Chapter 255

1.4K 176 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၁ )

Chapter-5

ယမန်နေ့မှစ၍ ယနေ့အထိ ကောင်းကင်မေပယ်က စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံး ဆေးအိုး၁၂အိုးကျော် ဖော်စပ်ခဲ့ပြီးဖြစ်သည်။

အဆုံးတွင်တော့ ကောင်းကင်မေပယ်က မှော်ဆေးပညာရှင်ဘုရင် တစ်ဦးသာဖြစ်၏။ အဆင့်(4) တစ်ပိုင်းအဆင့် ဆေးလုံးများကို ဖော်စပ်ရခြင်းက သူ့အတွက်အလွန် မြန်ဆန်ပေသည်။ ဆေးဖက်ဝင်ပစ္စည်းလေးစုံကို ဖြုန်းတီးပစ်ခဲ့ပြီးနော် ကောင်းကင်မေပယ်က နောက်ဆုံးတွင် စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံး ဖော်စပ်သွားနိုင်ခဲ့ပေ၏။

အမှန်တကယ်တွင် ယီယွမ်၏ ညွှန်ကြားမှုများကိုလည်း လုံးဝလျစ်လျူရှုထား၍ မရပေ။

စိတ်ဝိညာဉ်ခွန်အားအတွက် ဆေးလုံးများကို ဖော်စပ်ရခြင်းက သမားရိုးကျ ဆေးလုံးများကို ဖော်စပ်ရခြင်းနှင့် လုံးဝမတူပေ။ အကယ်၍သာ သူကယီယွမ်၏ ညွှန်ကြားပြသမှုကို မရရှိခဲ့ပါက ကောင်းကင်မေပယ်သည် ဆေးဖက်ဝင်ပစ္စည်း ဆယ်စုံကိုဖြုန်းတီးပစ်ခဲ့လျှင်ပင် စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံး ပြည့်စုံအောင် ဖော်စပ်နိုင်မည်မဟုတ်ပေ။

ဆေးလုံးမီးအိုး လေးအိုးပြီးနောက် ကောင်းကင်မေပယ်က တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့်သာ ကျရှုံးခဲ့သည်။ ဆေးလုံးမီးအိုး ဆယ်ခုပြီးနောက် သူကလုံးဝပင် ကျရှုံးခဲ့ခြင်းမရှိတော့ပေ။

“မဟာအကြီးအကဲက မှော်ဆေးပညာရှင်ဘုရင် တစ်ယောက်ဖြစ်နေတာ အမှန်တကယ် အစွမ်းထက်လွန်းပါတယ်… စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံးကို ရင်းနှီးကျွမ်းဝင်မှုရှိဖို့ ဆေးဖက်ဝင်ပစ္စည်း ၁၂စုံကျော်သာ အသုံးပြုခဲ့ရတယ်… မဟာအကြီးအကဲရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် နက်နဲခြင်းခုနှစ်ခု စိတ်ဝိညာဉ်စေ့ဆော်ခြင်းဆေးလုံး ဖော်စပ်ရာမှာ အောင်မြင်မှုရာခိုင်နှုန်းက ၆၀ ရာခိုင်နှုန်းအထက်ပဲ ဖြစ်လိမ့်မယ်…..”

ယီယွမ်က လျှို့ ဝှက်၍ မသိလိုက်မသိဘာသာ မြှောက်ပင့်ပြောဆိုလိုက်ခြင်း ဖြစ်သော်လည်း ကောင်းကင်မေပယ်၏ မျက်နှာက နီရဲသွားခဲ့၏။ “ငါက မှော်ဆေးပညာရှင်ဘုရင် အဆင့်နဲ့ ကိုက်ညီသင့်တော်မှု မရှိတဲ့လူ တစ်ယောက်ပါ… မင်းရဲ့ ဆရာ့ဆီက ဆေးလုံးဖော်စပ်ခြင်း နည်းလမ်းနဲ့ သူ့ရဲ့အတွေ့အကြုံတွေကို မင်းဆီလွှဲပြောင်းပေးခဲ့တာကြောင့် မဟုတ်ခဲ့ဘူးဆိုရင် ငါကဒီဆေးလုံးကို ဒီလောက်မြန်မြန် နားလည်သဘောပေါက်သွားမှာ မဟုတ်ပါဘူး…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now