I Can Hear Your Voice - 4(Z,U)

11.7K 1.4K 21
                                    


(Zawgyi)

တည်ကြည် မျက်မှောင်ကြုတ်လိုက်သည်။ဝိုင့်နှုတ်ဖျားမှ စကားတစ်ခုထွက်လာတိုင်း စကားတွေပြောင်းသွားသည့်အခါတိုင်း တည်ကြည်စိတ်ခံစားချက် တွေ ရှုပ်ထွေးလာကာ မျက်မှောင်ကြုတ်သထက်ကြုတ်လာသည်။

တစ်ခုမှ ယုတ္တိမရှိဘူးမလား။သို့ပေမယ့် ထိုကိစ္စကြောင့် ဝိုင့်ကိုလည်း စကားနာမထိုးချင် ။ဝိုင့်က လိမ်ပြောတတ်သည့်သူမဟုတ်။တည်ကြည်ကိုဆို ပိုလို့တောင် မလိမ်တတ်သေး။ထိုသို့ စဉ်းစားမိပြန်တော့ တည်ကြည် သက်ပြင်းသဲ့သဲ့ ချမိသည်။

" ဒါက အဓိပ္ပါယ်မရှိဘူးနော် ဝိုင် မင်းသိတယ်မလား ဒီကိစ္စက လွယ်တဲ့ကိစ္စမဟုတ်ဘူးလေ ...."

ဝိုင်က အခုမှ နေကောင်းခါစ။အဓိပ္ပါယ်မရှိသည့်အလုပ်တွေကြောင့် ထပ်ပြီးထိခိုက်လို့မဖြစ်ဘူး။သူတို့ ဘယ်လိုတောင် ဝိုင့်အသက်ကို ဆွဲဆန့်ခဲ့ရသလဲ။ဒီလိုကိစ္စတွေကြောင့် ဝိုင် အန္တရာယ်ထပ်ဖြစ်လို့မဖြစ်ပေ။ဝိုင် အိမ်ပြန်မလိုက်သွားခဲ့တာ အခုဖြစ်နေတဲ့အကြောင်းအရာတွေကြောင့်သာဖြစ်လိမ့်မည်။

" မင်းကို အန္တရာယ်မပေးပါဘူးလို့ အဲ့အထက်လမ်းဆရာမက ဘာကြောင့် ကတိပေးလိုက်တာလဲ....တကယ်ဆို ဒီလိုကိစ္စမျိုးက ကြိုမြင်နေရတဲ့ အရာမျိုးမှမဟုတ်တာ မင်းကို မထိခိုက်နိုင်ဘူးလို့ ပြောလို့မရဘူးလေ ငါကတော့ မမြင်ရတဲ့အရာတွေကို ရှောင်စေချင်တယ် ဘယ်အချိန် အန္တရာယ်ပေးလာမယ်မှန်း မင်းသိနိုင်မှာမဟုတ်ဘူး ငါ့အနေနဲ့ ဒီကိစ္စမှာ မင်းကို လုံးဝ ပါဝင်ခွင့်မပေးနိုင်ဘူးနော် .....ဝိုင် "

" စိတ်လျှော့ပါဦး ....တည်ကြည်ရာ အန္တရာယ်ရှိမယ်ဆိုတာ ငါလည်း သိပါတယ် ဒါပေမယ့် မင်းသိတယ်မလား ငါက မိုးသောက်ဝိုင်လေ ပြိုင်စံရှား မိုးသောက်ဝိုင် ...အန္တရာယ်ဆိုတာ ငါဖိတ်ခေါ်မှ ရောက်လာတာပါ ဒီကိစ္စက ဒီလောက် မဟုတ်ပါဘူးကွ ဟုတ်တယ်မလား ဒါကြောင့် မင်းစိတ်ထဲ အများကြီး မစဉ်းစားနဲ့ Don't Worry....ok..."

တည်ကြည်က ဝိုင့်စကားကြောင့် လမ်းလျှောက်နေသည့် ဝိုင့်လက်မောင်းကို လှမ်းဆွဲသည်။နှစ်ယောက်သား အထက်လမ်းဆရာမ ဆီမှပြန်လာသည့် အပြန်လမ်းတွင် ဝရုန်းသုန်းကားဖြစ်နေကြသည်။တော်သေးသည်က လမ်းသွယ်သေးသေးလေးမို့ လူသွားလူလာ မရှိပေ။

I Can Hear Your Voice (Completed)Where stories live. Discover now