Chapter 243

1.5K 179 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၀ )

Chapter-7

"စီနီယာအစ်ကိုကြီးမို... နည်းလမ်းတစ်ခုလောက်ကို မြန်မြန်စဉ်းစားကာဦး... သခင်လေးက အခုအချိန်အထိ ပြန်ရောက်မလာသေးဘူး... သူတစ်ခုခုများ ဖြစ်နေတာလား မသိဘူးနော်....." လျူအာက သိချင်စိတ်အပြည့်ဖြင့် မေးမြန်းလိုက်သည်။

"ဟုတ်တယ် စီနီယာအစ်ကိုကြီးမို... ဒီနေရာမှာရှိတဲ့ လူတွေကြားထဲမှာ အစ်ကိုကြီးကပဲ ပြောရေးဆိုခွင့် ရှိနေတာလေ... သူတို့က ယီယွမ်ကို တစ်ခုခုလုပ်ထားလားဆိုတာ ဘာလို့သွားပြီး မစုံစမ်းကြည့်တာလဲ....."နန်ဖိန်လျှိုချင်က မေးမြန်းခဲ့၏။

သူတို့က ဒယ်အိုးပူထဲရောက်ရှိနေသော ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေခဲ့ကြပြီး မိုယုထန်၏ အနားတွင် မရပ်မနား ခောက်တုံ့ခောက်ပြန် လမ်းလျှောက်နေခဲ့ကြသည်။

သို့သော် မိုယုထန်ကလည်း ကူရာကယ်ရာမဲ့နေသော မျက်နှာနှင့် ရှိနေခဲ့၏။ "ငါက ဂျူနီယာညီလေးယီကို ကူညီချင်စိတ် မရှိလို့မဟုတ်ဘူး... ငါကအဲဒီကိစ္စကို ဆုံးဖြတ်ပေးနိုင်စွမ်းမရှိလို့ပါ... ခန်းမသုံးခုစုပေါင်းကြားနာခြင်း... အနည်းဆုံးအနေနဲ့ ငါကအကြီးအကဲရာထူး ဒါမှမဟုတ် အဲ့ထက်မြင့်မားတဲ့ အဆင့်ကိုရောက်နေမှ ပါဝင်ခွင့်ရှိမယ်... ပြီးတော့ အဲဒါကို တင်းတင်းကြပ်ကြပ် လျှို့ဝှက်ထားတယ်... ဒါကြောင့် သတင်းကို စုံစမ်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး....."

"ဒါဆိုရင် ကျွန်မတို့က ဒီနေရာမှာ ဘာမှမလုပ်ဘဲ ထိုင်နေရမှာလား... ဘာဆက်လုပ်ရတော့မလဲ....." နန်ဖိန်ဇီရိုကလည်း ဝင်ရောက်ပြောဆိုလိုက်သည်။

မိုယုထန်က သူ၏ခေါင်းကို ခါယမ်း၍ ပြောဆိုခဲ့၏။ "အခုအချိန်မှာ ငါတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဆရာ့ကို ယုံကြည်ပေးလိုက်ဖို့ပဲ... ဆရာရှိနေတယ်ဆိုရင် သူကသေချာပေါက် ယီယွမ်ကို တစ်ခုခုဖြစ်စေမှာ မဟုတ်ဘူး... ပြီးတော့ ယီယွမ်ရဲ့အရည်အချင်းက မြင့်မားတယ်ဆိုတာ အာလုံးမြင်နိုင်တယ်လေ... အဖွဲ့အရှင်သခင်က အဖွဲ့ရဲ့ ကံတရားကို ဖျက်ဆီးပစ်နိုင်တဲ့ အရာမျိုးကို ပြုလုပ်မှာမဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်....."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now