Chapter 268

1.5K 167 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၂ )

Chapter-4

ယီယွမ်က ထိုသို့ပြောလိုက်ရာတွင် နန်ဖိန်လျှိုချင်နှင့် နန်ဖိန်ဇီရိုတို့၏ ဆံပင်များက ထောင်မတ်သွားခဲ့ပေသည်။

အဆုံးမဲ့ကမ္ဘာကြီး၏ ခွန်အားအကြီးဆုံး ပုဂ္ဂိုလ်ကြီးဆိုသည်မှာ မည်ကဲ့သို့သော အရာမျိုးဖြစ်သနည်း။

သူတို့၏ လက်ရှိ ကျင့်စဉ်နယ်ပယ်ဖြင့်ဆိုပါက ထိုအရာမှာ မျှော်လင့်၍ မရနိုင်သည့်အရာတစ်ခု ဖြစ်ပေ၏။

“အဆုံးမဲ့ကမ္ဘာကြီးရဲ့ ခွန်အားအကြီးဆုံး ပုဂ္ဂိုလ်ကြီး ဟုတ်လား… မင်းက တကယ်ပဲ အဲဒီလိုပြောရဲတယ်ပေါ့…..” အေးစက်စက် လှောင်ပြောင်သံတစ်ခုက ဘေးမှထွက်ပေါ်လာခဲ့သည်။

ယီယွမ်က ထိုနေရာသို့ ကြည့်လိုက်သောအခါ ကျောက်စိမ်းကဲ့သို့ ကြည်လင်ချောမွေ့နေသော အသားအရေဖြင့် ချောမောလှသည့် မျက်နှာနှင့် အသက် ၁၈နှစ် ၁၉နှစ်အရွယ် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုလူငယ်လေးမှာ မည်သည့်အရာမှ လုပ်စရာမရှိသော ထျန်းယွီပင် ဖြစ်ပေသည်။

သူက အကြီးအကဲဖန်းဆီမှ ထွက်လာခဲ့ပြီးနောက် ကောင်းကင်ဘုံကိုးခု လျှောက်လမ်းကို ကျော်ဖြတ်နိုင်ခဲ့သည့် လောင်ထန်ကို လာရောက်ကြည့်ရှုရန် သူကဆုံးဖြတ်ခဲ့၏။ သို့သော် သူရောက်ရောက်ချင်း ယီယွမ်ဆီမှ အခြေအမြစ်မရှိသော စကားကို ကြားလိုက်ရမည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။

ယီယွမ်က ပြုံးရုံသာ ပြုံးလိုက်ပြီး ဖြေရှင်းချက် တစ်စုံတစ်ရာမှပင် မပေးခဲ့ပေ။ “ဟားဟား… ဒီစီနီယာအစ်ကိုက အဲဒါကို ဟာသတစ်ခုအဖြစ်ပဲ သတ်မှတ်လိုက်လေ…..”

ယီယွမ်က ထိုသို့ပြောဆိုလိုက်သည့်အတွက် ထျန်းယွီက အမှန်တကယ်ပင် စကားပြန်မပြောနိုင်ခဲ့တော့ပေ။

အဆုံးမဲ့ကမ္ဘာကြီး၏ ခွန်အားအကြီးဆုံး ပုဂ္ဂိုလ်ကြီးဖြစ်လာရန်မှာ သိုင်းပညာရှင်အားလုံး၏ ဘဝတစ်ခုလုံး ရည်မှန်းထားကြသည့် ရည်ရွယ်ချက်တစ်ခု ဖြစ်ပေသည်။ ယီယွမ်၏ ခန့်မှန်းပြောဆိုခဲ့မှုက အတော်ကလေး လွန်ကဲနေခဲ့သော်လည်း အမှန်တကယ်တွင်မူ ထိုအရာက အရေးကြီးသော အကြောင်းအရာများကို ထိခိုက်မှု မရှိစေနိုင်ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now