boy friend in my dream

45 2 0
                                    

#Unicode

သီတင်းကျွတ်လပြည့်ညရဲ့ မိသားစုဆုံညီပါတီပွဲအသေးစားလေးတစ်ခုပေါ့...။

အားလုံးစုံစုံညီညီ ရောက်လာကြပီး ပျော်ပျော်ပါးပါးစားသောက်နေကြတဲ့အချိန်မှာ တစ်စုံတစ်ယောက်ကတော့ အဝေးတနေရာပဲ ရှိနေခဲ့တော့သည်။

အားလုံးကိုယ်စီစုံလင်စွာရှိနေတဲ့အချိန် ကျွန်မကတော့ သူမရှိဘဲ တစ်ယောက်ထဲ အထီးကျန်နေခဲ့တယ်ပါလား...။

အမှတ်တမဲ့ပဲ ကျွန်မပြုံးနေမိတယ်..။

သူ့ကို လွမ်းပေမဲ့ ငိုဆွေးနေသင့်တာတော့ မဟုတ်ဘူးမလား...။

လူစုံတတ်စုံရှိလာတော့ မီးရှူးမီးပန်းတွေ ဖောက်လွှတ်ကြတော့ သိပ်ပ်လှတဲ့ မီးပန်းတွေက ကောင်းကင်မှာ ခဏတာအလှပြသွားကြတယ်...။

ဒီလိုအချိန်တိုင်း သူနဲ့အတူတူမီးပန်းလွှတ်ခဲ့ဖူးတာကို အရမ်းလွမ်းမိတာပဲ...။

သူကရော သတိရနေပါ့မလား...
သူက ကျွန်မကို တစ်ခုမှာတမ်းချွေခဲ့တယ်...။

*ငါပြန်မလာသေးတဲ့အချိန်တွေမှာလည်း နင်ပျော်ပျော်ရွင်ရွင်နေရမယ်နော်တဲ့...။

ကျလုနည်းပါးဖြစ်နေတဲ့ မျက်ရည်တွေတောင် သူ့အမှာစကားကို ပြန်ကြားယောင်တဲ့အခါ ပါးပြင်ထက်ကို ခုန်ဆင်းဖို့ကို တွန့်ဆုပ်သွားကြကုန်ရဲ့..။

ကျွန်မက သူ့စကားဆို ဘယ်လောက်တောင် မြေဝယ်မကျနားထောင်လိုက်သလဲ..။

ကျွန်မ လိမ်မာတယ်ဟုတ်..။

"Hello "

"အင်း အင်း ဟေမီရှိတယ်.."

မေမေက ဖုန်းကို ကမ်းပေးတော့ ကျွန်မ သိလိူက်ပါပီ..။

helloလို့ ထူးလိုက်တော့ တစ်ဖက်ကအသံကြားလိုက်ရတဲ့အချိန် ကျွန်မအတွက်တော့ ပျော်စရာသတင်းတစ်ခုဖြစ်ခဲ့တယ်..။

သူ ပြန်လာတော့မယ်တဲ့
အရမ်းပျော်လွန်းလို့ ကျွန်မတော့ ဘယ်လိုမှတောင် အိပ်စက်လို့မရခဲ့တဲ့အထိပဲပါပဲ..။

မနက်ရောက်တော့ သူကို ကြိုဖို့လေဆိပ်ကို အမှီသွားရင်း သူပြန်အလာကို စောင့်နေခဲ့တယ်..။

Story Collection ( zawgyi & unicode )Where stories live. Discover now