.. ၇၃ ..
17.3K 2.1K 131
《Zawgyi》
အပိုင်း - ၇၃
[ညီမလေးလား ချစ်သူလား? - ၁]
ညဘက်ရောက်လာတော့ မြို့တော်ရှိ မီးရောင်စုံတို့သည် အမှောင်ထုထဲမှ တောက်တောက်ပပ ထွန်းလင်းလို့လာချေ၏။
အထူးသဖြင့် ချန်းစံအိမ်တော်ကြီးဟာတော့ ဘိုးဘိုးချန်း၏ မွေးနေ့ပွဲ ကျင်းပနေခြင်းကြောင့် နေ့ခင်းဘက်အလားပင် လင်းထိန်တောက်ပနေသည်။ ကျယ်ဝန်းတောက်ပနေသော ဧည့်ခံပွဲကျင်းပရာ အခန်းကျယ်ကြီးထဲတွင် ဝမ်ယဉ်းလင်နှင့် အန်တီစွန်းတို့မှာ တက်ရောက်လာကြသည့် ဧည့်သည်များအား နှုတ်ဆက်နေကြရင်းဖြင့် အလုပ်များနေကြလျက် ထိုအခန်း၏ အပေါ်ထပ်တွင်တော့ ဘိုးဘိုးချန်းနှင့် ချန်းစီနျန်၏ဖခင်ဖြစ်သူ ချန်းအန်းတို့မှာ မတွေ့ရတာ ကြာပြီဖြစ်သည့် မိတ်ဆွေဟောင်းများနှင့် ဆုံတွေ့နေကြသည်။
ခမ်းနားကြီးကျယ်လှသော ဧည့်ခန်းမဆောင်ကြီးမှာ ဧည့်သည်တော်များဖြင့် ရောနှောပြည့်နှက်နေ၏။ ဤသည်မှာ တကယ့်ကို ခမ်းနားလှသည့် ပြယုဂ်တစ်ခုပင် ဖြစ်လေသည်။
သူတို့ရဲ့ ဧည့်သည်တော်တွေအား အချိန်အနည်းငယ်ကြာအောင် ဧည့်ခံနေပြီးသည့်နောက်တွင် ဝမ်ယဉ်းလင်ဟာ ချန်းစီနျန်ကို ရှာကြည့်မိသည်။ သူ့ကို ခေါ်လိုက်တော့မလို့ပြင်နေစဉ်မှာပဲ ချန်းစီနျန်က ဝမ်ယဉ်းလင်ရဲ့ နောက်တွင် ရုတ်တရက် ရောက်လာသည်။
သူက တစ်နေ့တာ အလုပ်တွေ ပြီးသွားတဲ့အခါမှာ ချက်ချင်းပဲ ပြန်လာခဲ့တာ ဖြစ်၏။ မိသားစုနှင့် အတော်လေး ရင်းနှီးသိကျွမ်းသော အသက်ကြီးသည့် လက်တစ်ဆုပ်စာ ဧည့်သည်များအား နှုတ်ဆက်ပြီးသည့်နောက် သူက ဝမ်ယဉ်းလင်ထံသို့ ဦးတည်သွားလိုက်သည်။ "မား ... ပါးနဲ့ အဘိုးက ဘယ်မှာလဲ?" ဟု သူက မေးလိုက်၏။
ဝမ်ယဉ်းလင်က အပေါ်ထပ်သို့ ခေါင်းမော့ပြလျက် "ဒုတိယထပ်မှာ မင်းရဲ့ ဦးလေးနဲ့ စကားပြောနေကြလေရဲ့"
"ကောင်းပါပြီ" ချန်းစီနျန်က ပြန်ထွက်သွားတော့မယ့် အခါမှာ ဝမ်ယဉ်းလင်က သူ့ကို ပြန်ဆွဲထားလိုက်ပြီး "သားက တစ်နေ့လုံး အလုပ်မှာနေခဲ့တာ .. အရင်ဆုံး အဝတ်အစား သွားလဲလိုက်အုန်း ... ပြီးမှ သားအဘိုးကို သွားတွေ့လေ ဘာလို့လဲဆိုတော့ မာမားက အရေးကြီးတဲ့ ကိစ္စတစ်ခုကို ကြေညာစရာရှိတယ်" သူမက အဓိပ္ပါယ်ပါပါပြုံးလျက် သူမရဲ့သားကို ကြီးကျယ်လှသော သတင်းအပေါ် ပဟေဠိဖွက်နေတော့၏။