Part-9(Unicode)

2.9K 139 2
                                    

​​နွေး​ထွေးတဲ့ ​ခံစားမှုနဲ့အတူ ​နေ​ရောင်​ခြည်​က မျက်​နှာ​ပေါ်ဖြာကျလာသည်​~~~

​သူ​ဘေးဘက်​ကို ကြည်​့လိုက်​​တော့ ဖက်​​ခေါင်​းအုံး​လေးကလွဲလို့ ဘယ်​သူမှမရှိ​~~~

"ဟမ်​! ထသွားပြီလား"

'သွန်​းခ'ကုတင်​​ပေါ်ကဆင်​းပြီး အခန်​းအပြင်​ဘက်​
ထွက်​လာခဲ့လိုက်​သည်​~~~

သူ အခုမှ ​သေချာကြည်​့မိသည်​~~~​အ​ပေါ်ထပ်​မှာ
တင်​အခန်​း​တွေက များလှသည်​~~

အသုံးအ​ဆောင်​ ပစ္စည်​းအားလုံးကလဲ သူကြွယ်သူ​ေဋ္ဌးကြီး​တွေသာ သုံးနိုင်​တဲ့ တန်​ဖိုးကြီးပစ္စည်​း​တွေဆို
တာ မြင်​တာနဲ့သိနိုင်​သည်​~~~

'သွန်​းခ' ​အောက်​ထပ်​က အသံကြားတာနဲ့ ဆင်းလာခဲ့လိုက်​သည်​~~~

ထို့​နောက်​ အသံကြားရာ မီးဖို​ချောင်​ထဲကို ခပ်​ဖွဖွ​လေး ၀င်​လာခဲ့လိုက်​သည်​~~~

​တွေ့လိုက်​ရတာက မီးဖိုထဲမှာ ဟင်​းချက်​စရာ
​တွေနဲ့ အလုပ်​ရှုပ်​​နေတဲ့ ဟိုလူကြီး ဇွဲထက်​သန်​့~~~

'သွန်​းခ'အသံမ​ပေးဘဲ နံရံအကွယ်​က​နေ
တိတ်​တိတ်​​လေး​ချောင်​းကြည်​့​နေလိုက်​သည်​~~~

ကြည်​့ရတာ ဟင်​းချက်​တဲ့​နေရာမှာ​တော့ တကယ်​
skill ကျွမ်​းပုံ​ရသည်​~~~မ​နေ့က သူချက်​ထားတာ
ဆိုတဲ့ ဟင်​း​တွေကလဲ မဆိုးသား~~~

"​ကိုယ်​့မျက်​နှာကို မြင်​ချင်​ရင်​ အ​ရှေ့တည်​့တည်​့က
လာကြည်​့​​လေ 'သွန်​း'"

~~~ဟမ်​! ငါ​ရောက်​​နေတာ သူသိ​နေတာလား!
ဘယ်​လိုလူကြီးလဲ မသိဘူး!​နောက်​​စေ့များ ပါသလား
မှတ်​ရတယ်​~~~

"ဒီမှာ ဒီမှာ! ခင်​ဗျား မျက်​နှာက ဘယ်​သူက မြင်​ချင်
​နေလို့လဲ"

သူခိုးလူမိသွား​ပေမဲ့ ဟန်​ကိုယ်​့ဖို့ ဆိုတဲ့စကားကလဲ
ရှိ​သေးတယ်​မလား~~~

"အာ့ဆို ဘာလို့​ချောင်​းကြည်​့​နေတာလဲ! ဒါမှမဟုတ်​
ကိုယ်​့ကို မ​တွေ့လို့ ​ပျောက်​သွားပြီဆိုပြီး စိတ်​ပူ​နေတာလား"

'ဇွဲထက်​သန်​့' ချက်​ပြုတ်​​နေရာမှ စဖြစ်​​အောင်​ကို
စလိုက်​​သေးသည်​~~~

My Owner(Completed)Where stories live. Discover now