I Can Hear Your Voice -2(Z,U)

16.9K 1.7K 22
                                    

(Zawgyi)

" မသွားပါနဲ့...."

" မင်း ငါတို့ကို ကတိပေးထားတယ်လေ...."

" မင်းမှာ လုပ်စရာတွေရှိသေးတယ်...."

" မင်း  ငါတို့ကို မေ့သွားပြီလား....."

" မသွားနဲ့နော်....မင်း သွားလို့မရဘူး ...."

" ကူညီရမယ်လေ ငါတို့မှာ မင်းပဲရှိတာလေ...."

" မယုံဘူးနော် မင်း အိမ်နဲ့လိုက်သွားရင် ငါတို့ကို ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ဘူး ...."

" ငါတို့ကို သစ္စာမဖောက်ပါနဲ့ ..."

" တောင်းပန်ပါတယ်နော် ငါတို့ မင်းကို စောင့်နေခဲ့ကြတာလေ ...."

" ငါတို့အတွက် အချိန်ပေးပါနော် ငါတို့ကို ကတိပေးခဲ့တယ်မလား ...."

" မသွားရဘူးနော် လုံးဝမသွားရဘူး မင်း သွားလို့ရမှာမဟုတ်ဘူး မသွားရဘူး ...."

" အား....."

ဝိုင် သည် ခြောက်ခြားလာသည့် စိတ်အစုံနှင့် အသံနက်နက်ကိုကြုံးအော်ပစ်လိုက်သည်။ထိုအခါမှသာ ဝိုင် အိမ်မက်ဆိုးမှ နိုးထလာခဲ့တော့သည်။နားတစ်ခုလုံး ဆူဝေနေလျက် ဝိုးတဝါးအသံတွေသည် နီးသွားလိုက်ဝေးသွားလိုက်နှင့်ပေ။

" အမလေး သားလေး သတိရလာပြီ...သားလေးရယ် မသေကောင်းမပျောက်ကောင်း..."

မေမေသည် စိုးရိမ်ရသည့် အခြေအနေကြောင့် ရှိုက်ပြီးငိုနေသည်။တည်ကြည်က ချက်ချင်း ဆရာဝန်ခေါ်သည့် ဘဲလ်ကို နှိပ်လိုက်သည်။ဖေဖေကတော့ မေမေ့ပုခုံးကို ညင်သာစွာပွတ်ပေးနေသည်။

ဝိုင်ကတော့ နားနှစ်ဖက်ကို လက်နှစ်ဖက်လုံးနှင့် ပိတ်ပစ်လျက် အပြင်ဘက်အထိ ခုန်ထွက်လာမလိုရှိနေသည့် ရင်ခုန်သံကို လျစ်လျူရှုဖို့ ကြိုးစားနေမိ​၏။

ဘာအသံတွေလဲ။
ဝိုင် ဘာကြောင့် ဘာမှမမြင်ရပဲ အေးစက်စက် အသံတွေကို ကြားနေရတာလဲ။အရိပ်ပေါင်းများစွာသည် ဝိုင် သွားမည့် လမ်းကို တားနေကြသည်။အသံပေါင်းများစွာသည် ဝိုင့်ထံ ချဉ်းကပ်လာနေကြ​၏။

ဝိုင် စိတ်ရှုပ်သည်။စိတ်တွေညစ်သည်။
ဆရာဝန် နှင့် သူနာပြုမလေး နှစ်ဦး ကပျာကယာနှင့် အခန်းထဲဝင်လာပြီးနောက် ကစဉ့်ကလျားဖြစ်နေသည့် ဝိုင့်ကို ချက်ချင်းစမ်းသပ်သည်။ဝိုင် အသိစိတ်က သိနေသော်လည်း နားနှင့်မျက်လုံးထဲတွင်တော့ တဝီဝီအသံများနှင့် အမှောင်ထုကြီးတွေသာမြင်သည်။

I Can Hear Your Voice (Completed)Where stories live. Discover now