I Can Hear Your Voice - 5(Z,U)

10.9K 1.4K 32
                                    


(Zawgyi)

ဝိုင့်ကို အမေးအမြန်း ဘာမှမပြုပဲ မျက်မှန်နှင့်ကောင်လေးက အခန်းထဲ ဝင်သွားလေတော့သည်။
မိုးလင်းယုန် အတန်းလာတက်သည်ပေါ့။ဝိုင့်မှာ အပျော်လုံးဆို့ပြီး ထခုန်မိမတက်။ကျောင်းရှေ့မှာမို့ တည်ငြိမ်သူ လုပ်နေရပေမယ့် လေထဲတော့ လက်သီးတစ်လုံးရအောင် ပစ်သွင်းလိုက်မိသေးသည်။နောက် ချောင်းတစ်ချက် ဟန့် လိုက်ကာ ခပ်တည်တည်နှင့် ပင် အခန်းဘေးတွင်ရှိနေသည့် ကျောင်းသားများ Toiletသို့ အလျင်အမြန်သွားလိုက်မိကာ ထိုအရှေ့မှာပင် မတ်တပ်ရပ်စောင့်နေလိုက်၏။

စိတ်တွေက ပြောမပြတတ်အောင် ခုန်နေလျက်ရှိသည်။

" ဟေ့....မင်းလား ငါ့ကို လာရှာတာ ...."

ဝိုင့် နောက်ကျောဘက်ဆီမှ လွှမ်းမိုးနိုင်စွမ်းရှိသည့် ခပ်သြသြနှင့် တည်ကြည်သည့် အသံကိုကြားလိုက်ရသည်။ဝိုင့်ကိုယ်လေး ဆတ်ခနဲ ဖြစ်သွားရသည်။မိုးလင်းယုန်၏ အသံက အတော်လေးနားထောင်လို့ ကောင်းနေတာပင်။ဝိုင် စိတ်လှုပ်ရှားစွာနှင့် မိုးလင်းယုန်ကို မျက်နှာချင်းဆိုင်လိုက်တော့သည်။

" ဟင်...."

ဘယ်သူ့ နှုတ်ဖျားက အာမေဠိတ် အသံ ထွက်လို့ သွားခဲ့သည်မသိ ၊ ဘာတွေ ဘယ်လိုဖြစ်သွားခဲ့သည် မသိပဲ မိုးလင်းယုန်နှင့် ဆုံလိုက်စဉ်ခဏပတ်ဝန်းကျင် တစ်ခုလုံး အပ်ကျသံပင် မကြားရပဲ တိတ်ဆိတ်သွားခဲ့သလို။မိုးလင်းယုန်က အသံပင် နားထောင်လို့ ကောင်းသည်မဟုတ် ရုပ်ပင်အသားကုန်ချောလေသည်။ထင်းနေသည့် မျက်ခုံး ၊ဝိုင်းစက်နေသည့် မျက်ဝန်းများ...ချွန်ထွက်နေသည့် နှာတံစင်းစင်း ၊မျက်နှာ ခပ်သွယ်သွယ်နှင့် ဂုတ်ကို ဟိုတစ်စ ဒီတစ်စ ထောက်နေသည့် ဆံနွယ် ခရမ်းပုတ်ရောင်လွင်လွင်တွေက အချိုးကျကျလိုက်ဖက်ညီစွာ နှင့် ခပ်ချောချောတစ်ယောက်ဆိုတာ ကိုပေါ်လွင်စေသည်။ဂျတ်ကတ်အနက်နှင့် ဂျင်းဘောင်းဘီအနက်ကို ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ပေါ်တွင် ခပ်ရိုးရိုး တွဲဖက်ဝတ်ဆင်ထားတာတောင်မှ သူ့ပုံစံက မြန်မာမင်းသားတွေကပင် အရှုံးပေးရလောက်သည်။

I Can Hear Your Voice (Completed)Where stories live. Discover now