I Can Hear Your Voice-13(Z,U)

9K 1.2K 34
                                    

(Zawgyi)

" ဟေ့ ထတော့...."

ဝိုင် မျက်နှာဆီ ရိုက်ခတ်လာသောအေးမြသည့်ခံစားမှု.....။
လူးလွင့်သွားခဲ့သည့် မျက်တောင်ရှည်တို့နှင့်အတူ နားနားကပ်ကာ ပြောလိုက်သည့် ခပ်သြသြအသံကြောင့် အိပ်ပျော်နေရာမှ ချက်ချင်းငုတ်တုတ်ထထိုင်လိုက်မိသည်။ဝိုင့်မျက်နှာပေါ်သို့ ဟူးခနဲ မှုတ်ထုတ်ရုံလေး မှုတ်ကာပြောလိုက်လေခြင်းဖြစ်မည်...။ကြက်သီးတွေခဏချင်းပင် ထလာခဲ့ကာ အသည်းတယားယား ခံစားမှုကြီးကိုခံစားလိုက်ရ၏။

အိပ်ချင်နေသည့် အာရုံတွေတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့သည်။

" မင်း....ငါ့အခန်းထဲဘာဝင်လုပ်နေတာလဲ..."
ဝိုင် မျက်မှောင်ကြုတ်ကာမေးမိသည်။ဒီကောင် ဝိုင့်အခန်းထဲနေနေကြပေမယ့် အခုကမတူတော့။ကုတင်ပေါ်ထိတောင်ရောက်လာနေပြီမို့ စိတ်ကနည်းနည်းတော့ တိုချင်သည်။

အခွင့်အရေးပေးတော့အကမ်းတတ်လာသည်ဟု ဆိုရမလား။ကုတင်ပေါ်ကြီးထိ တက်လာပြီး မထိတထိ လာစနေသည်ကိုတော့ ဝိုင် မနှစ်သက်ပါလေ။

" မင်းကို ဝင်နိုးနေတာလေ....အချိန်လည်းကြည့်ဦး...နေတောင် မင်း ခေါင်းတည့်တည့်ရောက်နေပြီ...ငါလည်း အတော်ပျင်းနေပြီ..."

သက်ပြင်းခပ်သဲ့သဲ့ချမိရင်း ကုတင်ပေါ်က ဆင်းမိသည်။လက်စသတ်တော့ ဒင်းက ပျင်းလို့ ဝိုင့် အခန်းထဲရောက်လာနေသည်ပဲ။

ဝိုင်ရေချိုးခန်းထဲ ဝင်လာတော့ အနောက်ကတကောက်ကောက် လိုက်နေသည်ကို ခံစားမိသည်။ဒီကောင် ဝိုင့်အပေါ် တွယ်တာလွန်းသည်ပဲ။

ဝိုင်လည်းပဲ သူစိမ်းတစ်ယောက်ကို ပထမဦးဆုံးရင်ဘတ်ထဲ ထည့်ခဲ့ခြင်းဖြစ်၏။အချိန်ကြာလာလေလေ ဒေးဘတ်က ဝိုင့်အတွက် အဓိပ္ပါယ်ရှိသည့် လူတစ်ယောက်ဖြစ်လာလေလေဖြစ်သည်။

ဒေးဘတ်က ဝိုင်မမြင်ရ၊မထိတွေ့ရသော်ငြား ရင်ထဲတိုးဝင်လာသည့် သံယောစဉ်အမျဉ်တန်းလေးတစ်ခုပင်။

" မင်းသူငယ်ချင်းတောင်...ကျောင်းသွားပြီ..."

ပြောကလည်းပြောချင် မပြောလည်းမပြောရဲသည့် အသံမျိုး။တိမ်ဝင်သွားသည့်အသံနှင့် ဒေးဘတ် ပြောလာသည်။

I Can Hear Your Voice (Completed)Where stories live. Discover now