Chapter - 22

42.1K 3.6K 34
                                    

(Unicode)

မနက်မိုးလင်းတိုင်း ချစ်ရသူ၏ မျက်နှာကို မြင်ပြီး နိုးကြားခြင်းသည် မြတ်သော မင်္ဂလာမည်၏ဟု မြတ်စွာဘုရား ဟောကြားခဲ့သင့်သည်။ ဒီဂရီအနည်းငယ်မော့ရုံမျှဖြင့်မြင်နိုင်နေသော ခန့်တည်၏မေးဖျားလေးသည် သူ့ကမ္ဘာတွင် အလှပဆုံးဖြစ်တည်မှု မည်၏။

အတွေးတို့ကား ပျံ့လွင့်လျက်။ သို့သော် ခန့်တည်အတွက် မနက်စာချက်ရန်ထရမည်။ ကောင်ငယ်လေးက ဒီရက်ပိုင်း စိတ်ဖိစီးစရာများ၍ ပိန်သွားသယောင်ယောင်။ ခါးတွင်ဖက်တွယ်ထားသော ခန့်တည်၏လက်ကို ဘေးချရသည်။ ဘေးခုံတွင် တင်ထားသော နွားနို့ခွက်သည် ညကသောက်ပြီးမဆေးရသေးသော ခွက်။

လှမ်းယူကာ ခြေထောက်အချ ခြေထောက်တို့တွင် အားမရှိသလိုခံစားရကာ အလဲလဲအပြိုပြို ပြုတ်ကျတော့သည်။

"ခွမ်း"

"ဟင် ဟာ အစ်ကိုဘာဖြစ်တာလဲ"

ခန့်တည်က အိပ်နေရာမှ နိုးကာ သူရှိရာသို့ ခြေလှမ်းလာသည်။

"မလာနဲ့၊ ခန့်တည် ဖန်ကွဲစတွေနဲ့"

"ရတယ် ခဏလေးစောင့်၊ မထိနဲ့ အဲ့ဒါတွေကို"

ခန့်တည်က နောက်ဖေးပြေးကာ ဂေါ်ပြားနှင့် တံမြက်စည်းပြေးယူသည်။ ထို့နောက် ရှင်းလင်းရေးလုပ်ရသည်။

"အစ်ကိုရယ် နောက်ဆိုသတိထား၊ ကျွန်တော်သာနိုးမလာရင် ဖန်ကွဲစရှတော့မှာပဲ"

"ရပါတယ်ဆိုနေ၊ ခန့်တည်မရှိလည်း အစ်ကိုဒီလောက်တော့ လုပ်နိုင်နေတာကို"

ပြောရင်းနဲ့ ခြေထောက်ကို အားယူကာထရသည်။ ရုတ်တရက်ကြီး ဘာဖြစ်သွားမှန်းကိုမသိ။

                             ~~~~~~

ခန့်တည်အား မနက်စာကျွေးပြီး ရုံးလွှတ်တော့ မနက် ဆယ်နာရီခန့်။ Baymax နှင့်လမ်းတစ်ပတ်လျှောက်ကာ ပြန်တက်လာတော့ တိုက်ခန်းရှေ့တွင် စောင့်နေသော မင်းညီကို တွေ့ရသည်။

"မင်းညီ၊ ရောက်နေလည်း ဖုန်းဆက်တာမဟုတ်ဘူး မင်းကလည်း"

"ပြောနေသေးတယ်၊ မင်းဖုန်းက အာကာ့အိမ်မှာ ကျန်နေခဲ့တယ်လေ"

Rhyme Made Of Love (Completed)Where stories live. Discover now