Chapter 5

13.7K 972 50
                                    

[[Zawgyi]]



အေးချမ်းသောမနက်ခင်းလေညှင်းသည်နွေးထွေးသည့်တဲအတွင်းသို့ဝင်ရန်လမ်းစရှာနေကြသည်
ကြီးမားလှသောရွှေအိုရောင်အိပ်ရာထက်၌ခန္ဓာကိုယ်နှစ်ခုရစ်တွယ်ပွေ့ဖက်ထားသည်
အတူတကွပါလာသောတောအုပ်၏အစိမ်းသက်သက်ရနံ့ကနွေးထွေးသည့်နန်းတွင်းအိပ်ဆောင်မှာမဟုတ်ပဲသူစိမ်းနယ်မြေမှာရောက်နေကြောင်းအသိပေးလျက်ရှိသည်
တကျိကျိမြည့်နေမည့်ငှက်သံများအစားကြားရသည့်ည၌ပျော်မွေ့သောသတ္တဝါများအသံကအေးချမ်းပျော်ရွှင်မူအစားနှစ်လိုဖွယ်စီးချက်ညီနေသည်။
စိတ်ရောကိုယ်ပါပင်ပန်းထားသူနှစ်ယောက်သည်နေရောင်ခြည်မှဝင်မနှောင့်ယှက်ခင်နေ့လည်ခင်းအထိအိပ်ပျော်နေခဲ့သည်။
Jingနိုးနေသည်မှာကြာပြီဖြစ်သော်လည်းအချစ်ရဆုံးသောသူ၏နွေးထွေးမှုနှင့်မခွဲနိုင်၍ဆက်လှဲနေခဲ့သည်
နတ်ဘုရားကဲ့သို့မျက်နှာတော်ထက်၌အလှပဆုံးသောအပြုံးကဖြစ်တည်နေသည်

ရင်ခွင်တွင်းရှိနေသောသူသည်လူးလွန့်လာပြီးအချိုသာဆုံးအပြုံးများနှင့်ဆီးကြိုတာကြောင့်နွေးထွေးမှုကရင်တွင်းပြည့်တတ်လာသည်
"ကောင်းကောင်းအနားယူခဲ့ရလား"

Jingဘေးနားရှိနေချိန်တွင်Lu Cangအမြဲတမ်းကောင်းကောင်းအိပ်လို့ရသည်
ရင်းနှီးသောနွေးထွေးမှုနှင့်ကိုယ်သင်းနံ့သည်ချစ်ရသူအနားရှိနေခြင်း၏အငွေ့
အသက်များဖြစ်၍စိုးရိမ်ပူပန်မှုဆိုတာလည်းပပျောက်သွားသည်

"ဒါပေါ့...မင်းကော"

ဆည်းလည်းသံကဲ့သို့တိုးလျသည့်ရယ်သံထွက်ပေါ်လာကာ

"အိပ်ရာပေါ်မှာအချိန်ကုန်တာအကြာဆုံးပဲလို့တောင်ပြောလို့ရတယ်"

အမြဲတမ်းဘာကြောင့်တိုက်ရိုက်အဖြေမဖြေလည်းဆိုတာLu Cangနားမလည်နိုင်ဘူး
ဟုတ်တယ်မဟုတ်ဘူးလွယ်လွယ်လေးပြောလို့ရတာကိုအမြဲတမ်းပဟေဠိဆန်စွာကွေ့ဝှက်ပြောတတ်သည်
အံ့သြသင့်ဖွယ်ကောင်းတာကထိုစကားများ၏အဓိပ္ပာယ်ကိုLu Cangနားလည်နေခဲ့သည်

"ထတော့..မင်းနဲ့အတူပြန်လာတဲ့သူကိုသွားကြည့်ရဦးမယ်"

"အာ..ဟုတ်သားပဲ..ဆရာHuan..မေ့တောင်မေ့နေတယ်"

ရုတ်တရက်မျက်စောင်းကြီးရောက်ရှိလာကာမူပျက်သွားသောJingအသွင်သည်မနာလိုဝန်တိုမှုများကြောင့်ပါဟုရေးထိုးထားသလိုဖြစ်နေသည်။

"အို...အတူပြန်လာခဲ့တာဆိုတော့
အရမ်းကိုလေးလေးနက်နက်ခင်မင်ရင်းနှီးနေကြတာပေါ့.."

အခြားသူနှင့်ပတ်သတ်လျှင်မေ့လွယ်ပေမဲ့ကိုယ်ရောစိတ်ပါအလုံးစုံကိုပိုင်စားသောသူသည်Jingဖြစ်နေသည်
Jing၏ရက်စက်တတ်သောစိတ်နေစိတ်ထားအစွန်းကုန်ထိရောက်ဖူးသလိုJingသည်သူ၏အရှက်တရားများကိုလည်းအတွင်းပြင်ပအကုန်မြင်ဖူးသူဖြစ်၍ဖုံးကွယ်ထားစရာတောင်မရှိ
Lu Cangအမှတ်မမှားပဲထင်သည့်အတိုင်းဆိုလျှင်Jingသည်သဝန်တိုလျက်ရှိသည်
အလွန်ပိုင်စိုးပိုင်နင်းနိုင်လှတာကိုသိပေမဲ့လည်းအခုသဝန်တိုတယ်တဲ့လား။
သဝန်တိုတယ်ဆိုတာဟာLu Cangပဲအမြဲခံစားခဲ့ရသည့်အရာမဟုတ်ပါလား။
ဖြစ်နိုင်သောအရာအားအခွင့်အရေးယူလျက်Jingကိုစရန်ကြံရွယ်လိုက်သည်

"ဒါပေါ့...ပြောဘူးတယ်မဟုတ်ဘူးလား..
ဆရာHuanနှင့်ငါကအတူကာကွယ်ရင်းတိုက်ခိုက်ခဲ့ကြတာလေ..အဲ့ဒါကိုမရင်းနှီးတာကမှထူးဆန်း
နေတာမဟုတ်ဘူးလား"

ကြားရသောစကားများကြောင့်Jingသည်ဒေါသရေမှတ်ကိုပင်ကျော်လွန်လာသည်
အေးစက်သောမျက်စောင်းတွေသည်တဖြည်းဖြည်းနှင့်အပိုင်းပိုင်းဖြစ်စေနိုင်သည့်အကြည့်သို့
ရောက်ရှိသွားသည်
တဲအတွင်း၌အခြေအနေမှာတဖြည်းဖြည်းအေးစိမ့်လာ၍Lu Cangတုန်ယင်လာမိသည်

Jingထံမှခြိမ်းခြောက်နေသောအကြည့်များကိုမသိချင်ယောင်ဆောင်ကာဝတ်ရုံအားတုန်ယင်စွာဝတ်ရင်းအလုပ်များနေလိုက်သည်။
Jingဒေါသများသည်အရင်အတိုင်းပဲLu Cangအားကြောက်ရွံ့စေစမြဲဖြစ်သည်
ဤဆက်နွယ်မူ၏အစတွင်ခံစားခဲ့ရသောစိတ်ဒဏ်ရာများသည်လွယ်လွယ်နှင့်မေ့ပျောက်လို့ရသည့်အရာများတော့ဟုတ်မနေခဲ့။
ချစ်တင်းနှောရာတွင်အရင်လိုLu Cangခံစားချက်များမထည့်တွက်တာမျိုးမရှိတော့ပဲချစ်ရသူအနေနှင့်အရေးစိုက်ခဲ့ပေမဲ့အတိတ်ကအလွယ်မေ့ပျောက်သွားတာမျိုးမဟုတ်။
စနောက်ခြင်းဖြစ်စဉ်သည်အခြားတစ်ဖက်ကူးပြောင်းသွားတော့သည်။
အစကတော့သဝန်တိုတာအားလှောင်ပြောင်ရယ်မောရန်စိတ်ကူးထားပေမဲ့Jingအမူအရာ
သည်တဖြည်းဖြည်းနှင့်မြေအောက်ကမ္ဘာမှမကောင်းဆိုးဝါးဘုရင်ကြီးနှင့်တူတူလာသဖြင့်
Lu Cangအသက်ပင်ကျယ်ကျယ်မရှူရဲ။
နောက်ထပ်စကားမဆိုတော့ပဲJingတုံ့ပြန်မှုကိုသာစောင့်ကြည့်လျက်စနောက်ခဲ့သောစကားတွေကိုပင်
နောင်တရလာသည်။

မနှစ်မြို့ဆုံးဖြစ်သည့်အကြံပေးနှင့်တစ်မျိုးတစ်ဖုံရင်းနှီးလာသည်ဆိုသောLu Cangစကားကြောင့်ပြစ်မျိုးမဲ့မထင်သောမျက်နှာသည်တင်းမာလာတော့သည်။
စိတ်အနှောင့်အယှက်ပေးလှသောအကြံပေး၏တဲရှိရာအရေးပါသောအကျဉ်းသားများထားရာအဆောင်ဆီသို့ဉီးတည်လိုက်သညိ
တဲအတွင်းသို့ခြေချလိုက်ရုံနှင့်သေနိုင်သောအငွေ့အသက်များကပြည့်လျံလာသည်
မနက်ကတည်းကစောင့်နေကြသောMu Yueနဲ့Ding Pengကတော့အခြေအနေကိုနားမလည်နိုင်တော့။
အချစ်တော်ပြန်ရောက်လာတာကိုပင်ဘာလို့များဒေါသကြီးနေသည့်အခြေအနေကမပျောက်နိုင်သေးတာလဲ။
နောက်မှလိုက်ပါလာသောLuCangကိုစူးစမ်းစွာကြည့်လိုက်တော့တောင်းပန်ပါတယ်ဆိုသောအကြည့်သာရရှိလိုက်သည်

ဟမ်...ဒီLu Cangအသိတရားမရှိထပ်လုပ်ပြန်ပြီ...ဘယ်တော့မှများမှတ်မှာလဲ

Shu Chengကတော့သူရှိရာတဲတွင်းရောက်လာသောLu Cangကြောင့်အံ့သြသင့်သွားသည်
အစကတော့Mu Yueနှင့်Ding Pengနဲ့အတူLu Cangမပါလာ၍စိတ်ပျက်နေခဲ့သည်။
Mu Yueနှင့်Ding Pengသာမရှိလျှင်သူခုန်ပေါက်ပြီးLu Cangအားသွားနှုတ်ဆက်နေပေလိမ့်မည်။
ထို့အပြင်LuCangတစ်ယောက်တည်းလာတာမဟုတ်။သူနဲ့အတူထူးဆန်းစွာလှပလွန်းသည့်အမျိုးသားလည်းပါလာသည်
စိတ်မချမ်းမြေ့ဖွယ်အငွေ့အသက်တွေရနေပေမဲ့လည်းထိုအမျိုးသားသည်သာမန်အလှအပမျိုးရြှိခင်းမဟုတ်သည်ကိုShu Chengဝန်ခံရမည်။နတ်ဘုရားကဲ့သိုဆိုလျှင်မှန်မည်။
ခံစားချက်တစ်စုံတစ်ရာမရှိသောမျက်နှာပြင်တွင်အပြစ်ဟုဆိုစရာတစ်ကွက်ပင်မရှိ။
လျော့ရဲစွာစီးချည်ထားသောဆံနွယ်များကအဖြူရောင်ဝတ်ရုံထက်ရေတံခွန်သဖွယ်လျောကျနေခြင်းသည်ထည်ဝါသောအသွင်၌ထက်ပေါင်းပေးလျက်ရှိသည်

Shu Chengကိုယ်တိုင်လည်းလွန်စွာမောသူဖြစ်ပေမဲ့လည်းထိုသူအားတွေ့ခိုက်တွင်ခေတ္တပင်
တွေဝေသွားသည်။
Shu ChengချောမောမှုအားLu Cangမယိုင်လဲမှာအသိသာပင်။Da Tongမှာဒီလိုရတနာတစ်ပါးရှိနေတာကြောင့်ဖြစ်နိုင်သည်
ထိုအတွေးနဲ့အတူမသာယာသောစိတ်ခံစားချက်ကဝင်ရောက်လာပြန်သည်
သို့ပေမဲ့လည်းထိုခံစားချက်သည်ဘေးမှရပ်နေသောသူထံအကြည့်ရောက်သွားချိန်တွင်ပပျောက်သွားပြီး
နွေးထွေးလှသောခံစားချက်များကတဖန်နေရာယူသွားသည်။
အံ့မခမ်းချောမောလှပသူအမျိုးသားဘေးတွင်ရပ်နေသောLu Cangသည်အသားရောင်ဖြူရော်ခြင်းမရှိပေမဲ့သူ့နည်းသူ့ဟန်နှင့်ရူသူအပေါင်းအားညို့ယူဖမ်းစားနိုင်သောအစွမ်းရှိသည်
ဘေးနားမှအမျိုးသားနှင့်လည်းနတ်အပေါင်းဆေးချယ်ရာပန်းချီကားကဲ့သို့လိုက်ဖက်ညီလှသည်။
ကျက်သရေအပေါင်းနှင့်တင့်တယ်ခြင်းကိုအပ်နှင်းခံထားရသောLu Cangနှင့်မျက်လုံးချင်းဆုံချိန်တွင်
အချိုသာဆုံးအပြုံးအားShu Chengပြုံးပြလိုက်သည်

Jingကိုစသည့်အနေနဲ့ပြန်လည်ပြုံးပြချင်နေစိတ်ကိုထိန်းချုပ်ကာအပြုံးဖျော့ဖျော့လေးသာ
ပြန်ပေးပြီးခေါင်းငြိမ့်ပြလိုက်သည်
ထိုသူအားမရိုင်းပြချင်သလိုJingကိုလည်းလောင်စာထည့်ပေးသလိုမဖြစ်ချင်။
ရဲဘော်ရဲဘက်အနေဖြင့်တစ်ရက်တာကုန်ဆုံးခဲ့ကြတာပဲမဟုတ်ပေလား။

အကြံပေး၏မျက်လုံးတွေကစော်ကားမော်ကားနဲ့Lu Cangဆီရောက်နေပြန်တာကြောင့်တဖန်ပင်အန္တရာယ်များသောအငွေ့အသက်
တွေကတဲအနှံ့ပျံနှံ့လာပြန်သည်

"အရှင်မင်းကြီး"

Mu Yueနှင့်Ding Pengအသံကြောင့်Shu Chengအသိစိတ်ပြန်ရသွားကာ
Lu Cangဘေးရပ်နေသောသူထံအကြည့်ပြန်ပို့လိုက်သည်
သေချာကြည့်ပါမှသာမြင်နိုင်သည့်အံ့သြသွားသောမျက်နှာထားသည်လူ၏ဖုံးဖိမှုကြောင့်တဖန်ပြန်လည်တည်ငြိမ်သွားသည်။

အဖြူရောင်နတ်သားအသွင်သူကDatongအင်ပါယာဧကရာဇ်တဲ့လား
ကြီးမြတ်လှသောDatongနိုင်ငံတော်ကြီး၏ရှင်ဘုရင်မျက်နှာအမှန်သည်ထိုသို့တဲ့လား

မနေ့ကLu Cangကိုခေါ်ဆောင်သွားသောသူသည်ရှင်ဘုရင်ဖြစ်ကြောင်းShu Chengသိပေမဲ့လည်း
Datongဧကရာဇ်၏ကွယ်ဝှက်ထားလေ့ရှိသောမျက်နှာအားမြင်တွေ့လိုက်ရသည့်အတွက်
Shu Chengအတန်ငယ်တော့အံသြသင့်မိသည်။
စာနာစိတ်မရှိသွေးအေးစွာနိုင်ငံတစ်နိုင်ငံအားအမြစ်မကျန်ဖျက်စီးခဲ့သည်ဖြစ်၍
ငယ်မည်ဟုShu Chengမထင်ထားခဲ့။
တည်ငြိမ်ပြတ်သားသောအသံနှင့်ခမ်းနားထည်ဝါသောဟန်ပန်အမူအရာကြောင့်လည်းသူနှင့်ရွယ်တူမျှဆိုတာအားShu Chengမယုံနိုင်အောင်ဖြစ်နေသည်
သို့ပေမဲ့လည်းတစ်ချို့သောအကြောင်းပြချက်တစ်ချို့နှင့်ကောင်းကင်ဘုံမှမျက်နှာလိုက်စွာအကောင်းဆုံးတွေကိုသာဖန်ဆင်းပေးထားသည်ဟုShu Chengမကျေမနပ်ဖြစ်လှသည်။

ရင်တွင်းခံစားချက်များကိုထက်မြတ်သူများပီပီဖုံးမိထားနိုင်ကြသောသူနှစ်ဉီးသည်တစ်ယောက်ပုံပန်းတစ်ယောက်တိုင်းတာနေရင်းအကြည့်ချင်းဆုံသွားကြသည်
Jingမှအကြည့်လွှဲကာဘုရင်နှင့်သက်ဆိုင်သောညောင်စောင်းထက်၌ကျော့ရှင်းစွာနေရာယူလိုက်သည်။

"အကြံပေးHuanဆီမှာရှင်းလင်းလိုတာတွေရှိမယ်ထင်တယ်..ဆွေးနွေးပွဲလုပ်ရန်ကြံရွယ်ခဲ့သောနေရာကသင်တို့ရွေးချယ်ခဲ့တာမလား...လုပ်ကြံတာကရောဘာသဘောများလဲ"

စက်ဆုပ်ရွံရှာမိသောသူနဲ့တန်ဖိုးရှိသောအချိန်တွေမကုန်ဆုံးလို၍အဓိကအကြောင်းအရာကိုသာတန်းမေးလိုက်သည်
ဂုဏ်ကျသရေရှိသောအသွင်နှင့်လိုက်ဖက်ညီစွာအသံသည်လည်းကြည်လင်ပြတ်သားပြီးနားထောင်သူအပေါင်းနှစ်လိုဖွယ်ဖြစ်စေသည်
နည်းစနစ်ကျစွာအမူအကျင့်များအားထိန်းကျောင်းခဲ့ရသူဖြစ်တာကြောင့်မနှစ်မြို့နေသော်ငြားလည်းထို့သို့သောအမူအရာတစ်စွန်းတစမှပါမလာခဲ့။

မနှစ်သက်ပေမဲ့လည်းဧကရာဇ်တစ်ပါးဖြစ်နေတာကြောင့်Shu Chengဂါဝရပြုကာ

"ကျွန်တော်မျိုးShu Chengအချိန်နှောင်းပေမဲ့လည်းအရှင်မင်းကြီးကိုဂါဝရပြုပါသည်"

Jingခေါင်းငြိမ့်ပြကာဆက်ပြောစေလိုက်သည်

"ပထမဆုံးဖခမည်းတော်ဘုရင်Huan Hu Tongကိုယ်စားတောင်းပန်ပါသည်..
အကြောင်းအကျိုးနဲ့ပတ်သတ်ပြီးDatongအားရှင်းပြလို၍ကိုယ်ပိုင်စခန်းကိုမပြန်ဘဲဆရာLu
နှင့်အတူလိုက်ပါလာခြင်းဖြစ်ပါသည်"

အကြံပေးHuanသည်မင်းသားမှန်းကြားသိချိန်တွင်မထင်မှတ်ထားသောအရာဖြစ်တာကြောင့်Lu Cangမျက်လုံးများပြူးကျယ်လာတော့သည်။
အုပ်ချုပ်သူနှင့်မင်းသားများဆိုလျှင်Jingလိုထင်နေခဲ့သည့်Lu Cangသည်ဖော်ရွေပျူငှာသောHuan Shu Chengအားမင်းမျိုးမင်းနွယ်ဖြစ်လိမ့်မည်ဟုသံသယပင်မဝင်ခဲ့။
Jingကိုကြည့်လိုက်ပြန်တော့အေးစက်သောအကြည့်ကရောက်ရှိလာတဲ့အတွက်Lu Cangပုံမှန်ပြန်နေလိုက်သည်
ကိုယ့်ကိုယ်ကိုလည်းJingသည်အကြံပေးအားမနှစ်မြို့၍ရင်းရင်းနှီးနှီးမနေသင့်ဘူး
လို့မှတ်သားထားလိုက်သည်

Lu Cangဆီကမျက်လုံးမခွာနိုင်သည့်Shu Chengကတော့အံ့ဩသွားသည့်ပုံအားမြင်လိုက်သေးသည်
သူ့အားအရင်လိုမမြင်တော့သည်မှာလည်းသေချာသည်။
အကြံပေးဆိုသောရာထူးသည်LuCangအားအံ့သြသင့်အောင်မပြုလုပ်နိုင်ပေမဲ့အိမ်ရှေ့စံဆိုသောအရိုက်အရာနဲ့ကတော့သူရှိကြောင်းLu Cangသတိထားမိနိုင်လောက်ပါသည်။
စိတ်ကြီးဝင်နေသောဧကရာဇ်ထံမှမကျေမနပ်ဖြစ်နေသောအသွင်ကြောင့်Huan Shu Chengစိတ်ထဲမှာတော့ကျိတ်ပြုံးနေမိသည်

"ကျွန်တော်မျိုးတို့ဘက်ကရွေးချယ်ပြီးဆွေးနွေးပွဲကျင်းပရာဖြစ်ပေမဲ့ချောင်းမြောင်းတိုက်ခိုက်တာမှာ
လုံးဝပါဝင်ခြင်းမရှိပါဘူး..ကျွန်တော်မျိုးတို့ရည်ရွယ်တာကဝပြောသာယာတဲ့Datongတိုင်းပြည်၏မဟာမိတ်အနေဖြင့်အဆင်ပြေစွာလမ်းကြောင်းဖောက်နိုင်ဖို့ပါ"

ကိုယ့်ကိုယ်ကိုအားပြန်မြင်နေရသကဲ့သို့တထပ်တည်းတူနေသောHuan Shu Chengအားကြည့်ပြီးJing
စိတ်ညစ်ညူးစွာမျက်မှောင်ကျုံ့မိသည်
စကားတွေဆန်းပြားရှုပ်ထွေးစွာပြောနေပေမဲ့အကြည့်နဲ့စိတ်ကအခြားဆီရောက်နေသည်မှာသိသာထင်ရှားလှသည်။


ငါ့Lu Cangကိုကြည့်နေတယ်..ရိုင်းစိုင်းလိုက်တာ

အမှန်တိုင်းပြောရလျှင်အခုချက်ချင်းပင်Lu Cangအားခေါ်ထုတ်သွားကာထိုအန္တရာယ်ပေးမည့်သူမမြင်အောင်
တစ်နေရာသွားသိမ်းလိုက်ချင်သည်
သို့ပေမဲ့လည်းထိုအရေးအပြင်ချောင်းမြောင်းတိုက်ခိုက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးစုံစမ်းရဦးမည့်အရေးလည်းရှိနေသည်။
Mu Yueနဲ့Ding Pengအားလွှဲထား၍ရပေမဲ့လည်းLu Cangအားအနာတရဖြစ်အောင်
လုပ်ရဲသည့်သူအားကိုယ်တိုင်သိချင်သည်။
အသုံးမဝင်သောဘုရင်ထက်စာလျှင်တော့Huan Shu Chengသည်ပိုမိုအထောက်အကူပြုမည်လို့ထင်မိသည်

"သေချာတဲ့သက်သေမရှိဘဲနဲ့တော့အပြစ်ပြောလေ့မရှိဘူး..ခိုင်လုံတဲ့အကြောင်းအရာမရှိဘဲနဲ့
လည်းမယုံကြည်တတ်ဘူး..သို့ပေမဲ့လည်းမင်းတို့ပိုင်နက်ထဲဖြစ်ခဲ့တာမလို့မင်းတို့မလုပ်
ဖူးဆိုတာကိုအလွယ်တကူလက်မခံနိုင်ဘူး"

ငယ်ရွယ်ပေမဲ့လည်းနိုင်ငံအရေးအရာတွေနှင့်Huan Shu Chengသည်မနီးစပ်သောသူတော့မဟုတ်ခဲ့။
ဖခမည်းတော်ကိုယ်စားပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည်
အရှိန်အဝါအောက်တွင်လွှမ်းမိုးခံလေ့ရှိသောသူမဟုတ်ပေမဲ့လက်ရှိအခြေအနေအောက်တွင်အတန်ငယ်ပင်စိတ်ပျံ့လွှင့်သွားသည်
ဧကရာဇ်ဘေးတွင်နီးကပ်စွာထိုင်နေသောလက်ထောက်စစ်သူကြီးကြောင့်လည်းပါမည်
ဧကရာဇ်နားလက်ထောက်စစ်သူကြီးထိုင်သည်မှာထူးဆန်းတာမဟုတ်ပေမဲ့လည်းရာထူးပိုမြင့်သောစစ်သူကြီးနဲ့တပ်မှူးတို့ကျဘေးကရပ်ကြည့်နေသူတွေလိုခပ်ဝေးဝေးမှာထိုင်နေကြသည်
ရာထူးအရဆိုလျှင်ဧကရာဇ်အနားမှာထိုသူနှစ်ဉီးသာထိုင်သင့်သည်မလား။

ဘာလို့လက်ထောက်စစ်သူကြီးကထိုင်နေရတာလဲ

အတွေးနှင့်ပင်Shu Chengအောင့်သတ်သတ်နိုင်လှသည်
စိတ်အားဖတ်နိုင်သလိုပင်ထိုအမူအရာအားကြည့်ပြီးဧကရာဇ်မှသူယုံကြည်ရသူများအားတဖန်မိတ်ဆတ်ပေးလာသည်

"ဒါငါအယုံကြည်ရဆုံးသူတွေ...Datongရဲ့ကြီးမြတ်တဲ့စစ်သူကြီးMu Yue,
စစ်ပြေငြိမ်းဖို့စာပို့တုန်းကသူကိုယ်တိုင်ပို့စေခဲ့တာ.."

"ဒါကနန်းတော်တွင်းရဲမက်အုပ်ချုပ်သူ၊တပ်မှူးDing Peng"

"ဒါကတော့အကျွန်ုပ်စစ်တပ်ရဲ့လက်ထောက်စစ်သူကြီး..
တနေ့တာအခက်အခဲတွေကိုကျော်ဖြတ်ရင်းအတူတူဖြတ်သန်းခဲ့တာဖြစ်ပေမဲ့ထုတ်ဖော်ပြောမယ်လို့မထင်ဘူး.နှိမ့်ချတတ်တဲ့အကျွန်ုပ်ရဲ့Marquisသခင်Luပါ....ဘယ်သူကိုမှမူရင်းအသွင်ကိုထုတ်ဖော်ပြသလေ့မရှိဘူး"

အိမ်ရှေ့စံဖြစ်ကြောင်းထုတ်ဖော်ခဲ့ပေမဲ့လည်းJingအမြင်မှာတော့Huan Shu Chengသည်အသေးအဖွဲမျှသာရှိသည်။
လေသံနှင့်စကားအသွားအလာတွင်ပိုင်စိုးပိုင်နင်းအရိပ်အယောင်တွေပါနေသည်အားအကုန်လုံးသဘောပေါက်ကျသည်။Lu Cangမှလွဲ၍.....။
ဘာလို့Marquisဆိုတာထုတ်ပြောပြီးမိတ်ဆက်ပေးနေလဲအားLu Cangကတော့နားမလည်နိုင်ဖြစ်နေသည်။

Lu Cangအားသူပိုင်သည်ဆိုကာထုတ်ဖော်ပြောနေတာအားသိပေမဲ့လည်းShu Chengကအလွယ်တကူနောက်ဆုတ်မည့်သူတစ်ယောက်မဟုတ်။
Jing၏စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းအောင်ပိုင်ဆိုင်ကြောင်းပြနေခြင်းကိုအရေးမစိုက်ဘဲအချိုသာဆုံးအပြုံးတို့နှင့်Lu Cangအားပြုံးပြလာသည်။

Mu Yueနှင့်Ding Pengသည်လည်းJingအားကြည့်ကာတစ်ခုခုမှားနေသည်အားရိပ်စားမိလာကြသည်
Lu Cangနှင့်Shu Chengအားကြည့်ပြီးJing၏တုံ့ပြန်မှုကိုလည်းစမ်းစစ်ရသည်
လွန်စွာတည်ငြိမ်နေသောကိုယ်နေဟန်ကြောင့်လည်းထိုမင်းသား Lu Cangကိုကြည့်သော
အကြည့်တွေသည်ထူးဆန်းနေသည်အားရိပ်စားမိနေပုံရသည်

ဘုရားသခင်...ပြဿနာတစ်ခုချဉ်းကပ်လာပြန်ပြီ

Marquisရာထူးသည်မူးမတ်အရာဖြစ်၍မင်းမျိုးမင်းနွယ်ဟု၍လည်းဆိုနိုင်သည်
အခြားသူနှစ်ယောက်ထက်ရာထူးမြင့်သည်မှာသေချာပေမဲ့လည်းအနားကပ်ထိုင်ဖို့ရာထိတော့မလိုအပ်ဟုထင်မိသည်
စိုးရိမ်စရာကောင်းအောင်အနှောင့်အယှက်ပေးနေသောအရာကတော့ဧကရာဇ်ကိုယ်တိုင်ကိုယ်၌ကပို၍ပင်ချီးကျူးမြှောက်စားပြောဆိုနေခြင်းဖြစ်သည်
ပိုင်ဆိုင်ကြောင်းပြနေသောဧကရာဇ်ကျင်းဇုန်၏အသွင်ကိုShu Chengမြင်ဖြစ်အောင်မြင်လိုက်သေးသည်။
မခံချိမခံသာဖြစ်စေသည့်စိတ်ကြီးဝင်နေသောအပြုံးအားဖယ်ရှားပစ်မည်ဟုShu Chengစိတ်တွင်း၌တော့စိတ်ခေါ်ပြီးနှင့်ပြီ။
ဆိုလိုသောအရာအားသဘောက်ပေါက်သွားသည့်အရိပ်အယောင်ကြောင့်Jingနှုတ်ခမ်းထက်အောင်နိုင်သူအပြုံးကဖြစ်တည်လာသည်
မတည်မငြိမ်ပြောင်းလဲနေသောအမူအရာတစ်စုံတစ်ရာကိုမပြပေမဲ့ခေါင်းမာသောမင်းသားသေချာနားလည်သွားပြီဖြစ်ကြောင်းJingသိသည်

"မင်းသားHuan Shu Cheng...အကျွန်ုပ်ယုံကြည်ရတဲ့လူတွေပဲရှိတာပါ..တုံ့ဆိုင်းနေစရာမလိုပါ"

ပြောနေဆဲအကြောင်းအရာကိုအာရုံစိုက်ရန်သတိပေးသောစကားကြောင့်သူ၏သေးငယ်သောအမှားအားHuan Shu Chengအမြန်ဖုံးဖိလိုက်သည်

"တောင်းပန်ပါတယ်...အရှင်မင်းကြီးမယုံကြည်လို့မဟုတ်ပါဘူး"

ထိုမင်းသားအားကြည့်လျက်စိတ်ထဲမှာတော့Jingကျိန်ဆဲနေမိသည်

ဟုတ်တာပေါ့...မယုံကြည်တာမဟုတ်ပါဘူး...အကြည့်လွန်နေတာပါ

"ကျွန်တော်မျိုးတို့ဖက်ကတွေ့ဆုံရန်သတ်မှတ်ပေးထားတဲ့နယ်မြေဖြစ်တဲ့အတွက်အရှင်မင်းကြီးသံသယဝင်မယ်ဆိုတာနားလည်ပါသည်..သံသယတွေကင်းသွားအောင်Mingdiအိမ့ရှေ့စံကျွန်တော်မျိုး
Huan Shu Chengကိုယ်တိုင်ဓားစာခံအဖြစ်လက်ခံပါတယ်
Datongနဲ့အတူပူပေါင်းဆောင်ရွက်သွားပါမယ်"

Jingအသံအသွားအလာအားမကျေနပ်လှ၍ပေါ့သေးသေးဟုမထင်မှတ်ရန်Shu Chengသရုပ်မှန်အားဖော်ထုတ်ပြလိုက်သည်။Lu Cangစိတ်လှုပ်ရှားစေရန်လည်းပါသည်
တဖန်လည်းအိမ်ရှေ့စံအားဓားစာခံမလုပ်မည်အားShu Chengသိသည်။
ဓားစာခံထားသည်ဆိုသည်မှာသူတို့၏အားနည်းမှုနှင့်သူရဲဘောကြောင်မှုများကိုကာကွယ်ရန်အဆင့်နိမ့်သောအတန်းအစားများရွေးချယ်လေ့ရှိသောစက်ဆုပ်ဖွယ်ရာလုပ်ဆောင်ချက်တစ်ခုသာဖြစ်သည်။
သူနှင့်တွေးခေါ်ပုံတူလှသည့်Datongဧကရာဇ်ကျင်းဇုန်လိုသူတစ်ယောက်သည်သူရဲဘောကြောင်
ကာဓားစာခံထားမည်မဟုတ်။

အိမ်ရှေ့စံဟုသိရသည်အပေါ်ဘာမှမပြောင်းလဲပဲအေးဆေးတည်ငြိမ်သောJingအသွင်သည်ထိုအကြောင်းအရာအားနဂိုတည်းကပင်သိသားသည့်ပုံပေါ်တာကြောင့်Shu Chengစိတ်ပျက်မိသည်။
သို့ပေမဲ့လည်းလေးစားသည့်အသွင်ဆောင်နေသောLu Cangအကြည့်ကြောင့်ဝမ်းသာအားရဖြစ်မှုတွေကိုShu Chengမသိုဝှက်ထားနိုင်တော့။

"တစ်စုံတစ်ယောက်ကိုဓားစာခံထားတဲ့အဆင့်နိမ့်တဲ့အလုပ်ကိုအကျွန်ုပ်ဘယ်တော့မှလုပ်မှာမဟုတ်ဘူး
ဘယ်လိုဂုဏ်ပုဒ်ပဲရှိရှိ..ဘယ်လိုလူပဲဖြစ်ဖြစ်..
ဒါပေမဲ့..မင်းဘယ်လိုပူပေါင်းဆောင်ရွက်မယ်ဆိုတာကတော့သိချင်တယ်"

မျှော်လင့်ထားသောအဖြေဖြစ်တာကြောင့်Shu Chengလည်းတောင်းဆိုမှုကိုလက်ခံရုံသာရှိသည်။
Datongဧကရာဇ်သည်အမှန်တကယ်ပင်ဖခမည်းတော်ကဲ့သို့မဟုတ်ဘဲရပ်တည်နေသောနေရာနှင့်သင့်တော်သူဖြစ်သည်။
ဖွင့်ဟဝင်မခံချင်ပေမဲ့လည်းဧကရာဇ်ကျင်းဇုန်သည်အံ့မခန်းထူးချွန်သောဧကရာဇ်တစ်ပါးဖြစ်သည်ဟုShu Chengယူဆမိနေသည်။
Shu Chengမည်သို့သောစကားဆိုနေပါစေတုန်လှုပ်သွားသည့်ပုံမပေါ်သောဧကရာဇ်အသွင်သည်ပြောလာသမျှအားကြိုသိနေသည့်ပုံပေါ်သည်။
တစ်ဖက်မှာတော့အပြောင်းအလဲမရှိသောမျက်ဝန်းအစုံနှင့်ခံစားချက်မရှိသောမျက်နှာနှင့်ကျင်း
တစ်ဖက်ကတော့နွေးထွေးပြီးဖော်ရွေပုံရသည်Shu Cheng
ထူးခြားတာကတော့ထိုသူနှစ်ယောက်သည်တစ်ယောက်စိတ်တစ်ယောက်ဖွင့်ထားသောစာအုပ်တစ်အုပ်နှယ်နားလည်နေကြသည်
ထုတ်ဖော်ပြောသည်မဟုတ်ပေမဲ့လည်းတစ်ဖက်လူတွေးသည်အားနားလည်နေကြသည်

Lu Cangဆီသို့Shu Chengအကြည့်ရောက်သွားတိုင်းJingအရှိန်အဝါများသည်ပိုမိုအေးစက်လေးလံလာသည်
ရိုးသားသောLu Cangသည်အနှီအိမ်ရှေ့စံဆီမှအထူးသီးသန့်အာရုံစိုက်မှုများကိုရိပ်မိခြင်းမရှိမှာသိသည့်အတွက်သူ့ဆီထိပ်တိုက်စိန်ခေါ်နေသည်ဟုJingထင်မိသည်။
Lu Cangနှင့်ပတ်သတ်၍တိတ်တဆိတ်ဖြစ်ပွားနေသောအဓိပ္ပာယ်မရှိလှသည့်ရန်ပွဲအားဘေးမှရပ်ကြည့်နေသူMu Yueနှင့်Ding Peng လည်းရပ်ကြည့်နေရုံသာတတ်နိုင်သည်
ပြဿနာအရင်းအမြစ်ဖြစ်သောLu CangအားMu Yueကမကျေမနပ်ကြည့်နေပြီးDing Pengမှာတော့ကရုဏာသက်လှကြည့်နေသည်။

ကမ္ဘာမြေကြီးအားစိုးမိုးခြယ်လှယ်ရန်မွေးဖွားလာခဲ့သောထိုလူသားနှစ်ဉီးသည်ကြီးမြတ်လှသောချီးမြှင့်မြှောက်စားမှုတွေနှင့်ထိုက်တန်သည်။
အတွင်းစိတ်မှာတော့တိုက်ပွဲထန်နေပေမဲ့ပြီးပြည့်စုံသောအပြင်ပန်းအသွင်အပြင်သည်ပြောင်းလဲသွားခြင်းမရှိ။
တစ်ယောက်ပေါ်တစ်ယောက်ခံစားချက်များကိုထိန်းချုပ်လျက်နှစ်ယောက်စလုံးသည်သူတို့၏အားနည်းချက်အားတစ်ယောက်မြင်အောင်ထုတ်ဖော်ပြသလိုစိတ်မရှိ။
ကိုယ်ကိုယ်၌အားတည်ငြိမ်အောင်စီမံထားပြီးစစ်ရေးဆွေးနွေးခြင်းကိုသာအခက်အခဲမရှိဆက်လက်လုပ်ဆောင်နိုင်ရန်ရည်ရွယ်ထားကြသည်

အဆုံးမှာတော့နှစ်ဉီးစလုံး၏ရည်ရွယ်ချက်သည်ဆွေးနွေးပွဲကိုချောင်းမြောင်းတိုက်ခိုက်ခဲ့သည်တရားခံအားရာဖွေဖမ်းဆီးနိုင်ရန်ဖြစ်သဖြင့်အိမ်ရှေ့စံအပေါ်၌ယာယီယုံကြည်ထားရန်Jingဆုံးဖြတ်လိုက်သည်
Shu Chengမှာကွယ်ဝှက်ထားသောအစီအစဉ်ရှိနေသည်အားရိပ်ဖမ်းမိပေမဲ့လည်းJingသည်ဂရုစိုက်လှသည်မဟုတ်။
Mingdiအတွင်းရေးအားဝင်ပါချင်စိတ်မရှိ။

Jingဂရုစိုက်သည်မှာShu Cheng၏သိသာလှသောလှုပ်ရှားမှုများသာဖြစ်သည်
Lu Cangကိုဆွဲဆောင်ရန်ကြိုးစားနေသည်မှာထင်ရှားလှသည်
ဆွေးနွေးပွဲပြီးနောက်Lu Cangအားတောင်စဉ်ရေမရသောစကားတို့နှင့်မြှောက်ပင့်နေခြင်းကြောင့်Jingသွေးများဗလောင်ဆူလာတော့သည်။
Lu Cangသည်သူ့အပိုင်ဖြစ်ကြောင်းဧကရာဇ်မှထုတ်ဖော်ပြောလိုက်သည်ကတည်းကLu Cangအားအရယူရန်Shu Chengဆုံးဖြတ်လိုက်ပြီးဖြစ်သည်
ကမ္ဘာပေါ်တွငိရှိသမျှလိုချင်တာအကုန်ရနိုင်သောမင်းသားအဖို့Lu Cangကတော့ချွင်းချက်ဆိုတာမျိုးအဖြစ်မခံနိုင်။

"သခင်Luကအရမ်းခံညားတဲ့ပုဂ္ဂိုလ်လို့ကျွန်တော်ဆိုရမယ်
သေချာတယ်...အရှင်မင်းကြီးကသခင်Luလိုစွမ်းဆောင်နိုင်တဲ့သူတစ်ယောက်ရှိနေတဲ့အတွက်ဂုဏ်ယူမဆုံး
ဖြစ်နေမှာ"..

"အာ..အိမ်ရှေ့မင်းသားHuan..အရမ်းပိုပြောနေပါပြီ...ကျွန်တော်မျိုးလိုအဆင့်နိမ့်
တဲ့သူတစ်ယောက်ကထိုကဲ့သို့ချီးမြှောက်ခြင်းတွေနဲ့မထိုက်တန်ပါဘူး"

"ဒါပိုပြောတာမဟုတ်ပါဘူးစစ်မှန်တဲ့ခံစားချက်တွေပါ..
သခင်Luရဲ့စွမ်းဆောင်ရည်တွေအပေါ်တကယ်ပဲနှစ်သက်ကြည်နူးမိပါတယ်"

ပြောနေရင်းမှပင်အခြေအနေအားသုံးသပ်နိုင်ရန်Jingအမူအရာအားတစ်ချက်ကြည့်ပြီးအမူအရာမပြောင်းလဲပေမဲ့လည်းလိုချင်သောတုံ့ပြန်မှုရပြီမလို့Lu Cangဆီသို့အကြည့်လွဲလိုက်သည်။
ရန်သူလို့မှတ်ယူနိုင်သည့်သူထံမှထိုသို့စကားများကြားရသည့်အတွက်Lu Cangမျက်လုံးတွေ
သည်ဂုဏ်ယူဝံ့ကြွားမှုနဲ့အတူတောက်ပလာသည်
Lu Cangမျက်နှာအမူအရာတွင်ဤအချိန်၌ဂုဏ်အယူဆုံးဖြစ်နေသည်ဟုဖော်ပြထားသည်
Jingကတော့ကြည့်ရင်းစိတ်တိုလာသည့်အတွက်ကြားဝင်ကာ

"အိမ်ရှေ့စံHuan...အကျွန်ုပ်ဟာကောင်းဆုံးဆိုတဲ့သူတွေကိုအနားမှာထားသည့်အတွက်ပြောစရာပင်
မလိုပါ"

Shu Cheng၏တိုက်ခိုက်မှုတွေကိုပြီးပြည့်စုံလှသောစကားတို့နှင့်Jingအလျော့အတင်းမရှိစွာတိုက်ခိုက်လိုက်သည်။
Mu Yueနှင့်Ding Pengမှာတော့အိမ်ရှေ့စံနှသ့်ဧကရာဇ်တစ်ဉီးလည်ပင်းတစ်ဉီးဓားနှင့်ထောက်ထားသည့်အသွင်အားမြင်ယောင်နေသည်။

ခိုးကြောင်ခိုးဝှက်နိုင်သောတိုက်ခိုက်မှု၏တရားခံဖြစ်သည့်အပြစ်အားမေ့လွယ်သူကတော့ဂုဏ်ယူဝံ့ကြွားစွာပြုံးနေလေရဲ့။
Mu Yueနှင့်Ding Pengနှစ်ဉီးစလုံးလည်းအသိခေါက်ခက်အဝင်နက်လှသူLu Cangအားလည်ပင်းညစ်သတ်ချင်နေကြသည်
Jingထံမှလက်စားချေခြင်းကိုသာမစိုးရိမ်လျှင်လုပ်နှင့်နေပြီးပြီဖြစ်သည်။

Lu Cangမယုံကြည်မှုနဲ့အတူမျက်လုံးများပြူးကျယ်လာပြီးJingကိုအထိတ်တလန့်ကြည့်လိုက်သည်

Jingကချီးမွမ်းနေတာလား

Mu Yueနဲ့Ding Pengတို့လိုပဲအတော်ဆုံးသူလို့ဆိုလိုတာလား

မဟုတ်လောက်ပါဘူး..Mu Yueနဲ့Ding Pengကိုပြောတာပဲနေမှာပါ...သူ့ကိုတော့အနားမှာရှိနေတဲ့အတွက်ထည့်ပြောလိုက်တာနေမှာပေါ့

အချိန်အတော်များမှာJingကအရူးတစ်ယောက်လိုသာသဘောထားခဲ့သည်။
ခန္ဓာကိုယ်ကလွဲပြီးဘယ်အရာကိုမှကောင်းတယ်လို့တွေးခဲ့မှာမဟုတ်။
ကိုယ့်အတွေးနဲ့ကိုယ်စိတ်ထိခိုက်လာပြီးခေါင်းငိုက်စိုက်ကြသွားတော့သည်။

ဧကရာဇ်ကချီးမွမ်းနေပါလျက်နှင့်ဘာလို့ဒီလိုမျက်နှာထားမျိုးဖြစ်နေလဲဆိုတာShu Chengနားမလည်နိုင်တော့။

"အရှင်မင်းကြီးရွေ့းချယ်ထားတဲ့သူတွေကတကယ့်အကောင်းတကာ့အကောင်းဆုံးတွေပါ..
ကျွန်တော်မျိုးတွေ့ဖူးသမျှသူတွေထဲမှာသခင်Luကခံနိုင်ရည်အားအကောင်းဆုံးပါ"

ဒီတစ်ခါတွင်တော့နှုတ်ဖြင့်နောက်ထပ်ရန်ပွဲတစ်ပွဲအစချီလာသဖြင့်Mu Yueနှင့်Ding Pengတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

"အို...ဟုတ်လား"

အမှန်ပင်ဖြစ်သည်…Lu CangသာJing၏မကောင်းဆိုးဝါးဆန်သောစိတ်ဆန္ဒများကိုခံနိုင်ရည်ရှိသည်

"မြားနဲ့အပစ်ခံရတုန်းကကျွန်တော်မျိုးလေ့လာထားသလောက်ဆိုအင်အားကြီးမားတဲ့သတ္တဝါတွေကိုတုံးကနဲလဲကျစေနိုင်သည့်မေ့ဆေးကိုသုတ်လိမ်းထားတာပါ..တစ်ပတ်ခန့်ပင်မေ့နေမယ်လို့တောင်ထင်ခဲ့ပေမဲနေ့တစ်ဝက်နဲ့သတိရလာခဲ့တာပါ....အလွန်ပင်နှထောင်းအားရဖွယ်ကောင်းလှပါတယ်"

မြှောက်ပင့်သောနည်းလမ်းဖြင့်Lu Cangအာရုံစိုက်မှုအားရယူနေပေမဲ့သူကိုယ်တိုင်လည်းအမှန်တကယ်ပင်ခံစားရသည်များကိုထုတ်ဖော်ပြောနေခြင်းဖြစ်သည်

ထိုစကားအားနားထောင်ပြီးLu Cangဘက်သို့Jingအကြည့်ပြောင်းလိုက်သောအခါLu Cangကလည်းကြည့်လာတာကြောင့်နှစ်ယောက်သားအကြည့်ချင်းဆုံသွားသည်။
Jingသည်ရယ်ဖွယ်ရာရည်ရွယ်ချက်နှင့်အတူအပြုံးဖျော့ဖျော့ကနှုတ်ခမ်းထက်ဖြစ်တည်နေသည်။
Jingအမူအရာအားကြည့်လိုက်သည်နှင့်'နန်းတွင်းကဖော်သည့်ကာမအားတိုးဆေးတွေသောက်ထားတာကိုကျေးဇူးတင်'ဟုအဓိပ္ပါယ်ဖော်ဆောင်နေသည်ကိုLu Cangရုတ်ချင်းနားလည်လိုက်သည်
တစ်ခါတစ်လေJingသည်နယ်အနှံမှအကောင်းတကာ့အကောင်းဆုံးသောဆေးဆရာများဖော်စပ်ထားသည့်ဆေးအဖုံကိုLu Cangအားသုံးလေ့ရှိသည်
ထိုအရာအားကျေးဇူးပဲတင်ရမလား အပြစ်တင်ရမလား Lu Cangမသိတော့။

Lu Cang နှင့်Jingကြားရှိဆက်နွယ်မှုအားကိုယ်တွေ့မြင်လိုက်ရသူShu Cheng၏မျက်ဝန်းအစုံသည်ချွန်ထက်သောဓားသွားကဲ့သို့အန္တရာယ်ကြီးစွာတောက်ပလာသည်

"သခင်Luကဗျူဟာဆွဲတဲ့နေရာမှာလည်းအလွန်ကျွမ်းကျင်ပိုင်နိုင်လှပါတယ်
ထွက်ပြေးလွတ်မြောက်ခဲ့တာသခင်Luအကြံအစည်ကြောင့်ပါ"

မျက်လုံးချင်းဆုံနေကြသည်အားဖျက်ဆီးရန်Shu Chengစကားချီလိုက်သည်
Shu Chengစကားကြောင့်Mu Yueနှင့်Ding Pengပင်မကLu Cangကိုယ်တိုင်ပင်လန့်ဖြန့်သွားသည်...ဘာဗျူဟာတွေများလဲ

"လက်ထောက်စစ်သူကြီးတစ်ယောက်က
ဒါတွေမကျွမ်းကျင်ဘူးလို့ထင်နေတာလား"

အထအနေကောက်ကာပြောနေသောJingကြောင့်မခံမရပ်နိုင်ဖြစ်မှုတွေကိုShu Cheng
အတတ်နိုင်ဆုံးထိန်းချုပ်ပြီးစိတ်ရင်းနှင့်ပြောတာဖြစ်ကြောင်းသိသာစေမည့်အပြုံးတစ်ခုဖြစ်တည်လျက်

"မဟုတ်ပါဘူး.. ကျွန်တော်မျိုးကMingdiရဲ့ဗျူဟာမှူးကပင်သခင်Luကို
မယှဉ်နိုင်တာကိုဆိုလိုတာပါ...Datongကတကယ်အကောင်းဆုံးသူတွေကိုပိုင်ဆိုင်ထားတာပါ"

Jing၏အဓမ္မအနိုင်ကျင့်မှုကိုခံရပြီးကတည်းကယောက်ျားတစ်ယောက်၏ဂုဏ်ပုဒ်များLu Cangထံတွင်ပျောက်ဆုံးနေခဲ့သည်
သွေးသောက်ညီအစ်ကိုများသည်ဧကရာဇ်၏အချစ်တော်ဆိုသည့်အပေါ်ရွံရာခြင်းမရှိပေမဲ့သူ၏ဓားမြဗိုလ်ဆိုသောဂုဏ်ပုဒ်သည်တစစိကွဲကြွနေသည်မှာကြာညောင်းခဲ့ပြီဖြစ်သည်
နှစ်တွေကြာလာသည်နှင့်အမျှတစ်ဖြည်းဖြည်းနှင့်အခြားယောက်ျားတစ်ဉီးအောက်တွင်နေရခြင်းအဖြစ်ကိုလက်ခံလာနိုင်ပေမဲ့အရှက်ရသည်ဆိုသောခံစားချက်ကတော့ရှိနေဆဲဖြစ်သည်
ကျင်းကလည်းသူ့ကိုချစ်၍သူကလည်းကျင်းကိုချစ်သည်ဆိုသောအကြောင်းအရာကိုသာတွဲခိုနေရသည်။
မဟုတ်လျှင်သူ့ဘဝတစ်ခုလုံးမည်သူ့ကိုမျှအတွေ့ခံတော့မည်မဟုတ်။
Mingdi၏ထူးချွန်လှသောအကြံပေးလည်းဖြစ်အိမ်ရှေ့စံလည်းဖြစ်သောHuan Shu Chengကိုယ်တိုင်မှသူ၏စွမ်းဆောင်ရည်တွေကိုချီးမွမ်းပြောဆိုလာသည့်အတွက်လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်မိသည်
ဂုဏ်ယူဝံ့ကြွားမှုနှင့်အတူတောက်ပလာသောမျက်နှာထက်တွင်မာနကြီးသောအရိပ်အယောင်ကထက်ပေါင်းလျက်နဂိုထက်ပင်ဆွဲဆောင်မှုရှိသောအသွင်ကြောင့်Shu Chengမင်သတ်သွားတော့သည်

"သခင်Luကိုသေချာပင်ကျေးဇူးမတင်ရသေးဘူး..အကူအညီလိုမယ်ဆိုရင်အချိန်မရွေးပါ
ဒုက္ခြကုံတိုင်းအမြဲလာခဲ့ပါ..ကမ်းလင့်ကြိုဆိုနေပါ့မယ်"

စိတ်တွင်းတော့Lu Cangကိုယ်အားဖက်ထားစဉ်ကနွေးထွေးမှုကိုပြန်လည်တမ်းတနေမိသည်
ထုတ်ဖော်ကြောငြာလိုက်ပြီဖြစ်သောအိမ်ရှေ့စံလုပ်ရပ်ကြောင့်Jingမှဘာမျက်ဖြူဆိုက်စရာတုံ့ပြန်မှုလာလေမလဲMu Yueနှင့်Ding Pengတော့စိတ်ရှုပ်ထွေးလျက်စောင့်နေကြသည်
Jingနှင့်Shu Chengနှစ်ဉီးလုံးသည်တူညီသောအရည်အချင်းရှိကြသူများလည်းဖြစ်သည်။
အမြင့်ဆုံးသောရာထူးရာခံ၊စစ်ရေးဗျူဟာ၌ကျွမ်းကျင်မှု၊ကျွမ်းကျင်လိမ္မာသောနည်းလမ်းတို့ဖြင့်အောင်မြင်မှုများ၊နတ်ဘုရားကဲ့သို့တင်စားနိုင်သောရုပ်ရည်အသွင်အပြင်၊အရပ်ရှည်ကာပိန်သွယ်ပေမဲ့လည်းကျစ်လစ်သည့်ခန္ဓာကိုယ်၊လူတကာအထင်ကြီးစေနိုင်သောဟန်ပန်အမူအရာ၊မိန်းမများတင်မကယောက်ျားများကပင်လိုချင်တပ်မတ်ကြခြင်းစသောအကုန်စီရလျှင်တစ်ရက်မကကုန်မည့်လူတကာမရနိုင်သောအရည်အချင်းများကိုပိုင်ဆိုင်ထားကြသည်
ထိုမျှပြီးပြည့်စုံသောသူနှစ်ဉီးသည်ဘာမဟုတ်သောLu Cangတစ်ယောက်အတွက်ကြက်ဖခွတ်နေကြလေရဲ့။
စည်းလုံးချောအပြစ်မရှိသောJingသည်Lu Cangလိုဓားမြသာသာအားဘာကြောင့်များအရူးအမူးချစ်စိတ်မွှန်နေကြောင်းနားမလည်သည်မှာMu Yueနှင့်Ding Pengအဖို့အစကတည်းကဖြစ်သည်
သာမန်ထက်တော့ထူးခြားစွာချောမောခန့်ညားတာမှန်ပေမဲ့လည်းကျင်းနှင့်ယှဉ်ဖို့ရာတော့နိမ့်ကျနေသေးသည်
Lu Cangထက်ချောမောခန့်ညားသူများမှာလည်းတစ်ယောက်မကတစ်ရာမျှဒုနဲ့ဒေးများပြားလှသည်
တွေးခေါ်နိုင်စွမ်းအရည်အချင်းဆိုသည်မှာလည်းတဖြည်းဖြည်းနှင့်တိုးတတ်လာသည်မှန်ပေမဲ့ကျင်းနဲ့တော့ယှဉ်စရာတောင်မရှိ။
အကျဉ်းချုန်းပြောရလျှင်နှစ်ကမ္ဘာကွာခြားနေသောသူများဖြစ်ပေမဲ့ဘယ်အရာကများကျင်းကိုခွဲမရဖြစ်နေသလဲဆိုတာကျင်းကိုယ်တိုင်သာသိလိမ့်မည်။
ပို၍ပင်စိတ်ရှုပ်စရာကောင်းသည်မှာဧကရာဇ်ကဲ့သို့အရည်အချင်းနှင့်ပြည့်စုံသောသူတစ်ယောက်သည်ဧကရာဇ်၏ချစ်ရသူအသိခေါက်ခက်အဝင်နက်လှသောသူအားလုရန်မိုက်မဲသောပြိုင်ပွဲကိုစတင်ရင်းအလံပြကာဝင်ရောက်လာပြန်သည်
Jingဆီမှစေလွှတ်သောအမူအရာများအရLu Cangနှင့်ဆက်ဆံရေးမှာပုံမှန်မဟုတ်ကြောင်းShu Chengနားလည်သည်ကိုMu YueကောDing Pengကောသေချာသိသည်
အဲ့တာကိုပင်မျက်ကန်းတစ္ဆမေကြောက်ဟန်ဖြင့်ကြော်ငြာချက်ထုတ်ပြန်လိုက်သေးသည်
ဧကရာဇ်နှင့်ယှဉ်၍ရင်ဆိုင်ရဲသူအားလေးစားသဘောကျရမည်လား သနားဂရုဏာသက်ရမည်လား
သူတို့လည်းမသိတော့။
ချစ်ရသူအပေါ်ကိုပင်ရက်စက်နိုင်သူဖြစ်သောဧကရာဇ်အကြောင်းကိုလည်းသိ၍ဂရုဏာသတ်ရမည်လော။

လွန်ခဲ့တဲ့နှစ်Lu Cangကိုဟန်ကျိုးမြှပန်လည်ရှာဖွေတွေ့ရှိလိုက်စဉ်ကတည်းကအခြားသောသူများနှင့်Lu Cangအတူရှိနေမည်ကိုမလိုလား၍Mu Yueနှင့်Ding Pengအားမျက်စိအောက်ကအပျောက်မခံလိုက်ကြည့်ရူစောင့်ရှောက်စေခဲ့သည်
ဘယ်လောက်ပင်Lu Cangနှင့်ရင်းနှီးပေမဲ့လည်းမှတ်သားဖွယ်ရာကောင်းလောက်သောအချက်များတော့မတွေ့မြင်ဖူးသည်မှာအမှန်ပေ။

ထိုလူသားနှစ်ယောက်သည်LuCangထံမှဘာတွေများတွေ့လို့လဲ......။တစ်သက်တာလုံးအချစ်တော်အဖြစ်ယောက်ျားသားမထားဖူးသောMu Yueနှင့်Ding Pengသည်ဤအချင်းအရာအားနားမလည်နိုင်ဖြစ်နေသည်

ခမ်းနားထည်ဝါသောအပြုံးနှင့်ကျင်းမတ်တပ်ထရပ်ချိန်မှာတော့သူတို့နှစ်ဉီးအသက်ပင်မရူရဲကြ
Lu Cangဘာစကားမဆိုသေးခင်မှာ

"ကောင်းပြီ...မင်းပြောတာသူလက်ခံမှာပါဒါပေမဲ့လည်းDatongမှာအကောင်းဆုံးဆိုတာတွေပဲရှိတဲ့အတွက်ဘယ်တော့မြှပဿနာကြုံရမယ်မထင်ဘူး"

Lu Cangကိုယ်တိုင်ပင်စကားပြောချင်ပေမဲ့လည်းJingအေးစက်လှသောအကြည့်ကြောင့်တိတ်တိတ်
သာနေလိုက်သည်
ထိုသို့အမူအရာရှိတိုင်းအပြင်မှာပြုံးနေပေမဲ့လည်းဒေါသတွေအထဲမှာဆူပွက်နေပြီဖြစ်ကြောင်းLu Cangသိသည်

"Datongအင်အားကိုပေါ့သေးသေးလို့ထင်မြင်ခြင်းမဟုတ်ပါ...အသုံးမဝင်ဘူးဆိုရင်တောင်
ကျေးဇုးဆပ်သည့်အနေနှင့်ကျွန်တော်မျိုးဆန္ဒအားခွင့်ပြုပေးပါ"

ခေါင်းမာတယ်...စိတ်တိုစရာကောင်းလောက်
အောင်ကိုခေါင်းမာတယ်

နာမည်မကြီးလှသောဒေါသများထွက်မလာစေရန်သည်းခံထားရာနောက်ဆုံးကြိုးစသာကျန်ရှိတော့သည်။

"နောက်များမှပဲဆက်ပြောကြတာပေါ့...အခုလက်ရှိကိစ္စကိုသာအာရုံစိုက်ထားပါ.
ပြောတဲ့စကားအတိုင်းလုပ်ဖို့မျှော်လင့်ပါတယ်.မင်းအနေနဲ့လည်းကိုယ့်စကားကိုယ်တာဝန်မယူနိုင်တဲ့အထင်အမြင်သေးဖွယ်ရာသူမဖြစ်ချင်ဘူးလို့ထင်ပါတယ်."

Lu Cangသဘောကျအောင်ဆက်တိုက်ချီးမွမ်းမြှောက်ပင့်နေမှန်းJingသိသည်
Shu Chengကိုယ်၌ကလည်းကျင်း၏တမင်ရန်စသောစကားအားလွှတ်ပေးလိုက်ရန်ဆန္ဒမရှိ။

"အရှင်မင်းကြီး...သတိပေးစရာမလိုပါ..ကျွန်တော်မျိုးပြောတဲ့အတိုင်းလုပ်မှာပါ"

"ကောင်းပြီ...သေချာနားလည်သွားပြီးထင်တယ်
မင်းပိုင်တာဘာလဲ..ငါ့ပိုင်တာဘာလဲဆိုတာကိုနားလည်မယ်လို့မျှော်လင့်ပါတယ်"

ဆိုလိုတာဘာလဲဆိုတာနားလည်ပေမဲ့

"သေချာနားလည်ပါတယ်..အရှင်မင်းကြီးပိုင်တဲ့အရာတွေပျောက်ကွယ်ပျက်ဆီးမသွားဖို့ရန်အတွက်ကိုကာကွယ်စောင့်ရှောက်ပေးသွားမှာပါ..ကျွန်တော်မျိုးရဲ့Datongအပေါ်ထားတဲ့စစ်မှန်တဲ့ခံစားချက်
ကိုလက်ခံပေးဖို့မျှော်လင့်ပါတယ်"

မိမိရည်ရွယ်ချက်အအတိအခင်းထုတ်ဖော်ပြောဆိုရင်းကျင်း၏အမျက်ချောင်းချောင်းထနေသောမျက်ဝန်းအစုံကိုကြောက်ရွံ့ခြင်းကင်းစွာမော့ကြည့်လာသည်
စိတ်ရှည်သည်းခံမှုဆိုသောအစိုင်အခဲသေးသေးလေးအားဆုပ်ကိုင်ရင်းအိမ်ရှေ့စံအား
မသတ်မိရန်Jingမနည်းစိတ်ထိန်းနေရသည်
သူ့စိတ်တိုင်းကျဆိုလျှင်အရှေ့ဘက်ခြမ်းဒေသများကိုအုပ်ချုပ်ရန်မည်သူမဆိုစေခိုင်းလို့ရသည်
သို့သော်ငြားလည်းHuan Shu Chengကဲ့သို့အရည်အချင်းရှိသူသည်ရှားပါးလွန်းလှသည်မှာအမှန်ပင်ဖြစ်သည်။
ရဲတင်းစွာကြွားလုံးထုတ်တတ်ခြင်းမှာလွဲ၍ကျန်တာသည်အမွှာညီအစ်ကိုZhengမျှအရည်အချင်းရှိသူလည်းဖြစ်သည်

Lu Cangအမြန်ပင်ရှေ့ထွက်ရပ်ကာ

"အိမ်ရှေ့စံHuan၏လေးစားမှုကိုရရှိသည့်အတွက်တကယ်ပင်ဂုဏ်ယူမိပါတယ်..ကျွန်တော်မျိုးကလည်းကျေးဇူးတင်ရမှာပါ..အိမ်ရှေ့စံသာမပါဘူးဆိုရင်ကျွန်တော်မျိုးလည်းရန်သူတွေလက်မှလွတ်မြောက်မယ်မထင်ပါ..."

ရုတ်တရက်ပင်Mingdiတပ်မှူးအသွင်ကစိတ်ထဲပေါ်လာပြီး

"အိမ်ရှေ့စံ..ရုတ်တရက်ကြီးမေးရတဲ့အတွက်တောင်းပန်ပါတယ်..နန်းတော်အစောင့်တပ်မူးနဲ့
ပတ်သတ်ပြီးသိချင်တာရှိလို့ပါ"

"ဘာလို့သူ့အကြောင်းမေးရတာလဲ"

Lu Cangမေးခွန်းကြောင့်Shu Chengပင်တွေဝေသွားသည်

"ဘယ်လိုပြောရမလဲ..သိုင်းပညာအဆင့်အတန်းမြင့်တာမှန်ပေမဲ့တပ်မှုးနေရာရလောက်အောင်တော့မရှိလှဘူး....ဒါပေမဲ့အစောင့်ဆိုပြီးသူတိုက်ခိုက်နေပုံကကိုယ့်ကိုယ်ကိုကာကွယ်နေသလိုပဲ..အာ..တောင်းပန်ပါတယ်..အရှင်မင်းသားရဲ့သူတွေကမကောင်းဘူးလို့ပြောတာမဟုတ်"

"အဆင်ပြေပါတယ်..ခွဲခြားစိတ်ဖြာတဲ့နေရာမှာသခင်Luကတကယ်ပင်စွမ်းနိုင်ရည်ရှိပါတယ်
နန်းတွင်းရဲမက်အဖြစ်အဆင့်တိုးခံရတာတစ်နှစ်ခွဲခန့်ပဲရှိပါသေးတယ်
စစ်သူကြီးYan Liရဲ့ညီငယ်ဖြစ်တဲ့အတွက်အစောင့်နေရာပေးထားခြင်းဖြစ်ပါတယ်..
ရွာကနေခေါ်လာတာမကြာသေးတော့တာဝန်နဲ့သဟဇာတမဖြစ်သေးဘူးထင်ပါတယ်"

"အာ..နားလည်ပါပြီ"

ရှင်းပြချက်အားကြားလိုက်ရပေမဲ့Lu Cangစိတ်ထဲရှင်းမသွားသေးဘဲသိချင်တာများကျန်ရှိနေသေးသည်။
ထပ်မေးမယ်ပြင်ချိန်တွင်ရရှိလိုက်သောအကြည့်စိမ်းကြောင့်ပြန်လည်မြိုချလိုက်ရသည်
Lu Cangအားသတိပေးသည့်အကြည့်နှင့်ကြည့်နေသလိုမျက်လုံးထောင့်၌လည်းထပ်မံပြီးပန်းနှင့်တူသောစကားတို့နှင့်Lu Cangအားရင်ခုန်အောင်လုပ်ပြီးအိမ်ရှေ့စံအားမြင်နေရသည်
လိမ်ညာလှည့်ဖြားသောစကားများထပ်ထွက်မလာခင်

"အစီအစဉ်ကိုတုံဆိုင်းခြင်းမရှိအမြန်အကောင်အထည်ဖော်ပါ.
ငါ့ကိုယ်စားMu Yueလိုက်ပို့ပေးပါလိမ့်မယ်"

မျက်လုံးနှင့်လည်းMu Yueတစ်ဉီးတည်းနားလည်နိုင်မည့်အမိန့်အားထပ်မံမှာကြားလိုက်သေးသည်
ထိုအိမ်ရှေ့စံအားကျင်းမျက်စိရှေ့ပေါ်မလာစေရန်ဖြစ်သည်

"Mu Yueအမိန့်နာခံပါသည်..အရှင်မင်းကြီး"

ကျင်းနှင့်အတူအမြဲတစေလိုက်ပါရသူဖြစ်တာတောင့်နှုတ်မထွက်ရင်တောင်ကျင်းဘာဆိုလဲနားလည်သူဖြစ်သည်
"Ding Peng,Mu Yueသွားနေချိန်မှာစစ်တပ်ပြင်...ထပ်ရောက်လာမဲ့စစ်သည်တွေလည်းရှိတာမလို့ခေါင်းဆောင်တစ်ယောက်ချင်းဆီကိုအမိန့်သေချာပေးပါ"

"နာခံပါသည်..အရှင်မင်းကြီး"

လက်ထောက်စစ်သူကြီးလုပ်ရမည့်အလုပ်အားတပ်မှူးအားခိုင်းကာလက်ထောက်စစ်သူကြီးကိုအနားခေါ်ထားသောကျင်းလုပ်ရပ်ကိုShu Chengအံ့သြခြင်းတော့မရှိ။အမိန့်ပေးပြီးချိန်တွင်တဲမှထွက်ရန်Jing
ပြင်လိုက်သည်။Lu Cangပါလိုက်ပါသွားသည့်အတွက်ထပ်မံစကားပြောလို၍ရှုံတွနေသောဧကရာဇ်အားလည်းလှစ်လျူရူကာ

"အာ..သခင်Lu"

Shu Chengခေါ်လိုက်သံကြောင့်Lu Cangခြေလှမ်းများရပ်တန့်သွားပြီးလှည့်ကြည့်ရန်ပြင်လိုက်ချိန်မှာပဲ

"Lu Cang..လိုက်ခဲ့"

တင်းမာနေသော ကျင်းအသံအားငြင်းဆန်နိုင်စွမ်းLu Cangမှာမရှိ။
အမြန်ပင်ShuChengအားတောင်းပန်သည့်အပြုံးပြုံးပြပြီးစိတ်အလိုမကျဖြစ်နေသောကျင်းနောက်အမှီလိုက်ရတော့သည်

ဒီအချိန်မှာတော့Shu Chengထူးဆန်းလှစွာစိတ်အနှောက်အယှက်မဖြစ်မိ။
Lu Cangအပေါ်တွင်ရှိနေသောကျင်း၏ပိုင်စိုးပိုင်နင်းဖြစ်မှုသည်သူ၏ယှဉ်ပြိင်အနိုင်လိုချင်စိတ်များကိုမီးစာထည့်ပေးနေသလိုပင်။
ယဉ်၍ပြိုင်ဖက်လုပ်ရဲသူအားShu Chengတွေ့ရန်ခဲယဉ်းလှသည်။
ဧကရာဇ်Jing Zongကတော့တကယ်ပင်ပြိုင်ဖက်ကောင်းဖြစ်သင့်ပါသည်။

Jingနဲ့Lu Cangတို့ပျောက်သွားသည်အားကြည့်ရင်းLu Cangအားကြီးမြတ်လှသောဧကရာဇ်ထံမှအရယူမည်ဟုတွေးကာစိတ်ကြီးဝင်သောအပြုံးကနှုတ်ခမ်းထက်ဖြစ်တည်လာသည်။
သံသယဝင်စွာကြည့်နေသောMu Yueဘက်လှည့်ကာအပြုံးများဖြင့်

"စစ်သူကြီးMu Yue..မေးစရာမေးခွန်းတွေအမြောက်အများရှိပါတယ်"

•••••••

Hua Hua You Long Fanfiction 2(ဘာသာပြန်)Where stories live. Discover now