အပိုင်း ၂၃

12.7K 1.5K 244
                                    

"အကိုချီရှန်း....မနက်က ကောင်လေးတယောက်
ထပ်နှောက်ယှက်ပြန်လို့ဆို......"

ချီရှန်းက စာရွက်စာတမ်းတချို့ကို
ကြည့်နေရင်းမှ ရုံးခန်းရှိ သူထိုင်နေသောစားပွဲခုံနှင့်
မလှမ်းမကမ်း ဆိုဖာပေါ်တွင်ထိုင်နေသော
ရှီးယန် အား လှမ်းကြည့်လိုက်သည်။

ချီရှန်းက မျက်လွှာကိုပြန်ချလိုက်ပြီး
စာရွက်စာတမ်းများကိုပြန်ကြည့်ကာဆိုသည်။

"ဒါတွေက ထူးဆန်းတော့တာမှမဟုတ်တာ...."

ရှီးယန်က ထိုင်နေရာမှထလာလိုက်ပြီး
ချီရှန်းအနားသို့လျောက်လာကာ စားပွဲစွန်းနားတွင်ထိုင်လိုက်သည်။

"သူ့ကို အကိုချီရှန်း တကယ်ပဲမသိဘူးလား..."

ချီရှန်းက စာရွက်အား ဆောင့်ချလိုက်ပြီး
ရှီးယန် အား မျက်လုံးလှန်ကြည့်လိုက်သည်။

"ဘာလည်း...ငါသိဖို့လိုလို့လား....
ဒါမှမဟုတ်ငါ သိသင့်တဲ့သူမလို့လား......"

"မဟုတ်ပါဘူး....ဒီအတိုင်း.....
သူက မမှတ်မိဘူးလားမေးနေတော့လေ...."

"ဘာလည်း.... မင်း.CCTV သွားကြည့်ပြန်ပြီလား...
ဘယ်အချိန်ထိ ငါ့ကိုစောင့်ကြည့်နေအုန်းမှာလည်း"

ချီရှန်းက မတ်တပ်ကောက်ရပ်လိုက်သည်။
အခန်းတဖက်က မှန်များဖြင့်ကာထားသည့်အတွက်
အပြင်ဘက်သို့ ရှင်းလင်းမြင်တွေ့နေရသည်။
သူတို့ရောက်နေသည့်အထပ်က
ကုမ္ပဏီ ၏ အထပ်နှစ်ဆယ်မြောက်တွင်ဖြစ်သည်။

ချီရှန်းက အပြင်ဘက်သို့
မျက်နှာမူလျက်ပင်

"လွန်ခဲ့တဲ့ တစ်နှစ်က ငါနိုးလာပြီး
ဘာတွေဖြစ်ပျက်ခဲ့မှန်း မသိခဲ့သလို
ငါ ကယောင်ခြောက်ခြားဖြစ်နေခဲ့တဲ့အချိန်
မင်းပဲ ကူညီပေးခဲ့တာ မဟုတ်ဘူးလား
ငါ့ဘဝအကြောင်းကိုမင်းကငါ့ထက်ပိုသိနေခဲ့တာလေ

မင်းကို ကျေးဇူးတင်တဲ့အနေနဲ့
အခုနေရာ အခုအလုပ် အခုအသိုင်းအဝိုင်းကို
ငါမရင်းနှီးပဲ ဝင်ရောက်ပေးခဲ့တယ်

အဲ့တာတွေကမလုံလောက်သေးဘူးလား
ငါ့ကို တချိန်လုံးသံသယတွေ ဝင်နေရင်
အစထဲက ဘာလို့ ငါ့ကို အဲ့ဒီမတော်တဆမှုကနေ.ကယ်ခဲ့သေးလည်း မင်းငါ့ဆီက ဘာလိုချင်လို့လည်း...."

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now