည်းဖြင့်Lu Cangသိပေမဲ့ဘယ်ပုံဘယ်မျှကျွမ်းကျင်မှန်းတော့မမှန်းဆတတ်ပေ။

"ငါလည်းအဆင်ပြေပါတယ်လို့ထင်တာပဲ..ဒါပေမဲ့ရန်သူတွေ
ကလည်းအတော်ကျွမ်းကျင်ကြတယ်..ထွက်ပြေးရင်သတိထားမိသွားမှာပဲ..
လုံလုံခြုံခြုံလွတ်မြောက်နိုင်ဖို့ကအစီအစဉ်တော့ဆွဲရမယ်.."

"ဘာလို့လဲ..သတိထားမိသွားရင်လည်းသူတို့ကိုဝေးဝေးဆွဲခေါ်လာလို့ရတာပဲ..
ရန်သူတွေကလည်းအများကြီးမဟုတ်တော့မလိုက်နိုင်တဲ့သူတွေကနောက်မှာကျန်ခဲ့မှာပဲ
အရေအတွက်အရလျော့ချလိုက်ပြီဆိုတော့အဲဒါဆိုရင်ငါတို့ကြည့်ရမှာအရေအတွက်
မဟုတ်ဘဲအသန်မာဆုံးသူကိုဖြစ်သွားပြီ..သူ့ကိုနိုင်အောင်တိုက်ပြီးလွတ်မြောက်နိုင်တာပဲ"

အိမ်ရှေ့စံHuan Shu Chengကိုယ်တိုင်သည်အကြံပေးဆိုသောရာထူးနှင့်မရေမတွက်နိုင်သောစစ်ရေးဗျူဟာများမှာအောင်နိုင်ခဲ့သူဖြစ်တာကြောင့်ယုံကြည်မှုရှိလွန်းသူဖြစ်ပေမဲ့လည်းထိုအမျိုးသား၏ကွက်တိကျသောဖြောင့်တန်းလှသည့်နည်းလမ်းအားအလွန်ပင်သဘောကျမိသည်
Huan Shu Chengသည်လွတ်မြောက်ဖို့ရာမျိုးစုံကြံဆတွေးတောနေပမဲ့ဘယ်ဟာမှလက်ထောက်စစ်သူကြီးပြောတာလောက်တော့ထိရောက်မှူမရှိဘူး။

"ကောင်းပြီ....ကိုယ်ဖော့ပညာအပေါ်ယုံကြည်မှုရှိတဲ့ပုံပဲ"

ကံတရား၏စီမံပေးမှုကြောင့်တွေ့ခဲ့ရသောလက်တွဲဖော်နှင့်မဆုံခင်ကလင်းယုန်လို့နာမည်ကြီးခဲ့သည့်ဓားမြ
ခေါင်းဆောင်Lu Cangပဲလေ။
ထုတ်ဖော်ပြီးကြွားပြပြောပြနေစရာမှလိုတာ။

"လှုပ်ရှားရအောင်"

ထိုလူစိမ်းနဲ့စကားပြောရင်းအချိန်မဖြုန်းချင်တော့သည့်အတွက်Lu Cangစိတ်မရှည်စွာပင်ပြောလိုက်သည်။
မြန်နိုင်သလောက်မြန်မြန်Jingဆီပြန်ချင်လှပြီ
အဆမတန်ခုန်နေသောရင်ဘတ်ငြိမ်ကျသွားစေရန်Jingအဆင်ပြေရဲ့လားဆိုတာသိဖို့လိုအပ်သည်။

"ခဏ...ငါမျှားခေါ်သွားမယ်..အရင်ဆုံးထွက်သွား
ပြီးငါ့ဆီအားလုံးအာရုံရောက်နေတုန်းအမြန်
ထွက်ပြေး..."

သူ၏အရည်အချင်းအားLu Cangမြင်အောင်ပြနိုင်သည့်အစီအစဉ်အားရေးဆွဲနေသည်။
တမဟုတ်ချင်းမှာပဲLu Cangဒေါသများမြင့်တတ်လာကာအနှီလူစိမ်းကိုဒေါသတကြီးကြည့်လိုက်သည်
မျက်ဆံများပြူးကျယ်လာပြီးဓားမြှောင်များပစ်ခွင်းတော့မည်Lu Cangအသွင်ကShu Chengအတွက်တော့နှစ်လိုဖွယ်ကောင်းလှသည်

"ငါ့ကိုဘာများထင်နေတာလဲ"

အေးစက်လှသောအသံသည်Shu Chengအမြင်တွင်ချစ်စရာကောင်းပေမဲ့လည်းလက်
ထောက်စစ်သူကြီးဖြစ်သည်ဆိုသောအသိအားပြန်ဝင်လာစေသည်

"ခွင့်လွှတ်ပါ...ဒီလိုကိစ္စမျိုးတိုင်းမျှားခေါ်နေကြဆိုတော့သတိလွတ်ပြောမိသွားတာပါ.."

မှားယွင်းချက်အားShu Chengအလျှင်အမြန်ပင်ဖုံးဖိနိုင်သွားသည်
အမှန်တကယ်တမ်းတော့မှားယွင်းချက်မဟုတ်အခုမှတွေ့ဖူးသောသူအပေါ်စိတ်ပူလွန်းနေသည့်သူ၏ဇဝှေဇဝါခံစားချက်များသာဖြစ်သည်

"ထားလိုက်တော့..အတူထွက်သွားကြမယ်..ဘယ်သူမှလည်းရှေ့ထွက်စရာမလိုသလို
ဘယ်သူမှလည်းနောက်ကျန်ခဲ့စရာမလိုဘူး"

အကြံအစည်ကိုသဘောတူပြီးသည်နှင့်ဘယ်အရပ်ကိုဉီးတည်သွားရမလဲဆိုတာရွေးချယ်ဖို့ပတ်ဝန်းကျင်အားအကဲခတ်လိုက်ကြသည်။
နယ်ခံသားShuChengကိုယ်တိုင်ဤနေရာတွေနှင့်မရင်းနှီးသည့်ပုံအရလူအရောက်အပေါက်နည်းသောအခြားအရပ်ဒေသတစ်ခုဖြစ်နိုင်သည်
နောက်ဆုံးတော့Lu Cangဆုံးဖြတ်ချက်အတိုင်းအနောက်စူးစူးသို့သွားရန်ပြင်လိုက်ကြသည်
အချိန်မဖြုန်းတော့ဘဲအစီအစဉ်အတိုင်းရထားလုံးအတွင်းမှထွက်ကာပျံသန်းတော့သည်
ရန်သူတွေလည်းပျံသန်းသွားသည့်အရိပ်နှစ်ခုကိုကြည့်ရင်းရုတ်တရက်ဖြစ်တာကြောင့်လန့်ဖြန့်သွားကြသည်။

"လိုက်ဖမ်းကြ"

ခေါင်းဆောင်၏အသံကြောင့်တွေဝေနေကြသူများအသိပြန်ဝင်လာကာအရိပ်မည်းနှစ်ခုပြေးသွားရာနောက်လိုက်သွားကြတော့သည်
Lu Cangအကြံအတိုင်းသိုင်းမကျွမ်းသူများနောက်မှာကျန်ခဲ့ပြီးLu Cangနဲ့Shu Chengအားဖမ်းခဲ့သူများဖြစ်သည့်အနက်ရောင်ဝတ်ဆင်ထားသူငါးယောက်သာလျှင်
လိုက်ပါလာတော့သည်

နာရီဝက်ခန့်ကြာသည့်အခါထိုသူငါးယောက်မှလွဲ၍ကျန်တဲ့သူများနှင့်ဝေးကာအတော်ပင်
ခရီးပေါက်နေပြီဖြစ်သည်
အားတွေအကုန်မခံတော့ဘဲထိုသူတွေအားတိုက်ခိုက်ရန်အကွက်အကွင်းကောင်းသည့်နေရာရောက်တဲ့အခါLu Cangအားအချက်ပြလိုက်သည်
နှစ်ယောက်စလုံးရပ်တန့်ကာမြေပေါ်သို့ပေါ့ပါးစွာဆင်းပြီးတိုက်ခိုက်ရန်အသင့်ပြင်လိုက်ကြသည်
ဘေးနားမှာရှိနေသောသစ်ကိုင်းအားဓားသဖွယ်အသုံးပြုရန်ကောက်ယူလိုက်သည်။
ဓားသမားဖြစ်တာကြောင့်လက်နှင့်တိုက်တာကLu Cangကျွမ်းကျင်သောအရာမဟုတ်။
Shu Chengကတော့နှစ်ခုလုံးမှာကျွမ်းကျင်သူဖြစ်တာကြောင့်ဘာနဲ့ပဲတိုက်လာတိုက်လာအဆင်ပြေသည်

ကြာကြာပင်မစောင့်လိုက်ရပဲရန်သူတွေလည်းရောက်လာပြီးဘေးမှပတ်ပတ်လည်ဝန်းရံကြသည်
တစ်ယောက်ချင်းဆီအားစမ်းစစ်ရင်းမည်သူနှင့်အရင်တိုက်ခိုက်ရမလဲShu Chengကြံရွယ်နေတုန်းမှာသူ့ဘေးမှလူ၏ဘာမျှမစဉ်းစားအတင်းတိုးဝင်မှုကြောင့်လွန်စွာထိတ်လန့်သွားသည်
ရန်သူအရေအတွက်နည်းသွားပြီဖြစ်ပေမဲ့လည်းLu Cang၏ကျိုးကြောင်းမဆင်ခြင်သောလုပ်ရပ်ကြောင့်Shu Chengမျက်မှောင်ကျုတ်မိသွားသည်
သိုင်းပညာအဆင့်အတန်းမှာအထင်အရှားကွာဟလှတာဖြစ်ပေမဲ့ငါးယောက်ဝိုင်းဖွဲ့တိုက်ကွက်ကြောင့်Lu Cangနဲ့Shu Chengတို့အတော်ကြာတဲ့အထိအခတ်တွေ့နေသေးသည်
နောက်ဆုံးမှာတော့လိုက်ဖမ်းသူများအားအနိုင်ပိုင်းနိုင်သွားသည်။
နောက်ထပ်ပြန်လိုက်လာလျှင်မောပန်းစွာထွက်ပြေးရဉီးမှာစိုးရိမ်ပြီးထိုသူတို့၏ခြေထောက်များအားပြင်းထန်သောဒဏ်ရာပြေးကာချန်ထားခဲ့သည်
ထို့နောက်u Cangနှင့်Shu Chengတို့အနောက်ဘက်အားဆက်လက်ထွက်ခွာခဲ့ကြသည်
နှစ်ယောက်အတူတိုက်ပွဲဝင်ခဲ့စဉ်ကလွန်စွာတွဲဖက်ညီကြောင်းသဘောပေါက်နားလည်သွားသောShu Chengသည်လက်ထောက်စစ်သူကြီးထံနက်နဲစွာရစ်တွယ်မိနေပြီဖြစ်ကြောင်းလည်းသတိထား
မိသွားပြီဖြစ်သည်

•••••••

အချိန်အတော်အကြာ...

တိတ်ဆိတ်စွာပင်မြန်နိုင်သမျြှမန်အောင်ခရီးနှင်လာပေမဲ့လည်းဉီးတည်ချက်ကဘယ်မှာမှန်းမသိဖြစ်နေသည်
ရထားလုံးအတွင်းသတိမေ့နေသောအချိန်မှာနေ့ဝက်ခန့်ရှိနေပြီဖြစ်တာကြောင့်စစ်ရေးဆွေးနွေးရာနေရာနှင့်အတော်ဝေးခဲ့ပြီဆိုသောအသိကLu Cangအားနေမထိထိုင်မသာဖြစ်စေသည်

"ဆရာ..ရန်သူတွေလည်းလိုက်မလာတော့ပါဘူး
အရှိန်လျော့ရင်ကောင်းမယ်"

Shu Chengသည်Lu Cangနာမည်ကိုမသိတာမလို့ဘယ်လိုခေါ်ရမလဲမသိဖြစ်နေသည်
ဘေးမှာပြောနေသည်အားLu Cangမသိချင်ယောင်ဆောင်နေမိသည်
Jingအဆင်ပြေမပြေသိရဖို့ရာအတွက်အမြန်ပြန်ရောက်ဖို့လို၍အချိန်ဆွဲနေခြင်းသည်စိတ်အနှောက်အယှက်ဖြစ်စရာအရာတစ်ခုကိုLu Cangထင်မိသည်

"ဆရာ...ရန်သူတွေလည်းမရှိတော့ပါဘူး..
ခဏ.."

ရင်တွင်းမှစိုးရိမ်ကြောင့်ကျမှုများကိုမမြင်နိုင်အောင်ဖုံးဖိရင်း Lu Cangအာရုံစိုက်လာရန်နောက်တစ်ခွန်းဆိုမိသည်
ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကလှစ်လျူရှုတာခံရခြင်းသည်Shu Chengဘဝတွင်ပထမဆုံးဖြစ်သည်

"နေဝင်တော့မယ်..အလျင်မလိုဘူးဆိုရင်တောထဲမှာပဲလမ်းပျောက်သွားလိမ့်မယ်"
ဖြတ်ပြောလိုက်သောLu Cangစကားသံသည်စိတ်အလိုမကျဖြစ်နေသည်ကိုမဖုံးနိုင်ဘဲတင်းမာလျက်ရှိသည်

"အမြန်သွားမယ်ဆိုရင်တောင် ဒီလောက်ဝေးပုံနဲ့ဆိုရင်နေမဝင်သေးခင်အမှီရောက်မှာမဟုတ်ဘူး"

စိတ်ဆက်နေသောLu Cangနှင့်ယှဉ်လျှင်Shu Chengသည်လွန်စွာစိတ်ရှည်သည်းခံလှသည်

အာ့...

စိတ်ထဲတွင်Jingသာရှိနေ၍အတူခရီးသွားဖော်သည်သူ့နည်းတူအကျပ်အတည်းအားရင်ဆိုင်နေရသူဖြစ်ကြောင်းထည့်မတွက်မိသည်ကိုLu Cangသတိရသွားတော့သည်

"တောင်းပန်ပါတယ်...ရိုင်းပြမိပါတယ်"

Shu Chengအဖြေပြန်မဖြေဘဲအချိုသာဆုံးအပြုံးကိုပြုံးပြလိုက်တာကြောင့်Lu Cangပင်ကျက်သေသေသွားသည်
တစ်စုံတစ်ယောက်အားဆွဲဆောင်နိုင်ရန်သူ၏အပြုံးအားအသုံးပြုသည်မှာShu Chengအတွက်တော့ပထမဆုံးအကြိမ်ဖြစ်သည်
ပုံမှန်ဆိုလျှင်လူတော်တော်များများ အကြည့်များတွင်အရည်ပျော်သွားလေ့ရှိသည်
သို့ပေမဲ့အချိန်အတော်ကြာသည်အထိအတူရှိနေခဲ့တာတောင်ထိုလူသားသည်Shu Cheng၏မက်မောစရာအချက်များအားသတိမပြုမိခဲ့။

"အာ...Mingdiစစ်ရေးအကြံပေးမလား....
နောက်ကျမှမိတ်ဆက်စကားဆိုမိပါတယ်"

Jingသာစိတ်ထဲရှိနေသောLu Cangသည်ဘေးတွင်နောက်တစ်ယောက်ပါလာတာကိုမေ့နေခဲ့၏
သေချာကြည့်မိလိုက်တော့မှMingdiမှာငယ်ရွယ်ချောမောသောအကြံပေးဖြစ်နေခဲ့သည်
စစ်ရေးဆွေးနွေးစဉ်အခါကကြည့်မိနေ၍Jingဆီမှခြိမ်းခြောက်စကားတောင်ရလိုက်သေးသည်
ယခုလောလောဆယ်တော့အနှီကျက်သရေရှိလှသောအကြံပေးနှင့်Lu Cangအတူရှိနေသည်
ရုတ်ချင်းပင်Jing၏ခြိမ်းခြောက်စကားများကအတွေးထဲပုံရိပ်ထင်လာသည်

ဤနှစ်လိုဖွယ်ကောင်းသောသူအားကြည့်မိတာကိုပင်ဒေါသထွက်နေသောJingသည်တစ်နေ့လုံးအတူရှိနေတာကိုသိလျှင်ဘယ်လိုများနေမလဲ
ပြင်းပြစွာစိတ်ဆိုးမာန်ဆိုးဖြစ်နေမည့်Jingအသွင်အားမြင်ယောင်မိတော့ခါးသက်စွာပြုံးမိပြန်သည်
နောက်ဆုံးတွင်တော့သတိပြုမိသွားပြီဖြစ်သောလက်ထောက်စစ်သူကြီးကြောင့် Shu Chengပျော်ရမလို မကျေမနပ်ပဲဖြစ်ရမလိုဖြစ်နေသည်။
ပထမဆုံးအကြိမ်ခံစားမိသည်ဖြစ်သောမရေရာမသေချာသည့်ခံစားချက်များကိုဘေးချရင်းဖော်ရွေစွာပြုံပြလိုက်သည်

"Huan Shu Chengပါ..ဆရာအမည်ကိုကော
ပေးသိနိုင်မလား"

"Lu Cang"

"ဆရာLu...မိတ်ဆြွေဖစ်ခွင့်ရတာဝမ်းမြောက်
မိပါတယ်"

ထိုသူသည်နှစ်သက်ဖွယ်ကောင်းသောစိတ်နေစိတ်ထားရှိကြောင်းLu Cangသတိထားမိသည်
တစ်ချိန်လုံးလှစ်လှူရှုကာမိတ်ပင်မဆက်သောLu Cang၏ရိုင်းပြမှုတွေကိုအပြုံးနှင့်သာပြန်တုံ့ပြန်ခဲ့သည်
သူ၏အပြုံးတွေသည်စိတ်တထင့်ထင့်ဖြစ်နေသောLu Cangအားတည်ငြိမ်စေပြီးခြုံငုံပြောရလျှင်ယဉ်ကျေးပျူငှာသောသူဟုဆိုနိုင်သည်

"ဆရာHuan"

"Shu Chengလို့ပဲခေါ်လို့ရပါတယ်..ကျွန်တော်စိတ်ထဲမထားပါဘူး"

Lu Cangနှင့်ခင်မင်ရင်းနှီးချင်သောShu Chengအဖို့နာမည်ခေါ်ခြင်းသည်သင့်တော်သောနည်းလမ်းဖြစ်သည်
ထိုစကားနဲ့အတူနာမည်ခေါ်ခိုင်းဖူးခဲ့သည့်တင်စားစရာစကားမရှိသည်ထိလှပသောသူ
ဧကရာဇ်ကခေါင်းထဲပေါ်လာပြန်သည်
ထိုအချိန်တုန်းကအဖြစ်အပျက်တွေသည်Lu Cangအားစိတ်ဒဏ်ရာပေးခဲ့တာကြောင့်သံသယများသည်သိသာလှစွာမျက်ဝန်းထက်ပေါ်လာပြီးမျက်မှောင်ကျုံ့မိသွားသည်

"ငါတို့ကတဖက်တည်းကမဟုတ်ပေမဲ့တလှေ
တည်းစီးနေတဲ့သူအချင်းချင်းကူညီသင့်တယ်
လို့ထင်တယ်..တစ်ယောက်နဲ့တစ်ယောက်သံသယဖြစ်နေမယ်ဆိုရင်လုပ်နိုင်မှာမဟုတ်ဘူး"

ချိုသာတဲ့စကားတွေနဲ့နူးညံ့အောင်လုပ်ခြင်းသည်
Shu Chengကျွမ်းကျင်သည့်အရာတစ်ခုလည်းဖြစ်သည်
Lu Cangကဲ့သို့တဲ့တိုးပြောတတ်သူများကိုလက်ခံလာအောင်ပြောရသည်မှာမဖြစ်နိုင်ဘူးလို့တော့မဆိုနိုင်။
သူ၏အကြောင်းပြချက်နှင့်ပင်Lu Cangမျက်နှာထက်အကြောများလျော့ကျသွားသည်ကိုShu Chengမြင်နေရသည်

"ကျွန်တော်နားလည်ပါတယ်..မယုံကြည်လို့မဟုတ်ပါဘူး
ဆရာHuanလိုကြီးကျယ်မြင့်မြတ်တဲ့လူတစ်ယောက်ကိုနာမည်
တပ်ခေါ်တာမသင့်ဘူးထင်လို့ပါ"

ဆန်းဆန်းပြားပြားစကားတွေပြောနေမိသောကိုယ်ကိုယ့်ကိုအားစိတ်တွင်းမှာတော့ချီးမွမ်းနေမိသည်
Jingအတင်းသင်စေသောပျင်းစရာကောင်းသည့်ယဉ်ကျေးမှုဆိုရာစာပေတို့သည်အခုလိုအသုံးဝင်လာမယ်လို့မထင်ထားခဲ့
Jingအားပြီးရင်ကျေးဇူးတင်ရမည်...Jingဆီပြန်သွားနိုင်ရင်ပေါ့
စိုးရိမ်ပူပန်မှုများသည်ဉီးခေါင်းတွင်းတစိစိကိုကိုက်လျက်ဝပ်တွားကာတဖန်ပြန်ဝင်လာတော့သည်

"မဟုတ်ပါဘူး...အဲ့လိုချီးကျူးနေဖို့မလိုပါဘူး..
တကယ်လေးစားစရာကောင်းတာကဆရာLuပါ..ဒီလိုငယ်ရွယ်တဲ့အသက်အရွယ်မှာလက်ထောက်စစ်သူကြီးအရာရောက်နေတာကပိုလို့ပင်မှတ်သားဖွယ်ကောင်းပါတယ်"
သူ၏ဖျောင်းဖျစကားများအရာမဝင်သည့်အတွက်Shu Chengအတော်ပင်စိတ်အနှောက်အယှက်ဖြစ်လာသည်
မလိုအပ်ပဲခံစားချက်တွေအားထုတ်ပြခြင်းသည်အားနည်းချက်အားထုတ်ဖော်ခြင်းလို့သင်ကြားခဲ့ရသူShu Chengမျက်နှာထက်အပြုံးကတော့ပျောက်မသွားပဲတည်ရှိနေသည်။
ဤရာထူးအားဘယ်လိုရသည့်အကြောင်းတပ်အပ်သိသော Lu Cangသည်အကြံပေး၏ချီးမွမ်းစကားကြောင့်မသိမသာရှက်သွေးဖြာသွားသေးသည်
ဂရုတစိုက်ကြည့်နေသူဖြစ်တဲ့အတွက်ထိုအမူအရာအားသတိပြုမိသွားသူShu Cheng၌သိချင်စိတ်များပိုများလာကာဘာမှန်းမသိသောခံစားချက်တစ်ခုကလည်းပေါ်ပေါက်လာပြန်သည်

"မခံယူဝံ့ပါဘူး..မခံယူဝံ့ပါဘူး...ဆရာHuan.ဒီနေရာကMingdiအပိုင်ဖြစ်နေတာတောင်အကျွမ်းတဝင်မရှိဘူးလား"

"အမှန်တိုင်းပြောရရင်တောတွေတောင်တွေထဲသိပ်သွားလေ့မရှိဘူး"

အိမ်ရှေ့စံကတော့ထဲဘာသွားလုပ်နေရမှာလဲ....Shu Chengသည်ခရီးထွက်တာထက်စစ်ရေးဗျူဟာများထိုင်ဖတ်နေရတာကိုသဘောကျနှစ်သက်သူဖြစ်သည်

"ဒါပေမဲ့ဆရာLuကိုDatongစခန်းရောက်အောင်ဘေးကင်းစွာပို့ဆောင်ပေးမှာပါ"

"ဆရာHuan..ကျွန်တော်တို့ကကူကယ်ရာမဲ့အခြေအနေအတူတူပဲလေ..ဘာလို့အဲ့လိုလုပ်မှာလဲ..
စခန်းကိုလိုက်ပို့ဖို့မလိုပါဘူး...ကိုယ်တိုင်သွားနိုင်ပါတယ်"

အသုံးမဝင်သောသူပျော့ညံ့သောသူလို့ဆက်ဆံခံရတာJingတစ်ယောက်နှင့်တင်စိတ်မနည်းထိန်းနေရသောLu Cangသည်နောက်တစ်ယောက်ကပါထိုသိုပြုမူလာ၍သည်းမခံနိုင်တော့။
စိတ်ကောင်းစေတနာအားသဘောမတွေ့ပုံပေါ် သောLu Cangကြောင့်နောက်ထပ်လက်ခံနိုင်လောက်သည့်အကြောင်းပြချက်တွေအပြေးအလွှားတင်ပြလာသည်။

"ဆရာLu..အထင်မှားပြန်ပြီ
Datongနဲ့Mingdiဆွေးနွေးပွဲအလယ်မှာဒီအဖြစ်အပျက်
ဖြစ်ခဲ့တာလေ...လုပ်ကြံတာကMingdiဘက်
ကလို့Datongထင်သွားမှာကစိုးရိမ်ရတယ်
အဲ့ဒါကြောင့်မလို့Datongစခန်းချရာဘက်
အတူလိုက်ပါသွားရင်အခြေအနေမှန်ကိုရှင်းပြနိုင်တယ်လေ"


"မှန်ပါတယ်...တလွဲယူမိတဲ့အတွက်တောင်းပန်ပါတယ်..ဆရာHuan"

ဆိုလာသောအကြောင်းပြချက်အားသဘောပေါက်ပေမဲ့အနှီနှစ်လိုဖွယ်ကောင်းသောအကြံပေးနှင့်အတူပြန်ဖို့ရာကိုတွန့်ဆုတ်နေမိသည်
Jing၏သဝန်တိုတတ်သောသဘောသဘာဝအားသိနေသည့်အတွက်အတူပြန်လာလျှင်မည်သို့တုံ့ပြန်လာမည်အားLu Cangတွေးတောင်မတွေးချင်။
မနာလိုဝန်တိုမှုများနှင့်လောင်မြိုက်နေမည့်အသွင်အားခေါင်းတွင်းမှထုတ်ပြီးတဖြည်းဖြည်းမည်းမှောင်လာသောကောင်းကင်ယံကြောင့်သက်ပြင်းချလိုက်သည်
မကြာခင်တွင်ညအခါရောက်လာမည်ဖြစ်ပြီးကောင်းကင်တပြင်လုံးသည်ပိန်းပိန်းမှောင်သွားပေလိမ့်မည်
အမှောင်ထုတွင်းခရီးဆက်ရာမှတစ်ချက်မှားလျှင်အသက်ပျောက်နိုင်တာဖို့ရပ်နားဖို့ရန်သာဆုံးဖြတ်လိုက်ကြသည်
တောထဲရောက်နေသည်ဆိုသောအကြောင်းအရာကLu Cangကိုခြောက်လှန့်ခြင်းမပြုနိုင်ပေမဲ့
Jingမရှိဘဲညအားဖြတ်သန်းရသလိုJingဘယ်ပုံဘယ်များအဆင်ပြေမလားမသိရသေးခြင်းသည်
Lu Cangအားသောကဝေစေသည်။

ကောင်းကင်သည်မည်းမှောင်နေ၍ကြယ်ပင်မရှိ
ပြင်းထန်စွာတိတ်ခတ်လိုက်သောလေအဟုန်ကလည်းမုန်တိုင်းလာတော့မည်ဖြစ်ကြောင်းကြိုပြောနေသယောင်ရှိသည်။
Shu Chengသည်ဘေးမှပြောင်းလဲနေသော
Lu Cangအမူအရာများကိုသတိထားမိပေမဲ့အသံမပြုပဲဂရုတစိုက်သာဆက်ကြည့်နေမိသည်

ကံကောင်းထောက်မစွာပင်မည်းမှောင်နေသောသစ်တောအတွင်း၌အရိပ်ရသည့်သစ်ပင်ကြီးတစ်ပင်တွင်နားခိုစရာအခေါင်းပေါက်ကြီးတစ်ခုအားတွေ့ရှိခဲ့သည်
လေထန်ရာတစ်လျှောက်သစ်ပင်အချိန်မရွေးလဲပြိုနိုင်အချိန်အခါတွင်မိုးစိုပြီးနေတာထက်စာလျင်သင့်တော်လှသည်

ထိုရာသီဥတုမျိုးတွင်အချိန်တိုင်းဘယ်နေရာရောက်ရောက်လာကြိုတတ်သည့်Jingအား
တွေးမိပြန်သည်
သက်ဆိုင်သည့်အကြောင်းအရာများအလိုက်ပြောင်းလဲဖြစ်ပေါ်နေသောမျက်နှာအမူအရာများကိုLu Cangကျေကျေနပ်နပ်ပင်မှတ်မိနေသေးသည်

စကားပြောမပြတ်ဘူးဆိုရင်စိတ်ဆိုးမာန်ဆိုးနဲ့ရပ်စောင့်နေသည့်မျက်နှာ
အကြံအစည်တစ်ခုခုရှိပြီဆိုရင်ပျော်မြူးနေတတ်သည့်မျက်နှာ
စစ်သားတွေကိုလေ့ကျင့်ပေးချိန်ဆိုရင်အကြောင်းပြချက်မရှိဒေါသထွက်နေသည့်မျက်နှာ

"လာကြိုတာပဲကျေးဇူးတင်ရမှာ..အအေးမိရင်ဘယ်လိုလုပ်မလဲ'

သူအရေးမစိုက်မိတန်ဖိုးမထားမိသောချိုသာလှပေမဲ့ရိုးရှင်းလှသည့်စကားသံများကိုပြန်လည်ကြားယောင်မိချိန်တွင်နှလုံးထက်၌ဒုတ်ကနဲမြည်သွားသည်
ချစ်ခြင်းမေတ္တာများကိုလက်ခံရရှိခဲ့ပေမဲ့အမြဲတစေလက်ခံရကောင်းမှန်းမသိတတ်ခဲ့။
အခုအချိန်မှာတော့ထုံးစံအတိုင်းလာကြိုဖို့ကိုLu Cangမျော်လင့်တောင်းတနေမိသည်
ဘယ်တော့မှမကျေမနပ်မဖြစ်တော့ပါဘူးလို့ကတိပေးထားမည်

မဟုတ်ဘူး.......
အခုအချိန်မှာတော့Jingလိုက်ခေါ်စရာမလိုဘဲအရောက်ပြန်သွားမည်

"ဆရာLu”

အတိတ်ကိုပြန်ပြောင်းအောက်မေ့နေသောLu Cangအားပြန်ဆွဲခေါ်နေရသည်အားShu Chengလည်းပင်ပန်းလာသည်
ကိုယ့်အတွေးနဲ့ကိုယ်တဝဲလည်နေသောLu Cangသည်ဖော်ရွေပျုငှာသောMingdiအကြံပေးဘေးတွင်ရှိနေတာအားမေ့လျော့နေခဲ့သည်

"ဟုတ်ကဲ့?"

"သက်ပြင်းတွေဆက်တိုက်ချနေတာဆိုတော့စိုးရိမ်စရာရှိလို့လား"

တမူထူးကဲသောမေးခွန်းများကြောင့်ဘေးတွင်ထိုင်နေသောသူသည်သူတစ်ပါးအားလွန်စွာအာရုံစိုက်တတ်သူဖြစ်ကြောင်းLi Cangသတိပြုမိသည်
အသေးစိတ်ကိုပင်လိုက်အာရုံစိုက်နေသောShu Chengသည်မိုးမှောင်နေလို့သာLu Cang၏အရှက်ရဖွယ်မျှော်တော်ရောင်မျက်နှာထားအားမမြင်တာတော်သေးသည်

"ထွေထွေထူးထူး မရှိပါဘူး..စခန်းကိုအမြန်ရောက်ချင်တာသာရှိတယ်"

ခံစားချက်များအားမဖုံးဖိနိုင်သောLu Cang၏အားနည်းချက်သည်Shu Chengအားချစ်စိတ်ဝင်စေပြီးကာကွယ်ပေးချင်နေမိသည်။
ထို့အပြင်Lu Cangအတွေးများအဝေးနယ်လွန်နေလျှင်လည်းသဝန်တိုလာသလိုစိတ်မကျေမနပ်လည်းဖြစ်ခဲ့သည်
တစ်စုံတစ်ယောက်၏ဒုတိယလူမဖြစ်ဖူးခဲ့သောShu Chengသည်ဒီတစ်ကြိမ်မှာတော့Lu Cangအာရုံစိုက်မူများသူ့ဘက်ပါလာအောင်သာကြိုးပမ်းနေရသည်။
တစ်ဖက်တွင်လည်းLu Cangသည်စကားပြောဖို့ရာစိတ်အားထက်သန်လှသည်မရှိ။
ဤကဲ့သို့အချင်းအရာသည်Shu Chengအားစိန်ခေါ်မှုတစ်ခုလိုခံစားစေပြီးထိုလူသား၏အာရုံစိုက်မှုရရှိရန်တပြားမျှမလျော့ပဲကြိုးစားဖို့အဆင်သင့်ဖြစ်နေသည်။

"သိပြီ"

စကားလမ်းစမဆုံးချင်သောShu Chengသည်နောက်ထပ်ခေါင်းစဉ်တစ်ခုရှာဖွေလာပြန်သည်

"တောထဲရောက်နေတာတောင်ဘာမြှဖစ်ပုံမပေါ်ဘူး..အရင်တုန်းကအလေ့အကျင့်ရှိတာလား"

ဖြစ်နိုင်လျှင်တိတ်တိတ်လေးနေကာJingအကြောင်းပဲစဉ်းစားချင်သည်
သို့ပေမဲ့လည်းထောက်ထားသက်ညှာသောအားဖြင့်Shu Cheng၏အရေမရအဖတ်မရစကားဝိုင်းထဲဝင်ပြောပေးနေရသည်

“အင်း..ငယ်ရွယ်စဉ်ကညီအစ်ကိုတွေနဲ့အမဲလိုက်ထွက်လေ့ရှိတယ်..တစ်ခါတစ်လေတောထဲမှာရက်ကြာသွားတာမျိုးလည်းရှိတယ်"

ယခင်ဓားမြခေါင်းဆောင်ဖြစ်ခဲ့ချိန်များကိုသတိရမိသွားချိန်တွင်ရင်တွင်းမှစိုးရိမ်ပူပန်မှုများလည်းသက်သာလာသည်။
ပထမကတော့Shu Cheng၏အချိန်ဖြုန်းသောစကားဝိုင်းအားဓားမြဖြစ်ခဲ့သည့်အကြောင်းထုတ်မပြောပဲညီအစ်ကိုတွေအကြောင်းအမဲလိုက်သည့်အကြောင်းသာပြောမည်ဟုရည်ရွယ်ခဲ့သည်
သို့ပေမဲ့လည်းညီအစ်ကိုတွေနှင့်အတူရှိခဲ့စဉ်တုန်းကစွန့်စားခန်းများသည်စိတ်အသွင်ရုပ်ပုံထင်လာပြီးပြန်ပြောင်းပြောပြခဲ့သည်
တစ်ပါးသူအားထိခိုက်နစ်နာအောင်လုပ်ခဲ့ပုံများကိုပြောပြရင်းရယ်မောမိသည်
ကဖျက်ယဖျက်လုပ်လွန်းပြီးခေါင်းမာတတ်သောအကျင့်စရိုက်များအကြောင်းပြောပြတော့လည်းအဝေးအားတွေတွေကြီးငေးနေမိသည်
ကိုယ့်ကိုယ်ကိုတောင်မသိလိုက်ပါပဲညီအစ်ကိုတွေအပေါ်ထားသော ရိုးသားမှု သစ္စာရှိမှု ကာကွယ်ပေးမှုတွေကိုဖော်ပြထားပြီးသားဖြစ်သွား၏။
Shu Chengမှာတော့Lu Cang၏ညို့ယူဖမ်းစားခြင်းကိုခံယူနေရသလိုLu Cang၏အမူအရာများ၌ကျရှုံးလျက်ရှိသည်

Shu Chengလည်းအပြန်အလှန်အနေနှင့်ကလေးဘဝကိုစွန့်စားခန်းများကိုပြောပြသည်။
နန်းတော်၌စူးစမ်းရှာဖြွေခင်းစသဖြင့်သောအကြောင်းအရာများနှင့်Lu Cangစိတ်ဝင်စားမှုရနိုင်ရန်ကြိုးပမ်းလျက်ရှိသည်။
မိုးသောက်ချိန်အထိစကားဆက်ခဲ့ကြပြီးLu Cangထံမှလိုချင်သောအာရုံစိုက်မှုရရှိShu Chengကျေနပ်နေသလိုစိတ်အနှောက်အယှက်ပေးလှသောShu ChengအားLu Cangကျေးဇူးတင်လျက်ရှိသည်

အလင်းရောင်လေးရောက်လာသည်နှင့်မနေ့ကမုန်တိုင်းကြောင့်မိုးတဖွဲဖွဲကျနေဆဲကိုပင်အာရုံမထားဘဲLu Cangမှခရီးပြန်လည်စတင်မည်ဖြစ်ကြောင်းအတင်းအကျပ်တိုက်တွန်းနေသည်။

လွယ်ကူလှသောခရီးတော့ဟုတ်မနေခဲ့

ကံမကောင်းစွာဖြင့်အနားယူနေချိန်အတွင်းဇွဲပနဲကောင်းသောရန်သူများကလည်း
အမှီလိုက်လာကြသည်
နောက်တစ်ဖန်ပြင်းထန်လှသောတိုက်ပွဲတစ်ခုဖြစ်ပွားပြီးအရေအတွက်ပိုများပေမဲ့အတူတွဲတိုက်တာဖြစ်သောကြောင့်တဖြည်းဖြည်းနှင့်အောင်မြင်စွာကျော်လွှားနိုင်မှုလမ်းစရှာဖွေနိုင်ခဲ့သည်
အမှန်တကယ်တမ်းShu Chengရှေ့ထွက်သည်မှာများပေမဲ့Lu Cangအစော်ကားခံရသလိုမခံစားမိစေရန်အမျှော်မြင်ရှိရှိသိုသိုသိပ်သိပ်နှင့်ပြီးမြောက်စေခဲ့သည်
Lu Cangစရိုက်အားShu Chengအခုဆိုအတော်ပင်နားလည်နေပြီဖြစ်သည်။
သူ၏စွမ်းဆောင်နိုင်စွမ်းအားနှိမ့်ချဆက်ဆံသည်ကိုအလွန်စိတ်ဘဝင်မတွေ့သောသူများထဲမှတစ်ယောက်အပါအဝင်လည်းဖြစ်သည်
အတိုပြောရလျှင်Lu Cangသည်သူ၏ပုံရိပ်နှင့်ဂုဏ်သတင်းအားအလေးထားတတ်သူဖြစ်သည်

အောင်မြင်မှုသည်အတော်ပင်ဈေးကြီးလှသည်ဟုဆိုနိုင်သည်
ရှိသမျှအားအင်ထုတ်သုံးကာအပြင်းအထန်တိုက်ခိုက်ကြရင်းနောက်ဆုံးသောရန်သူလက်ချက်ကြောင့်Lu Cangခြေထောက်ဒဏ်ရာရသွားတော့သည်
တစ်ညလုံးလည်းအသင့်အနေအထားနှင့်စောင့်ကျပ်နေရသည်ဖြစ်၍အားအင်ချိနဲ့နေခဲ့သည်
ပျော်ရွှင်စွာတစ်ညလုံးလည်းစကားတွေပြောခဲ့ကြပြီးအခုတွင်လည်းခြုံခိုတိုက်ခိုက်မှုခံထားရကာနောက်ဆုံးတွင်တော့အားနည်းသောသူအချင်းချင်းဖေးမရင်းခရီးဆက်ရုံသာတတ်နိုင်တော့သည်
ဤအခြေအနားအားအသုံးချကာLu Cangနှင့်နီးကပ်ခွင့်ရမည်ဖြစ်၍Shu Chengစိတ်တွင်းတွင်အပျော်ကြီးပျော်နေတော့သည်
Jingရှိအမြန်ဆုံးပြန်ရောက်ချင်နေသောLu Cangမှာသတိမပြုမိပေမဲ့Shu Chengတစ်ယောက်
အခွင့်ကောင်းယူကာLu Cangခါးကိုတင်းကျပ်စွာသိုင်းဖက်ထားလိုက်သည်
Lu Cangကိုယ်နှင့်အထိအတွေအားအလွန်ပင်ကျေနပ်နှစ်သက်လျက်လည်းရှိသည်
ခေါင်းမာစွာပင်အမြန်ခရီးနှင်လာပေမဲ့စခန်းချရာသို့ရောက်ရှိချိန်တွင်နေ့လည်ခင်းမျှပင်ရှိပြီ
မျက်စိရှေ့တွင်မြင်နေရသောစစ်စခန်းကြောင့်ဘယ်ကနေမှန်းမသိပေါ်လာတဲ့နစ်မြုပ်နေဆဲခံစားချက်များကိုShu Chengမနည်းပင်ဖုံးဖိလိုက်ရသည်
ဘယ်အရာကိုမှမကြောက်တတ်သူShu Chengအဖို့ကြောက်ရွံ့နေသည့်ခံစားချက်တော့မဖြစ်နိုင်
သူ့ဘေးတွင်ရှိသောခန့်ညားသည့်လက်ထောက်စစ်သူကြီးနှင့်စပ်လျဉ်း၍ဆိုလျှင်ပိုမှန်မည်
တစ်ရက်အတူရှိနေခဲ့ပြီးနောက်ထိုလူသားအပေါ်ခံစားချက်အချို့လည်းဖြစ်တည်လာခဲ့သည်
ဘာပဲဖြစ်ဖြစ်ရှေ့ဆက်ဖို့ရန်သာကြံရွယ်နေသောLu Cangအားကြည့်ရင်းသက်ပြင်းချမိသွားသည်။

နီးကပ်လာချိန်တွင်အစောင့်ရဲမက်များသည်သံသယနှင့်အသင့်ပြင်နေပေမဲ့လက်ထောက်စစ်သူကြီးအားတွေ့မြင်သွားချိန်တွင်စိတ်အေးလက်သာဖြစ်သွားကြပြီး

"သခင်Luပြန်လာပြီ....အရှင်မင်းကြီးကိုအမြန်
သတင်းပို့ကြ"

Lu Cangနဲ့Shu Chengပြန်ရောက်လာမှုအားမျက်မြင်တွေ့သောရဲမက်တွေ၏စိတ်လှုပ်ရှားစွာအော်ခေါ်မှုပြီးနောက်အခြားရဲမက်များသည်လည်းဝမ်းပမ်းတသာနဲ့အော်ဟစ်ကြတော့သည်

Lu Cangပြန်ရောက်လာသည်အားအလွန်အမင်းပျော်မြူးနေကြသောရဲမက်တွေ
ကိုကြည့်ကာShu Chengအံဩသင့်မိသည်
ရဲမက်များကိုယ်၌ကအသိအမှတ်ပြုပုံအရစစ်ရေးအုပ်ချုပ်သူဟူသောရာထူးဂုဏ်ပုဒ်သည်အကြောင်းမဲ့ဖြစ်တန်ရာမရှိဟုမှတ်ယူလိုက်သည်
ပျော်မြူးနေကြပေမဲ့လည်းဘယ်သူမှလာပြီးမကူညီကြပဲတစ်စုံတစ်ရာကြောက်နေသလိုLu Cangနားမကပ်ရဲဖြစ်နေကြသည်

အော်သံများအရအခြေအနေကိုLu Cangသဘောပေါက်သွားသည်
Jingသည်အန္တရာယ်ကင်းသည် ထို့နောက်အကြောင်းမရှိအကြောင်းရှာအစွမ်းကုန်ဒေါသထွက်နေပြီး
Jingရဲ့ဒေါသတွေကြောင့်ရဲမက်တွေလည်းအတော်ဒုက္ခများနေပုံပေါ်သည်
စိတ်သက်သာရသည့်အနေဖြင့်ခပ်ဟဟရယ်မိပြီးတင်းထားသောစိတ်လည်းပြေလျောကျသွားတော့သည်။
အနည်းငယ်သာကျန်တော့သည့်အသိစိတ်အား
မပြိုလဲအောင်ထိန်းကာသူရှိရာသို့ဦးတည်လာ
နေသည့်Jingအားလှမ်းကြည့်လိုက်သည်
အနောက်တွင်လည်းMu Yueနှင့်Ding Pengလိုက်ပါလာသည်

Shu Chengထိန်းထားသည်ကြားမှရုန်းထွက်ကာစိတ်သက်သာရသောအပြုံးနှင့်Jingရင်ခွင်တွင်းလဲပြိုကျသွားတော့သည်

Hua Hua You Long Fanfiction 2(ဘာသာပြန်)Where stories live. Discover now