Chapter 252

1.4K 185 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၁ )

Chapter-2

ယီယွမ်က ခေါင်းညိတ်၍ ပြောဆိုလိုက်သည်။ “စိတ်ဝိညာဉ်သန့်စင်ခြင်း ကျောက်စိမ်းဆေးရည် ပမာဏကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ပြီး အနောက်ပိုင်းပန်းပွင့်အပြင် နောက်ထပ် အထောက်အကူပြု ဆေးဖက်ဝင်ပစ္စည်းတစ်ခု ဖြစ်တဲ့ အဝါဖျော့ရောင်ဘယ်ရီဥကို ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင် အဲဒါက အလွန်အမင်း
ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာလိမ့်မယ်… အဲဒါက သာမန်ကမ္ဘာငယ်လေးမှာ ယမ်းမှုန့်တီထွင်တာနဲ့ ခပ်ဆင်ဆင်တူနေတယ်…..”

ထိုစကားကိုကြား၍ ကောင်းကင်မေပယ်၏ မျက်နှာအမူအရာက အလိုအလျောက် ပြောင်းလဲသွားခဲ့၏။

ထိုသုံးမျိုးကို အတူတကွ ရောစပ်လိုက်မည်ဆိုပါက ထိုသို့သော သက်ရောက်မှုမျိုး ဖြစ်လာမည်ဟု ဤအချိ်န်မတိုင်မီအထိ ကောင်းကင်မေပယ်က မကြားဖူးခဲ့ပေ။

ဤအချိန်မတိုင်မီက သူမသိရှိခဲ့ရသော အရာကို ဤကောင်လေးက မည်သည့်အတွက် သိရှိနေရသနည်း။

ထိုသို့စဉ်းစားမိလိုက်သော အချိန်တွင် ကောင်းကင်မေပယ်က ကူရာကယ်ရာကင်းမဲ့စွာဖြင့် ထိတ်လန့်သွားခဲ့သည်။ အကယ်၍ ယီယွမ်ကသာ အငြိုးထား၍ လက်စားပြန်ချေခဲ့မည် ဆိုပါက သူ၏နေအိမ်မှာ မြေပြင်ပေါ်တွင် ပြားပြားဝပ်သွားရပေမည်။

ယီယွမ်ပြောဆိုသည်မှာ အခြေအမြစ်မရှိသော်လည်း ထိုသို့အခြေအမြစ်မရှိ ပြောဆိုလိုက်သည်နှင့် ထိုစကားများက အဓိပ္ပါယ်မရှိဟု သတ်မှတ်၍ မရနိုင်ပေ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ဆေးပညာဗဟုသုတနှင့် ပြည့်စုံခြင်းမရှိပါက အခြေအမြစ်မရှိ ပြောသောစကားမှာ ရေကိုဖမ်းထိန်းထားနိုင်မည် မဟုတ်ပေ။

ဤကောင်လေးက ထိုအရာအားလုံးကို မည်သည့်အတွက် သိရှိနေပါစေ သူ့ကိုအထင်သေး၍ မရနိုင်ပေ။

ထိုသို့တွေးတောပြီးနောက် သူ၏အထင်သေးမှုကို ဖယ်ရှားလိုက်ပြီး တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်၏။ “မင်းနာမည် ဘယ်လိုခေါ်လဲ…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now