Chapter - 14

40.5K 4K 65
                                    

(Unicode)

ခန့်တည်တို့ အိမ်ဝင်းထဲတွင် ဆူညံပွက်လောရိုက်နေသည်။ ခန့်တည်မေမေက ပြင်ဦးလွင်မှ ပြန်မရောက်သေး၍ New Year Party အား ဆင်နွှဲခွင့်မရသေးချေ။

သို့သော် ထိုအရာက ကံကောင်းသွားသည် ဆိုရမည်။ အဘယ့်ကြောင့်ဆိုသော် ခန့်တည်က "အစ်ကို့ သူငယ်ချင်းတွေပါ ခေါ်လိုက်ပါလား အစ်ကိုလည်း ပျင်းနေမှာပေါ့" ဟုပြောသောကြောင့် ချမ်းစစ်နှင့် Louis တို့စုံတွဲအပြင်မင်းညီနှင့်အာကာတို့ပါ ရောက်လာသည်။

ပွဲရောက်မှသိလိုက်ရသည်က ရှင်းသန့်ကိုက မင်းညီ၏ညီမကို ကျိတ်ပိုးနေသည်တဲ့။ တဝါးဝါးပွဲကျကာရယ်နေကြသော်လည်း Jey၏ချစ်ရသူက Bbq ကင်နေရာမှ ထမလာ။အနားသွားတော့မှ စကားပြောလာသည်။

"အစ်ကို သွားလေ၊ ကျွန်တော်ကင်မယ် မီးခိုးမွှန်မယ်လေ"

"ရတယ်၊ ခန့်တည်က သူငယ်ချင်းတွေနဲ့မှ သွားစကားမပြောပဲ၊ အစ်ကိုဆက်ကင်မယ်သွား"

"ရတယ်အစ်ကို၊ ကျွန်တော်မသွားချင်လို့"

ပြောနေရင်းနဲ့ခန့်တည်မျက်နှာပျက်နေသည်။ ဆက်စပ်တွေးခေါ်နိုင်စွမ်းကောင်းခြင်းက ကျွန်တော့်အားသာချက်ဆိုလျှင် ဟန်မဆောင်နိုင်ခြင်းက ခန့်တည်အားနည်းချက်ဖြစ်မည်။

"ချမ်းစစ်တို့အတွဲကြောင့်လား"

"အာအဲ့လိုကြီးပဲလဲမဟုတ်ပါဘူး အစ်ကို၊ ဒီလိုပဲကျွန်တော်က"

ကင်လက်စ bbq ကို ချကာ အစ်ကို့အား စကားသေချာပြောရန်ပြင်တော့ အကိုက သူ့သူငယ်ချင်းနှစ်ယောက်ကို လှမ်းခေါ်သည်။

"မင်းညီ အာကာခဏလာ၊ ဒါဆက်ကင်ထားပေး၊ ငါ ခန့်တည်နဲ့စကားပြောစရာရှိလို့"

အစ်ကိုက အိမ်ထဲသို့ အရင် ဦးဆောင်ဝင်သွားသည်။ ထမင်းစားခန်းထဲသို့ ဦးတည်နေသော အစ်ကို့နောက် ကျွန်ခန့်တည်လိုက်ရတော့သည်။

"ရပြီ ခန့်တည်၊ ပြော ချမ်းစစ်တို့အတွဲကဘာဖြစ်နေလို့လဲ"

အစ်ကို့အသံ နည်းနည်းကျယ်လာသည်။ ခန့်တည်ဆိုသည်ကလည်း ကိုယ့်ကို ဆူသလိုလို ပူသလိုလို လုပ်ခြင်းအား မေမေနှင့် မမကလွဲ၍ သည်းမခံနိုင်။ အစ်ကို့အားသည်းခံချင်သော်လည်း အပြင်တွင် ရှင်းသန့်ရောသီဟရောရှိသဖြင့် ဦးနှောက်က အလျှော့ပေးချင်သော်လည်း အရှက်သိက္ခာက ခွင့်မပြု။

Rhyme Made Of Love (Completed)Where stories live. Discover now