အပိုင်း ၂၀

11.1K 1.2K 36
                                    

"ဟို...အရပ်က ဒီလောက်နဲ့
အသားဖြူဖြူ ချောချောလေး အဲ့လိုကောင်လေးတယောက် တွေ့မိသေးလား...."

"ဟင့်အင်း...မတွေ့မိဘူး...."

ချီရှန်းက ဆေးရုံ တလျောက်လုံးလိုက်မေးနေသည်။
လုံခြုံရေးများကိုသာမက လူနာများ
ဆရာဝန် နှင့် သူနာပြုများပါမကျန် အထပ်တိုင်းသို့
.ပြေးလွှားကာ မေးမြန်းနေသည်။

အန်းလု၏ စိတ်အခြေအနေကြောင့်
တစ်ခုခုလုပ်သွားမည်ကို သူစိုးရိမ်မိနေပြီမှာ
အသေအချာပင်။

အန်းလုတောင်းဆိုသည့်အချက်အတွက်
ထိုဖြစ်ပျက်သည့်ညကတည်းကပင်
မိမိ၏ မယ်တော်ဖြစ်သူအား ဆင့်ခေါ်ကာ
အကူအညီတောင်းခဲ့သည်။

"မယ်တော်....ကျွန်တော်အကူအညီတောင်းပါရစေ"

"သိတယ်...ဒါပေမဲ့ မဖြစ်နိုင်ဘူး...
ငါထပ်ပြီး မလုပ်နိုင်တော့ဘူး..ကောင်းကင်ဘုံရဲ့
စည်းမျည်းတွေကို ချိုးဖောက်မိတာ
အလွန်အပြစ်ကြီးလေးတယ်...ပြီးတော့အမေ့မှာ
အခု စွမ်းအားတစ်ဝက်ပဲ ကျန်ရှိတော့တယ်..."

ချီရှန်းက သူမ၏ ရှေ့တွင်ဒူးထောက်ချလိုက်သည်။

"ဒါပေမယ့် အန်းလုက
သူ့အမေ မရှိရင် အရမ်းအထီးကျန်နေမှာ
ကယ်ဖို့ နည်းလမ်းထပ်မရှိနိုင်တော့ဘူးလား..."

"သူမရဲ့ သက်တမ်းကိုက ဒီလောက်ပဲမို့
အမေတို့ ဘာမှလုပ်ပေးလို့မရဘူး...

သူမရဲ့ ဝိညာည်နောက်ဆုံးအချိန်ထိ
ကောင်းကောင်းမွန်မွန် ဘဝကူးနိုင်ဖို့ အမေကူညီပေးမှာပါ...."

"အန်းလု...အရမ်းဝမ်းနည်းနေတော့မှာ..."

သူမက ခေါင်းကိုငုံ့ကတွေးနေသော
ချီရှန်းကို ကြည့်ရင်း ခေါင်းခါမိသည်။

"ဒါဆို...သားကရော.....
သားအတွက်ကရော..ကိုယ့်အတွက်ကို
စဉ်းစားခဲ့ဖူးတဲ့အချိန်ရှိခဲ့ဖူးလား...

သားရဲ့အတွေးထဲမှာ အမြဲအန်းလုဆိုတဲ့
ကောင်လေးတယောက်ပဲရှိနေခဲ့တယ်

တခါတလေ အမေ သူ့ကိုမနာလိုဖြစ်မိတယ်
အန်းလုအတွက် ....အန်းလုဖို့.... အန်းလုအကြောင်း
အန်းလုကိုယ်စား....အန်းလုကို....

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now