Chapter 269

1.8K 191 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၂ )

Chapter-5

အန္တိမအစစ်အမှန်အသိ ဆိုသည်မှာ အစစ်အမှန်အသိထက် ပို၍အဆင့်မြင့်သော အရာတစ်ခုဖြစ်သည်။

ဂျိချင်ယွင်ကဲ့သို့သော ဆေးလုံးများကို လမ်းခင်း၍ လျှောက်လှမ်းလာခဲ့သည့် ဒီဗိုင်းဘုရင်တစ်ဦးမှ လွဲ၍ ဒီဗိုင်းဘုရင်အားလုံးတွင် သူတို့၏ကိုယ်ပိုင် အန္တိမအစစ်အမှန်အသိ ပိုင်ဆိုင်ထားကြပေ၏။

အချို့သော ဒီဗိုင်းဘုရင်များတွင် အန္တိမအစစ်အမှန်အသိ တစ်ခုထက်ပို၍ ရှိတတ်ကြပေသည်။ ဥပမာအားဖြင့် ဝိညာဉ်ဘရစ်စတယ် ဒီဗိုင်းဘုရင်ဖြစ်ပေ၏။ သူတစ်ယောက်တည်းကပင် အန္တိမအစစ်အမှန်အသိ လေးမျိုးကို နားလည်ထားခဲ့သည်။

ထိုအန္တိမအစစ်အမှန်အသိ လေးမျိုးကို ဝိညာဉ်ဘရစ်စတယ် ယန်ကိုးမျိုးသိုင်းပညာရပ်မှ နားလည်ရရှိလာခဲ့ခြင်း ဖြစ်၏။

သို့ဖြစ်၍ သူက ကောင်းကင်ဘုံကို နေကိုးစင်းလောင်ကျွမ်းခြင်း သိုင်းကွက်ကို ထုတ်ဖော်ရာတွင် ထိုသိုင်းကွက်၏ စွမ်းအားက မျှော်မှန်းထားခြင်း မရှိလောက်အောင် မြင့်မားနေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် လက်ရှိအချိန်တွင် ယီယွမ်က အန္တိမအစစ်အမှန်အသိ တစ်ခုကိုပင် နှံ့စပ်အောင် နားလည်နိုင်စွမ်း မရှိသေးပေ။ ထိုအရာမှတစ်ဆင့် သူနှင့် ထိုထိပ်တန်းအဆင့် ဒီဗိုင်းဘုရင်များ အကြားမှ ကွာခြားချက်က မည်မျှကြီးမားသည်ကို အထင်းသားတွေ့မြင်နိုင်ပေ၏။

သို့ရာတွင် ယီယွမ်က သိုင်းပညာလမ်းကြောင်းကို ပြန်လည်လျှောက်လှမ်းချိန်တွင် အန္တိမအစစ်အမှန်အသိ၏ အခြေခံအဆင့်ကို နားလည်နိုင်ခဲ့သည်မှာ အလွန်အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။

သိရှိရမည့်အချက်မှာ သူ၏ယခင်ဘဝ၌ အန္တိမအစစ်အမှန်အသိ၏ အငွေ့အသက်အနည်းငယ်မျှ ကိုပင်နားမလည်နိုင်ခဲ့ပေ။

ဤအချက်ကို ကြည့်လျှင် သူက အဆုံးမဲ့ကမ္ဘာကြီးမှ အခြားသိုင်းပညာရှင်များနှင့် ကွာခြားခြင်းမရှိပေ။ ချီစွမ်းအင်နယ်ပယ်တွင် အန္တိမအစစ်အမှန်အသိ၏ အခြေခံအဆင့်ကို နားလည်နိုင်ခဲ့ခြင်းမှာ သူ၏မွန်းစတားဆန်သော နားလည်သဘောပေါက်နိုင်စွမ်းကြောင့်သာ ဖြစ်ပေ၏။ 

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now