အပိုင်း ၁၈

13.5K 1.4K 128
                                    

"အဲ့တော့မင်းကဘာလိုချင်တာလည်း.."

"ဟမ့်...."

ထိုလူ၏ အမေးကြောင့် ရှီးယန် ဆိုဖာပေါ်တွင်
ထိုင်နေလျက်ပင် သူ၏ညာဘက်လက်ကောက်ဝတ်ကို
ဘယ်လက်ဖြင့် ပွတ်သပ်နေခြင်းကို ရပ်လျက်
ခနဲ့သော အသံဖြင့်ရီလိုက်သည်။

"ရှန်ဟိုင်းမှာ ပြန်လာနေစေချင်တာလား..မင်းက
အဲ့တာဆို ငါတောင်းဆိုတာလုပ်ပေးလေ
ငါ မင်းလိုချင်တာလိုက်လျောပေးမယ်..."

ဝူချန်ဖန်းက ရှီးယန်နှင့် မလှမ်းမကမ်းတွင်ရှိသော
ထမင်းစား စားပွဲအရှည်ကြီး၏ထောင့်နား ဘေးတွင်
မတ်တပ်ရပ်နေသည်။
သူ၏ ပုံစံက စိတ်မရှည်တော့သည့်နှယ်။

"ဒါ့ကြောင့် ငါပြောတယ်လေ..
မင်းဘာလိုချင်တာလည်း လို့...."

"ငါ့ကို လူတစ်ယောက်သတ်ပေး...."

"မင်း......"

ရှီးယန်က မဲ့ပြုံးပြုံးရင်း ချန်ဖန်းဘက်သို့
လှည့်ကာကြည့်လိုက်သည်။

"ဘာလည်း...မလုပ်နိုင်ဘူးလား...
ငါသိသလောက် မင်းတို့လို လူတွေအတွက်
လူတယောက်သတ်ရတာက ကလေးကစားစရာလေးတွေလိုပါ ဟုတ်တယ်မလား..."

ရှီးယန်က မတ်တပ်ကောက်ရပ်ကာ
အပြင်ဘက်သို့ထွက်ရန်ခြေလှမ်းပြင်လိုက်သည်။

"ထားလိုက်ပါ.......ငါ ပေကျင်းမှာနေရတာ
ပိုအဆင်ပြေနေတယ်...ငါပြောတာကို မရှိခဲ့ဘူးလို့မှတ်လိုက်...."

"ဘယ်သူ့ကို သတ်ပေးရမှာလည်း......"

"ဟမ့်......"

ရှီးယန်က ချန်ဖန်းအားကျောခိုင်းထားလျက်ပင်
ထပ်မံကာသဘောကျ နှစ်သက်သည့် အပြူံးကို ပြုံးလိုက်သည်။
ချန်ဖန်းဘက်ကို မလှည့်ပဲ ကျောခိုင်းထားလျက်ပင်

"ကောင်လေးတယောက်...မင်းသူ့ကို
အလွယ်ရှင်းလို့ရမှာပါ..ဒီအတိုင်း ဘယ်သူမှမသိတဲ့သူတယောက်ပဲမလို့..."

ရှီးယန်က ပြန်လှည့်လာပြီး ချန်ဖန်းအနားထိပြန်တိုးလာသည်။ သူ၏ ရင်ဘတ်အင်္ကျီထဲမှ ဓာတ်ပုံတစ်ချို့အား
ထုတ်ကာစားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

ချန်ဖန်းက ထိုဓာတ်ပုံများအား ယူလိုက်ပြီး.
အချိန်အနည်းငယ်ယူကာ ကြည့်လိုက်သည်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now