
37.8K 2.4K 196
                                    

အခန်း (၇၅) ချီရှိုးကျဲ့ + လီရွှီသုန်း

Unicode version available here __IC__

လီရွှီသုန်းက ထီးနန်းကိုမြန်နိုင်သမျှမြန်မြန်ဆက်ခံခဲ့ကာ ကောင်းအိမ်ဖန်တီးခဲ့သည့်ပြည်တွင်းရေးမီးတွေကို ငြိမ်းသက်ပြီး သူ့ညီတွေကိုသူတို့မွေးအမေနဲ့အဖေတွေ နန်းပြင်ခေါ်ထုတ်ဖို့ခွင့်ပြုပေးလိုက်သည်။ နတ်ရွာစံမင်းကြီးအတွက် ခမ်းနားသည့်ဈာပနအခမ်းအနားကျင်းပပေးပြီး သုံးနှစ်အခွန်ကင်းလွှတ်ကြောင်းကြေညာလိုက်သည်။

ပြည်သူအားလုံးကောင်းကျိုးခံစားရပြီး မင်းသားခြောက်ကို ဂရုဏာတရားကြီးမားသည့် ပညာရှိမင်းကောင်းဟုခေါ်ဝေါ်သမုတ်ကြတော့သည်။

"အခုမှနန်းတက်တာလေးကိုများလူတွေက ပညာရှိမင်းလို့ခေါ်နေကြပြီပေါ့'' ကျိုးယွင်ရှန့် က ခေါင်းအသားရမ်းပြီးအထုပ်ဆက်ထုပ်နေလိုက်သည်။

လီရွှီသုန်းကသူ့ကိုစူးဝါးဝါးကြည့်နေပြီး အကြိမ်တစ်​ထောင်မြောက်မေးလိုက်သည်။ ''ခမည်းတော် တကယ်ပဲထွက်သွားမလို့လား။ သားတော်ကိုကူညီပြီးနန်းတွင်းကိုမထိန်းသိမ်းပေးတော့ဘူးလား''

"နန်းတွင်းကိုထိန်းသိမ်းပေးရမယ်? ဘယ်သူကအဲ့လိုပျင်းစရာလုပ်ချင်လို့လဲ။ ငါကကမ္ဘာအဆုံးထိခြေဆန့်မှာ'' တကယ်တော့ သူ့ရဲ့ပျောက်ဆုံးနေတဲ့ချစ်သူကိုရှာဖို့ဖြစ်သည်။ လွန်ခဲ့တဲ့နှစ်တွေက နန်းတွင်းတစ်ခုလုံးမြေလှန်ရှာပေမယ့် သူရှာမတွေ့ခဲ့တာကြောင့် အဲ့လူကမိန်းမစိုးဖြစ်နေတာဖြစ်မယ်လို့တောင်တွေးခဲ့ပြီး အရပ်ရှည်ရှည်ရုပ်ချောချောမိန်းမစိုးအားလုံးကိုသူစမ်းသပ်ခဲ့သေးသည်။

ဝံပုလွေပေါက်ကအဲ့လူတွေအားလုံးကို ကိုက်ဖြဲပစ်မတတ်ပင်။ ကျိုးယွင်ရှန့်ကိုလည်း အထီးကျန်တယ်ဆိုရင်တောင်အစေခံတွေကိုလိင်ဆက်ဆံဖို့ဖိအားမပေးသင့်ကြောင့် ခဏခဏသတိပေးသည်။ 'ခမည်းတော် တကယ်သည်းမခံနိုင်တော့ရင် သားတော်ကိုလာရှာလို့ရကြောင်း' စသည့်စကားများအထိ ကျိုးယွင်ရှန့် နှုတ်ဆိတ်သွားခဲ့ရသည်။

"ခမည်းတော် ကျေးဇူးပြုပြီးနေပေးပါ။ သားတော်ကအခုမှထီးနန်းဆက်ခံတာ ဘာမှနားမလည်ပါဘူး။ ခမည်းတော်သာမရှိရင် သားတော်မျက်စိသူငယ်နားသူငယ်နဲ့ကြောက်နေမှာ'' လီရွှီသုန်းက ကျိုးယွင်ရှန့်ကိုနောက်ကသိုင်းဖက်လိုက်ပြီး လေပူတို့က ကျိုးယွင်ရှန့်လည်ပင်းမှကျူးရှားကျစ်သို့ရိုက်ခတ်နေသည်။

You've reached the end of published parts.

⏰ Last updated: Dec 03, 2019 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now