Chapter 259

1.4K 168 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၁ )

Chapter-9

ရှောက်ယွင်က ဆေးလုံးခန်းမ အကြီးအကဲများတွင် အဆင့်(5) ပုဂ္ဂိုလ်ဖြစ်သည်။ ယမန်နှစ်ကမှ အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်ဘုရင် တစ်ပိုင်းအဆင့်သို့ သူကတက်ရောက်သွားခဲ့၏။

ဆေးလုံးခန်းမ၏ အဆင့်မြင့်တက်မှုက သူ၏ဘဝတွင် အရေးအကြီးဆုံး အချက်ဖြစ်သလိုပင် ဆေးလုံးခန်းမတွင် သူ၏အဆင့်အတန်းကလည်း အလွန်မြင့်မားပေသည်။ ထို့်ပြင် နောက်တက်လာမည့် ဆေးလုံးခန်းမ ခန်းမခေါင်းဆောင်အဖြစ် လျာထားခြင်းခံရသောသူများတွင် တစ်ယောက်အပါအဝင် ဖြစ်၏။

နှိုင်းယှဉ်ကြည့်ရမည်ဆိုပါက ယောင်ချမ်က ဆေးလုံးခန်းမ အကြီးအကဲဖြစ်သော်လည်း အကြီးအကဲအုပ်စုတွင် နောက်ဆုံးအဆင့်၌သာ ရှိနေကြသောသူဖြစ်၍ လက်တိုလက်တောင်း ကိစ္စများကိုသာ လုပ်ဆောင်ရပေသည်။

ထိုသို့မဟုတ်ပါက ယောင်ချမ်ကို ချင်နိုင်ငံသို့ တမန်တော်တစ်ဦးအဖြစ် စေလွှတ်ခြင်းခံရမည် မဟုတ်ပေ။

သူ၏အသက်က အိုမင်းနေပြီဖြစ်ပြီး ကျင့်စဉ်နယ်ပယ်ကလည်း နိမ့်ကျနေသည့်အပြင် ဤဘဝတွင် သူ၏စွမ်းဆောင်နိုင်သမျှ အကန့်အသတ်အထိ ရောက်ရှိခဲ့ပြီးဖြစ်၍ နောက်ထပ် အဆင့်ချိုးဖျက်တက်ရောက်ရန် ခက်ခဲနေခဲ့ပြီ ဖြစ်၏။

အသစ်ဖြစ်ပေါ်လာသည့် အင်အားစုကို ကိုယ်စားပြုသည့်အနေဖြင့် ရှောက်ယွင်က ယီယွမ်ကို အမည်ခံအကြီးအကဲ ရာထူးပေးအပ်ခြင်းအား လိုလားမှုမရှိဆုံးသူတစ်ယောက် ဖြစ်သည်။

အိုးရန်ယု၏ရှေ့တွင် ရှောက်ယွင်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သောသူ ဖြစ်ပေ၏။

အိုးရန်ယုက မည်သည့်စကားကိုမှ မပြောဆိုဘဲ ထွက်ခွာသွားခဲ့သည်။ ထိုအရာက ယီယွမ်ကို ဆက်သွယ်ပြီး အကြံဥာဏ်ယူကြရမည်ဆိုသော အချက်ကို အိုးရန်ယုက သဘောတူသွားခဲ့သည်မှာ သိသာနေခဲ့၏။

အပြင်းအထန် ကန့်ကွက်ခဲ့သော အကြီးအကဲအနည်းငယ်က ခေါင်းချင်းဆိုင်၍ တိုင်ပင်လိုက်ကြသည်။ နောက်ဆုံးတွင် ရှောက်ယွင်က ရှေ့ဆုံးမှထွက်ရပ်၍ ယီယွမ်ကို စိန်ခေါ်ရန် တာဝန်ယူခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now