Chapter 236

1.7K 198 7
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သး-ဖြိုးသူဝင်း

စာစဉ်  ( ၁၉ )

Chapter-14

စိတ်ဝိညာဉ်ကောင်းချီးပေးခြင်းတောင်၏ အဓိကတောင်ထိပ်ရှိ ကြီးမားသောခန်းမကျယ်ကြီးတွင်…..

ရှင်းလီက ယီယွမ်ကိုခေါ်ဆောင်လာခဲ့ပြီး ခန်းမ၏အလယ်ဗဟိုတွင် ရပ်တန့်လိုက်ကြသည်။

“အဖွဲ့အရှင်သခင်… ယီယွမ်ကို ခေါ်ဆောင်လာခဲ့ပြီးပါပြီခင်ဗျာ…..”

ရှင်းလီက သူ၏စကားအဆုံးတွင် နောက်ဆုတ်သွားခဲ့၏။

ခန်းမကျယ်ကြီး၏ အလယ်မှ စင်ပေါ်တွင် ထိုင်နေသော တည်ကြည်ခန့်ညားသော သက်လတ်ပိုင်းအရွယ် လူတစ်ဦးဆီ၌ ယီယွမ်၏အကြည့်များက ရပ်တန့်သွားခဲ့သည်။ သူက ငြိမ်သက်တိမ်တိုက်အဖွဲ့၏ လက်ရှိအဖွဲ့အရှင်သခင် လျှိုချင်းဖန်ဖြစ်ပေလိမ့်မည်။

လျှိုချင်ဖန်၏ ပုံစံက သူ၏နာမည်နှင့် မကိုက်ညီပေ။ သူ၏ခန္ဓာကိုယ်မှ ထက်ရှသော အရှိန်အဝါမျိုး ထွက်ပေါ်နေခြင်းမရှိပေ။ သူကခန်းမကျယ်ကြီးရှိ စင်မြင့်အလယ်တွင် ထိုင်နေခဲ့ခြင်းသာ မဟုတ်ခဲ့ပါက သာမန်လူတစ်ယောက်အဖြစ်နှင့် တူနေမည်ဖြစ်ပြီး လူအများကို လျှပ်တစ်ပြက်နှင့် ခဏလောက်သာ သတိထားမိသွားစေခဲ့၏။

လျှိုချင်ဖန်ကလည်း ယီယွမ်ကို ကြည့်ရှုနေခဲ့သည်။ သူကမည်သူတစ်ဦးတစ်ယောက်နှင့် မည်သည့်အရာကိုမှ ကြောက်ရွံ့ထိတ်လန့်မှု မရှိသည့်လူငယ်လေးကို အလွန်စိတ်ဝင်စားနေသည်မှာ ထင်ရှားလှပေသည်။

ဤတစ်ကြိမ်က ခန်းမသုံးခုစုပေါင်းကြားနာခြင်းကို ရင်ဆိုင်နေရချိန်တွင် စိုးရိမ်စိတ်မရှိဘဲ အလွန်တည်ငြိမ်နေသော လူငယ်လေးကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရခြင်းဖြစ်၏။

“မောက်မာရိုင်းစိုင်းလွန်းတဲ့ ယီယွမ်… အဖွဲ့အရှင်သခင်နဲ့ ခန်းမခေါင်းဆောင်အများအပြားကို မြင်တွေ့နေရတာတောင် ဘာလို့မင်းက အရိုအသေမပေးသေးတာလဲ…..” လျှိုချင်ဖန်၏အောက်နေရာတွင် ထိုင်နေသော လူတစ်ယောက်က ပြောဆိုလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now