အပိုင်း - ၂၈ ( Zawgyi + Unicode )

20.5K 2.3K 175
                                    

#For Zawgyi

ထိုနေ့မှစ,ကာ အသာကား ဆေးခန်းသို့ လုံးဝပေါ်မလာတော့ချေ ။ အသာ့ Hand phone ကို ဆက်တော့လည်း စက်ပိတ်ထားတယ်ဟူ၍သာ ဖြေနေ၏ ။ အိမ်ဖုန်းကို ဆက်ပြန်တော့လည်း သူငယ်ချင်းအိမ်မှာ သွားနေတာ သုံးလေးရက်ရှိပြီဆိုတာကလွဲလို့ ဘာမှမသိရ ။

သူ့မှာ ဆေးရုံ duty ချိန်တွေကတစ်ဖက် ဆေးခန်းကတစ်ဖက်နှင့် အလုပ်တွေ မအားလပ်သည့်ကြားက အသာ့ကိုပါ ဆက်သွယ်လို့မရဘဲ စိတ်ပူနေရတဲ့အခါ လူက ရူးချင်သလိုလိုပင် ဖြစ်လာရသည် ။

ဒီကလေးလေး သူ ဆူမှာကို စိုးရိမ်လို့ပဲ ခုလို ခြေရာဖျောက်နေလေသလား ။ ဒါမှမဟုတ် မိဘတွေကို ပြန်အတိုင်ခံရမှာများ ကြောက်နေတာလား ။ အတွေးထဲမှာ မေးခွန်းများစွာက အစီအရီ ။

ဘယ်လိုမှ မနေနိုင်တော့တဲ့ အဆုံးမှာ အသာ့ဆိုင်ကို လိုက်သွားဖို့သာ ဆုံးဖြတ်ရတော့သည် ။

ဆိုင်ကိုရောက်တော့လည်း အသာ့ကို မတွေ့ရ ။ အသာ ဆိုင်ကိုမလာတာ လေးငါးရက်ရှိပြီဆိုတဲ့ သတင်းကိုပဲ ဝန်ထမ်းတစ်ယောက်ထံမှ သိရသည် ။

သူ စိတ်ဓာတ်အကြီးအကျယ်ကျကာ ဆိုင်ထဲမှထွက်ဖို့အလုပ်မှာ ဗညားကို ဆိုင်ထဲဝင်လာတာ တွေ့လိုက်ရတော့ အသာ့အချစ်ကို ရသွားသည့်သူရယ်လို့ သူ့မှာ မနာလိုဖြစ်မနေနိုင် ။ အသာ့သတင်းအား တစ်ခုခုတော့ ရေရေရာရာ မေးလို့ရမှာပဲရယ်လို့သာ တွေးပြီး သူ့မှာ ဝမ်းသာအားရ ပြေးခေါ်ရသည့်အဖြစ် ။

" ညီလေး...အကို တစ်ခုလောက် မေးချင်လို့ "

ဗညားဟာလည်း သူ့ကိုမြင်လိုက်တဲ့ခဏမှာ အတော်ကြီး အံ့သြသွားဟန်ရှိသည် ။

" မေးပါ ဒေါက်တာ "

" ကိုယ် အသာနဲ့ ဘယ်လိုမှ ဆက်သွယ်လို့ မရလို့ ၊ အဲ့ဒါ ညီလေးနဲ့များ အသာက အဆက်အသွယ် ရှိနေမလားလို့ပါ "

" ဖိုးထင်က ကျွန်တော့်အိမ်မှာ လာနေတာ ၄ ရက်ရှိပြီ "

အော်....အသာက ဗညားအိမ်မှာတောင် လိုက်နေ,နေတာကိုး ။ သူ့မှာ ဗညားရဲ့စကားအပေါ် စိတ်မကောင်းဖြစ်ဖို့ထက် အသာ ဘာမှမဖြစ်ဘဲ ကောင်းကောင်းမွန်မွန်ရှိနေတယ်ဆိုတာနဲ့ပင် ဝမ်းသာကျေနပ်ရပါသည် ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now