အပိုင်း ၂၁

12.6K 1.3K 180
                                    

"ရှီးယန် မင်းဘာလို့ ငါတို့ကို.
အခုထိမလှုပ်ရှားခိုင်းသေးတာလည်း

ဟိုကောင်တွေက တကယ်ကို
စိတ်မရှည်ကြတော့ဘူးနော်....."

"ငါက စောင့်ဆိုစောင့်လိုက်ပေါ့
သားကောင်က ကိုယ့်လက်ခုပ်ထဲရှိနေတာပဲ...
ဘာကို အဒွန့်တတ်ချင်နေရတာလည်း..."

ရှီးယန်က ခပ်မာမာပြောလိုက်ရင်း
ဖုန်းကို ပိတ်ကာ စားပွဲပေါ်ပစ်တင်လိုက်သည်။

"ဘေးမှာ အကိုချီရှန်း ရှိနေရင်
ငါသူ့ကို ဘာမှလုပ်လို့ရမှာမဟုတ်ဘူး...
အဓိက က သူသိသွားလို့မဖြစ်တာပဲ......"

အပြင်ဘက်ကိုငေးကြည့်ရင်းပင်
တီးတိုးရေ ရွတ်မိသည်။
တရွေ့ရွေ့လျောက်လာသော ချီရှန်းအား သူမြင်မိသည်နှင့် ချက်ချင်းပင် မျက်ဝန်းတို့က
ရွှန်းလဲ့လာလေသည်။

အပေါက်ဝကို ချက်ချင်းသွားပြီး.
ချီရှန်းအား တံခါးဖွင့်ပေးလိုက်သည်။
ထိုအပြုအမူကြောင့် ချီရှန်းက
ကြက်သေသေနေလေ၏။

"ရှီးယန်...ကျွန်တော့်ကို ခွင့်တွေအများကြီးပေးလို့.ကျေးဇူးတင်ပါတယ် အလုပ်မထုတ်ဘူးဆိုရင်
ဒီထက်ပို ကြိုးစားပါ့မယ်...."

"အာ...ကျွန်တော်က အကိုချီရှန်းကို
.ဘာကိစ္စအလုပ်ထုတ်ရမှာလည်း
အကိုချီရှန်း ဘာအမှားမှမ မလုပ်ထားတဲ့ဟာကို..."

ချီရှန်းက ခေါင်းအသာငုံ့ကာ
အလေးပြုလိုက်သည်။

"ကျေးဇူးတင်ပါတယ်...... "

(ရှီးယန်က ထူးဆန်းနေတယ်....
သူက ဒီလို နူးနူးညံညံ့ ဆက်ဆံတတ်တဲ့
ယောက်ျားတယောက်မှမဟုတ်တာ...)

..............................

"အန်းလု...အတွက်ပဲပေါင်မုန့်....
သူ..ဒါကိုမြင်ရင် အတော်ဝမ်းသာသွားမှာ..."

ချီရှန်းက လက်ထဲတွင်ဆွဲလာသော
အထုတ်ကလေးကို မြှောက်ရင်း ပြောနေသည်။

ခြံပေါက်ဝကိုရောက်တော့ မူမမှန်သော
ပုံစံက သူ၏ မျက်မှောင်ကို ကြုတ်စေသည်။
ခြံဝင်းရှိ တချို့ပစ္စည်းများကပျက်စီးကာနေ၏။

"အန်းလု....."

ချီရှန်း အမြန်ရေရွတ်လိုက်ရင်း
အိမ်ထဲသို့ အတင်းပြေးဝင်လိုက်သည်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now