Chapter 250

1.5K 180 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၀ )

Chapter 14

စိတ်ဝိညာဉ်ကောင်းချီးပေးခြင်းတောင်၏ အဓိကတောင်ထိပ်တွင် တိတ်ဆိတ်ငြိမ်သက်သော ခြံဝင်းတစ်ခုရှိပေသည်။

ဤနေရာက မဟာအကြီးအကဲ ကောင်းကင်မေပယ်၏ စံအိမ်ဖြစ်သော ကောင်းကင်မေပယ်ရုံးတော် ဖြစ်ပေ၏။

ကြယ်တာရာထောက်ပံ့ရေးဂေဟာမှ ထွက်လာခဲ့ပြီးနောက် ယီယွမ်က ကောင်းကင်မေပယ်ရုံးတော်သို့ ချက်ချင်းလာရောက်ခဲ့ခြင်း ဖြစ်သည်။

သိုင်းပညာရှင်များအတွက် မစ်ရှင်များကသာ အချိန်နှင့်စွမ်းအင် ကုန်ဆုံးလေ့ရှိသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် မှော်ဆေးပညာ မစ်ရှင်များကလည်း တူညီစွာပင် အချိန်နှင့် စွမ်းအင်ကုန်ဆုံးရလေ့ရှိ၏။ ဆေးလုံးဖော်စပ်ရသည့် မစ်ရှင်တစ်ခုမှာ ဆေးလုံးခန်းမ ကျောင်းသား၏ အချိန်နှင့်စွမ်းအင် ပမာဏအများကြီးကို မကြာခဏ ကုန်ဆုံးသွားစေလေ့ရှိသည်။

အမှတ်များကို ရရှိရန်အတွက်မှာ ထိုသို့လွယ်ကူခြင်းမရှိပေ။

အမှန်တကယ်တွင် ဆေးလုံးခန်းမ တပည့်များအတွက် ဆေးလုံးဖော်စပ်ရာတွင် မပြောပလောက်သော အန္တရာယ်များ ရှိနေကြသေး၏။

သို့ရာတွင် မှော်ဆေးပညာမစ်ရှင်များမှ ကုန်ဆုံးရသော အချိန်နှင့်စွမ်းအင် ပမာဏက သိုင်းပညာမစ်ရှင်များတွင် ကုန်ဆုံးရသည်ထက် အများကြီး လျော့နည်းပေသည်။

ထို့ကြောင့် ဤအဆင့်၉မစ်ရှင်ကို ယီယွမ်က ထမ်းဆောင်လိုခြင်းဖြစ်၏။

ရိုးရိုးသားသား ပြောဆိုရမည်ဆိုပါက ဤမစ်ရှင်မှာ ရိုးရှင်းမှု မရှိဘဲ မျှော်မှန်းထားသလောက် လွယ်ကူမည်မဟုတ်ပေ။ ထိုသို့မဟုတ်ပါက ဤနေရာတွင် ဆယ်နှစ်ကျော် ကျန်ရှိနေမည်မဟုတ်ပေ။

မပြည့်စုံသော ဆေးလုံးများကို ပြည့်စုံအောင် ပြင်ဆင်ဖြည့်စွက်ရခြင်းက
လူအများကို အရူးအမူးဖြစ်သွားစေနိုင်သည်အထိ များပြားသော စွမ်းအင်ပမာဏ ပါဝင်သည့်
ဆေးလုံးအသစ်တစ်မျိုးကို တီထွင်ဖန်တီးရသည်ထက် အများကြီး ပိုမိုလွယ်ကူပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now