ရာစုသစ်အောက်ထပ်သို့အပြေးဆင်းလာလေသည်။နောက်မှငယ်လေးပါပါလာသည်။လှေကားရင်းတည့်တည့်တွင်ရပ်နေသောငယ်လေးမေမေ့ကိုတွေ့လိုက်ရတော့ရာ့ခြေလှမ်းကလေးရပ်သွားသည်။ထိုချိန်နောက်မှငယ်လေးမှရာ့လက်မောင်းကလေးကိုရိုက်လိုက်ရင်းလိုက်ပြီးလက်ကလေးနှင့်ချိတ်လိုက်ရင်း
"ကဲ..ဘယ်ပြေးမလဲ....''
"သမီး....''
"ဟင်...မေမေ......''
မေမေ့ကိုမြင်တော့ငယ်လေးလက်ကလေးကိုပြန်ဖြုတ်ချလိုက်သည်။"သမီးလေးနှယ် ဧည့်သည်ကိုအနိုင်ကျင့်နေတာလား...ကလေးကျနေတာပဲ....''
"မဟုတ်ပါဘူးအန်တီရယ် ကျတော်ကငယ်လေးကိုစလိုက်လို့ပါ....''
"ဟုတ်ပါပြီကွယ် အန်တီကသမီးလေးတို့မနိုးသေးဘူးလားလို့.....ကဲကဲ နှစ်ယောက်လုံးမျက်နှာသွားသစ်ချေ....''
"ဟုတ်....''
နှစ်ယောက်သားကုပ်ကုပ်လေးထွက်သွားရန်ပြင်ပြီးမှ"ငယ်လေး....''
"ရှင်မေမေ...''
"သမီးလည်ပင်းမှာနီနေတာပဲ ဘာကောင်ကိုက်သွားတာလဲ....''
ထိုခါမှငယ်လေးမိမိလည်ပင်းမှရာ့ရဲ့အကြင်နာအမှတ်အသားကလေးကိုလက်ကလေးနှင့်ဖုံးလိုက်ရင်း
"ဟို...ခြင်မကြီးကိုက်သွားတာနေမယ်မေမေ...ခနနေပျောက်သွားမယ်ထင်တယ်.....''
"ခြင်မကြီး...ခြင်ထောင်ထောင်အိပ်မှပေါ့သမီးလေးရယ် သွေးလွန်တုပ်ကွေးဖြစ်နေကြတာကို သွားသွားသွား....''
"ဟုတ်...ဘာလုပ်နေတာလဲလာ....''
ရာ့ကိုဟောက်ပြီးအတင်းလက်ကဆွဲခေါ်သွားသောငယ်လေးကိုကြည့်ကာဒေါ်ခင်မြင့်ခေါင်းလေးရမ်းလိုက်သည်။
"မညာတတ်ပဲဘာလို့ညာနေရတာလဲသမီးရယ်.....''
တစ်ယောက်ထဲတီးတိုးပြောလိုက်ပြီးတဲ့နောက်...မောဟိုက်ကာအောင့်တက်လာသောနှလုံးကြောင့်ရင်ဘတ်ကိုလက်ကလေးနှင့်အသာဖိရင်း နာကျင်မှုကိုမသိကျိုးနွံပြုထားလိုက်သည်။မေမေလဲစိတ်မကောင်းပါဘူးသမီးရယ်...
ဒေါ်ခင်မြင့်တစ်ယောက်ပြန်အလှည့်တွင်မိုက်ခနဲဖြစ်ကာခန္ဓာကိုယ်တစ်ချက်ယိုင်သွားသည်။