Chapter 237

1.5K 190 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်(20)

Chapter-1

အိုးရန်မင်က ထိုအခြေအနေကိုမြင်သော် မှားယွင်းသွားကြောင်း သိရှိလိုက်၍ ချက်ချင်းပင် ပြောဆိုလိုက်သည်။ "ယီယွမ်... မင်းကခေါင်းစဉ်ကို လွှဲမပစ်ပါနဲ့... မင်းက စစ်မှန်သော
စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံးကို ဖော်စပ်နိုင်စွမ်းရှိတယ်ဆိုရင်တောင် ဆေးလုံးဖော်မြူလာတွေ ခိုးယူတယ်ဆိုတဲ့ အမှန်တရားက သံသယဝင်စရာမရှိဘူး... အဖွဲ့အရှင်သခင်... ခန်းမခေါင်းဆောင်သုံးဦးနဲ့ အကြီးအကဲများခင်ဗျား... ဒီလိုလက်သင့်မခံနိုင်လောက်တဲ့ အပြုအမူကို လုပ်ဆောင်ခဲ့တဲ့ တပည့်တစ်ဦးကို သူကဘယ်လိုဂျီးနီးယပ်မျိုး ဖြစ်နေပါစေ ကျွန်တော်တို့က ခွင့်လွှတ်ပေးလို့ မရပါဘူး....."

"အကြီးအကဲအိုးရန်ရဲ့စကားက သင့်လျော်ပါတယ်....." တစ်ချိန်လုံး စကားလုံးဝမပြောခဲ့သည့် စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ခန်းမခေါင်းဆောင် လင်ဖိုထျန်းက ရုတ်တရက် ပြောဆိုခဲ့၏။

လင်ဖိုထျန်း၏ အသံက အခြေအနေကို ပြန်လည်အထိန်းအကွပ်မဲ့သွားစေခဲ့သည်။

ထိုသို့ပြောလိုက်ခြင်းမှာ သူတို့နှစ်ဦးက အဖေနှင့်သားကဲ့သို့ ရင်းနှီးနေကြောင်း ပြောလိုက်သည်နှင့် တူပေ၏။ ဆရာနှင့်တပည့်တို့အကြားမှ ဆက်ဆံရေးဟုလည်းပြော၍ ရပေသည်။

လူအများကို သူနှင့် မိုင်ပေါင်းထောင်ချီဝေးကွာနေသောနေရာသို့ ရောက်ရှိအောင် ပို့ဆောင်ထားရခြင်းကဲ့သို့သော ရှင်းလီ၏ အေးစက်စက်နိုင်မှုက
ဤသို့သော တင်စီးသည့်ဆရာဆီမှ ဆက်ခံလာခဲ့ခြင်း
ဖြစ်ပေလိမ့်မည်။

ယနေ့ဖြစ်ရပ်မှာ ယီယွမ်ကို မေးမြန်းစစ်ဆေးခြင်းဖြစ်၏။ စကားပြောဆိုရန်အတွက် လင်ဖိုထျန်း၏ အဆင့်အတန်းက အလွန်မြင့်မားပေသည်။

သူကယီယွမ်ကို ပစ်မှတ်ထားလိုသည့် ရည်ရွယ်ချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ၏စကားတစ်ခွန်းက ယီယွမ်အတွက် အဆင်ပြေချောမွေ့နေသော အခြေအနေကို ပျက်စီးသွားစေခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now