I Can Hear Your Voice-9(Z,U)

10K 1.3K 30
                                    


(Zawgyi)

ဝိုင် ဒီနေ့လည်း ဘာမှလုပ်စရာမရှိသဖြင့် အိမ်ထဲမှာသာ အချိန်ကုန်နေမိသည်။အကူအညီပေးစရာမရှိတာ ဒီနေ့ဆို တစ်ပတ်မြောက်တိတိပြည့်ပြီပင်ဖြစ်သည်။

ဒီလိုကြတော့လည်း တစ်ယောက်တည်း မနေတတ်သူအဖို့ သေမတတ် ပျင်းဖို့ကောင်းနေတာပင်။

ကူညီခဲ့ဖူးတာတွေကိုလည်း မေ့မေ့ပျောက်ပျောက်နှင့်သာ...။

သို့ပေမယ့် တစ်ခုတော့ရှိသည်။အိမ်ထဲမှာနေပြီး အငွေ့အသက် တစ်စုံတစ်ရာမကောင်းတာဖြစ်သည်။

တစ်ခုခုရှိနေသည်ဆိုတာကို ဝိုင့် မသိစိတ်ကနေ ခံစားမိနေပြီး ထိုတစ်စုံတစ်ရာကို ဖမ်းဆုပ်ကိုင်ဖို့ရာ ဝိုင်တတ်နိုင်သည့် အားမရှိပါချေ....။တစ်စုံတစ်ယောက် က ဝိုင်နှင့်အတူ တိုက်ခန်းထဲတွင် ရှိနေခြင်းဖြစ်သည်။

ဘယ်ကနေ စပြီး သတိထားမိလာသလဲဆို ဝိုင် အိပ်ယာဝင်ခါနီးတိုင်း ဘာမှန်းမသိသည့် ထိုဂြိုလ်သားက အသံပေးတတ်လို့ပဲဖြစ်၏။

ညည်းသံတွေ၊ရယ်သံတွေ၊ငိုသံတွေ မဟုတ်...လှိုင်လှိုင်တက်လာသည့် ပုပ်အံ့အံ့ အနံ့ဆိုးတွေမဟုတ် ထူးဆန်းစွာ ကြားရသည်က မီးဖိုခန်းထဲမှ ရေပိုက်ခေါင်း ရေကျသံဖြစ်သည်။

တည်ကြည်ပဲ မပိတ်ပဲ မေ့ခဲ့သည်ဟုချည်း ထင်မှတ်ခဲ့မိတာ ရေကျသံတွေ ရက်ဆက်လာသည့် အခါမှာတော့ ဝိုင် သတိထားမိခဲ့သည်။

တစ်စုံတစ်ယောက်က ထိုရေပိုက်ခေါင်းကို လက်ဆော့နေခြင်းပင်။ဝိုင်လည်းမဟုတ် တည်ကြည်လည်း မဟုတ်။ဒါဆို မည်သူဖြစ်နိုင်သနည်း။သေချာတာ တစ်ခုက ဝိုင်တို့မမြင်နိုင်သည့်အရာပင်။

အန္တရာယ်ပေးခြင်းလည်းမရှိ၊အကူအညီတောင်းရန်လည်းမဟုတ် ဒီအတိုင်းတွယ်ကပ်နေသည်ဆိုတော့ နေစရာမရှိလို့ပေများလား ဆိုသည့် ခပ်ကြောင်ကြောင်အတွေးက ဝင်လာခဲ့မိသေးတာ။

ဆိုးရွားလွန်းသည်က တစ်ရက်ထက်တစ်ရက် အမည်တပ်ဖို့ခဲယဉ်းသည့် အဲ့ဒီ့ဟာ တည်ရှိနေခြင်းကို ဝိုင်ရဲ့ အသိစိတ်ကရော မသိစိတ်ကပါ ခံစားမိလာခြင်းဖြစ်သည်။နေရာ အတိအကျမသိသော်ငြား အခန်းထဲတွင်ရှိနေသလို၊ဝိုင့် အိပ်ခန်းတွင်း ရှိနေသလို ထိုသို့သော ခံစားချက်ပေါင်းစုံကို ခံစားမိလာခြင်းဖြစ်သည်။

I Can Hear Your Voice (Completed)Where stories live. Discover now