Chapter - 17

40K 3.9K 97
                                    

(Unicode)

<Trigger Warning : Rude speech>

မားသွေးတိုးနေ၍ တင်ထားရသောဆေးရုံသည် Jey အစာအိမ်ဖြစ်တုန်းက ခန့်တည် ခေါ်လာသော ဆေးရုံပင်။ မားကိုဝင်ကြည့်တော့ အန်တီမြက အကြောင်းစုံရှင်းပြသည်။ အုန်းနို့ခေါက်ဆွဲအစားများသွားသည်တဲ့လေ။

မားကတော့စံတင်လောက်သည်။ ဘယ်လိုဖြစ်ဖြစ်ကို မမှတ်သေး။ သူ့သားကတော့ သူ့သားမက်ကို ပစ်ကာ အမြန်ပြန်လာခဲ့ရသည်ကို။

ဆေးရုံသို့ တန်းလာရသဖြင့် ဗိုက်အနည်းငယ်ပင် ဆာလာသည်။ Canteen ဘက်လှည့်တော့ ခုံများကအပြည့်။ ဆရာဝန်များ၊ House Surgeon များဖြင့် ပြည့်နှက်လျက်။ လှည့်ထွက်တော့ Jey နာမည်ကို အော်ခေါ်သူရှိနေသည်။

"အစ်ကို Jey !"

ကြည့်မိတော့ ရှင်းသန့်ကို၊ ခန့်တည်သူငယ်ချင်း ဆရာဝန်လေး။

"အာ ညီလေး !"

"အစ်ကို တစ်ယောက်တည်းလား၊ ခန့်တည်ရော ?"

"မပါဘူးညီလေး၊ အစ်ကို့အမေ သွေးတိုးနေတာဆေးရုံတက်ရလို့"

"ဪ အစ်ကို တစ်ခုခုစားမလို့လား၊ လာလေ ကျွန်တော်နဲ့ထိုင် ခုံလွတ်တယ်၊ ကျွန်တော့် ward မှာ ကျွန်တော်ပဲ break ရထားတာ"

ဆွဲခေါ်ရာနောက်သာ လိုက်သွားတော့သည်။ ကိုယ့်ဘက်က လိုချင်နေခြင်း၊ သိချင်နေခြင်း ရှိနေသည်လေ။

~~~~~~

ထမင်းကြော်ကို စိတ်မပါတပါ ထိုးဆွနေသော အစ်ကို Jeyနန္ဒ အား သူကြည့်နေမိသည်။ ချစ်စရာတော့ တော်တော်ကောင်းသည်။ သို့သော် ယောကျ်ားဆန်ခြင်းတချို့လည်း ပူးတွဲရပ်တည်နေသည်။ ဖယောင်းနှင့်သံ အချိုးကျရောစပ်ထားသလိုပင်။

ခန့်တည်ကံကောင်းသည်ဟုပြောရမလား၊ အစ်ကို Jey ကံဆိုးသည်ဟုပြောရလား။

ထိုးဆွနေသော ခက်ရင်းကို လက်မှချသည်။ ရေခွက်မော့ကာ သောက်တော့ အာဒမ်ပန်းသီးငယ်က တလှုပ်လှုပ်။ ထိုအရာသာမရှိလျှင် ယောကျ်ားလေးဆိုတာ ယုံနိုင်ဖွယ်ရာမရှိ။ တသျှူးယူကာ ပါးစပ်သုတ်ပြီးနောက် အစ်ကိုက စကားစသည်။

"ဟိုလေ ရှင်းသန့်၊ အစ်ကိုမေးစရာရှိလို့"

အခြေအနေက ရုတ်တရက် အေးစက်ငြိမ်သက်လျက်။

Rhyme Made Of Love (Completed)Where stories live. Discover now