Chapter 254

1.4K 179 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၁ )

Chapter-4

ဝမ့်ကျယ်က အထဲသို့ ကပျာကယာ ပြေးဝင်လာသည်ကို မြင်သော် ကောင်းကင်မေပယ်က စိတ်ဆိုးသွားခဲ့ပြီး မျက်နှာမသာမယာနှင့် ပြောဆိုလိုက်သည်။ "ဒီအသက်အရွယ်အထိ ရောက်နေတာကို မင်းကဘာလို့ ဒီလောက် ပျာယာခတ်နေတာလဲ... ယီယွမ်နဲ့ ငါက အခုစကားပြောနေတာကို မင်းမမြင်ဘူးလား....."

မသိလိုက်မသိဘာသာဖြင့် ကောင်းကင်မေပယ်က ယီယွမ်ကို သူနှင့်အဆင့်တူ အခြေအနေတွင် သတ်မှတ်ထားခဲ့ပြီဖြစ်၏။

"အာ... တောင်းပန်ပါတယ် ဆရာ... တပည့်လေးက အလျင်လိုနေမိသွားတယ်....." ဝမ်ကျင့်က ဂါရဝပြု၍ အလျင်အမြန် တောင်းဆိုလိုက်သည်။

ကောင်းကင်မေပယ်က သူ၏လက်ကို ခါယမ်း၍ ပြောဆိုခဲ့၏။ "ဘာကိစ္စလဲ... ဘာလို့မင်းက ဒီလောက်အထိ
ပျာယာခတ်နေရတာလဲ......"

ဝမ့်ကျယ်က စိတ်အားတက်ကြွသော မျက်နှာဖြင့် ပြောဆိုလိုက်သည်။ "ဆရာ့ကို သတင်းပို့ပါတယ်... စောစောလေးက အဖွဲ့အရှင်သခင်ကို သွားရောက်ရှာဖွေခဲ့ပါတယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရေခဲနှလုံးသားနှင်းစက်အချို့ကို တပည့်လေးတွေက ရရှိလာခဲ့တယ်လို့ အဖွဲ့အရှင်သခင်က ပြောလိုက်တဲ့အတွက် ကျွန်တော်က အဲဒါကို ယူလာခဲ့ပါပြီ....."

ကောင်းကင်မေပယ်က ထိုစကားကို ကြားသော် သူ၏ဒေါသက ပျော်ရွှင်မှုအဖြစ် အလိုအလျောက် ပြောင်းလဲသွားခဲ့ပြီး ပြောဆိုခဲ့၏။ "တကယ်လား... ကောင်းတယ်... ဆေးဖက်ဝင်ပစ္စည်းတွေအားလုံး ပြင်ဆင်ပြီးသွားပြီဆိုတော့ ဆေးလုံးကို စပြီးဖော်စပ်လိုက်ကြရအောင်...."

စောစောကလေးကမှ ယီယွမ်ဆီက အသိပညာအများအပြားကို ရရှိထားခဲ့ရာ လက်ရှိအချိန်၌ သူ၏စွမ်းရည်များကို လေ့ကျင့်လိုနေပြီဖြစ်သည်။ ထို့ပြင် သူကဆေးလုံး ဖော်မြူလာကိုပါ ရရှိခဲ့ပြီဖြစ်ရာ စမ်းသပ်လုပ်ဆောင်ကြည့်ရန် အလျင်လိုနေခဲ့ပြီဖြစ်၏။

"စိတ်ရှည်ရှည်ထားပါဦး ဆရာ... ကျွန်တော့်စကား မဆုံးသေးပါဘူး... ရေခဲနှလုံးသားနှင်းစက်က အများကြီးမရှိပာဘူး... ယီယွမ်ပြောထားခဲ့သလိုဆိုရင် အဲဒါက ဆေးဖော်စပ်မှု တစ်ခုစာအတွက်ပဲ လုံလောက်ပာတယ်....." ဝမ့်ကျယ်က ပြောပြလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now